• Follow Us on
Latest News

Home နေတိုးအဖွဲ့၏ အေဝပ်လေယာဉ်အစားထိုးနိုင်ရေး ကုမ္ပဏီကိုးခု ပူးပေါင်းလေ့လာမည်

နေတိုးအဖွဲ့၏ အေဝပ်လေယာဉ်အစားထိုးနိုင်ရေး ကုမ္ပဏီကိုးခု ပူးပေါင်းလေ့လာမည်

Share this post

နိုင်ငံတကာ၊ နိုဝင်ဘာ ၁၀ (People Media)

 

နေတိုးအဖွဲ့လက်ရှိအသုံးပြုနေသော လေကြောင်းကြိုတင်အချက်ပေးနှင့် ထိန်းချုပ်ရေးစနစ် (Airborne Warning and Control System – AWACS) အေဝပ်ကင်းထောက်လေယာဉ်သည် ၂၀၃၅ ခုနှစ်တွင် သက် တမ်းကုန်ဆုံးတော့မည်ဖြစ်သဖြင့် အဆိုပါအေဝပ်လေယာဉ်ကိုအစားထိုးနိုင်ရေးအတွက် ဖြစ်နိုင်ခြေလေ့လာမှု များ ပူးပေါင်းဆောင်ရွက်ရန် ပုဂ္ဂလိကကုမ္ပဏီ ကိုးခုသည် တရားဝင်အဖွဲ့အစည်းတစ်ရပ်ထူထောင်လိုက်သည်။

 

နေတိုးအဖွဲ့၏ အနာဂတ်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ထိန်းချုပ်ရေးစနစ် အစိတ်အပိုင်းတစ်ရပ်ဖြစ်သော အ ဆင့်မြင့်နယ်ပယ်အားလုံးကြံံ့ကြံ့ခံနိုင်သောစစ်ဆင်ရေးများအဖွဲ့ (Advanced All-domain Resilient Operations – ASPAARO) က အနာဂတ်ကာလခြိမ်းခြောက်မှုများကို ကိုင်တွယ်ဖြေရှင်းနိုင်ရန် “ပြိုင်ဘက်ကင်း သောကျွမ်းကျင်မှုများနှင့် စွမ်းရည်များပေါင်းစပ်ထားသော အစီအစဉ်တစ်ရပ်” ကို ကမ်းလှမ်းခဲ့သည်။

 

“ASPAARO အနေနဲ့ ပေါင်းစပ်ထားတဲ့နည်းလမ်းတွေ၊ ရင်းနှီးမြုပ်နှံမှုတွေနဲ့ အတွေ့အကြုံတွေကတစ်ဆင့် တီ ထွင်ဖန်တီးမှုအသစ်တွေကို တိုက်တွန်းအားပေးရင်း နေတိုးအဖွဲ့ဝင်နိုင်ငံတွေကြား အပြန်အလှန်ပေါင်းစပ်တည် ဆောက်နိုင်မှုကို လမ်းခင်းပေးဖို့အတွက် အဖွဲ့ရဲ့ နယ်ပယ်ပေါင်းစုံအယူအဆသဘောတရားတွေ၊ ခေတ်မီနည်း ပညာတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ဒီဇိုင်းတွေကတစ်ဆင့် အကျိုးကျေးဇူးတွေရရှိလာပါလိမ့်မယ်။” ဟု ကုမ္ပဏီ ကိုးခုအနက် တစ်ခုဖြစ်သော Northrop Grumman ကုမ္ပဏီက ရေးသားဖော်ပြခဲ့သည်။

 

၂၀၂၀ ပြည့်နှစ် မတ်လအတွင်းက ကုမ္ပဏီခြောက်ခုပူးပေါင်းတင်ပြခဲ့သည့် နေတိုးအဖွဲ့က “၂၀၃၅ ခုနှစ်မတိုင်မီ နေတိုးအဖွဲ့၏ အနာဂတ်စောင့်ကြည့်ထောက်လှမ်းရေးနှင့် ထိန်းချုပ်ရေးစနစ်၏ လိုအပ်ချက်များ” ကို မည်ကဲ့သို့ ပြည်မီအောင်ဆောင်ရွက်မည်ဆိုသည့် ဖြစ်နိုင်ခြေဆန်းစစ်လေ့လာမှုကို အသေးစိတ်လေ့လာရန် နေတိုးအဖွဲ့က တောင်းဆိုထားကြောင်း ASPAARO အဖွဲ့ကပြောသည်။ နေတိုးအဖွဲ့သည် ၂၀၂၃ ခုနှစ်တွင် ASPAARO လုပ်ငန်း များကို ဆန်းစစ်လေ့လာအကဲဖြတ်သွားမည်ဖြစ်သည်။

 

“နောက်ဆုံးပေါ် စောင့်ကြည့်ထောက်လှမ်းရေးနဲ့ ထိန်းချုပ်ရေးစနစ်တွေဟာ ကျွန်တော်တို့ သံန္နိဋ္ဌာန်ချထားတဲ့ နေတိုးအဖွဲ့ကတောက်လျှောက်ရရှိနေတဲ့ စစ်ဆင်ရေးအောင်မြင်မှုတွေကို တိကျသေချာအောင်လုပ်တဲ့နေရာမှာ တကယ့်အဓိကနေရာက ပါဝင်ပါတယ်” ဟု အဲဘတ်ကာကွယ်ရေးနှင့် အာကာသဌာန၏ CEO ဖြစ်သူ မိုက် ကယ်စကိုးဟန်းကပြောသည်။

 

“အတ္တလန်တစ်သမုဒ္ဒရာကိုကျော်လွန်တဲ့တွဲဖက်မှုနဲ့အတူ အနာဂတ်ကာလ နယ်ပယ်ပေါင်းစုံ စစ်နယ်ဝန်းတွေမှာ ခေတ်ရှေ့ပြေးနေဖို့ တိကျသေချာအောင် ဆောင်ရွက်နိုင်ရေးအတွက် အင်အားအကောင်းဆုံး နည်းပညာတွေနဲ့ အတ္တလန်တစ်ဒေသက မဟာမိတ်နိုင်ငံတွေကိုထောက်ပံ့ဖို့ ကျွန်တော်တို့ရဲ့ကတိကဝတ်တွေနဲ့အတူ ကမ်းလှမ်း လိုက်ပါတယ်” ဟု ၎င်းကပြောသည်။

 

Ref: Nine Firms to Study NATO’s AWACS Replacement

 

#PeopleMedia

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 

Ref: Nine Firms to Study NATO’s AWACS Replacement

 

#PeopleMedia


Share this post