• Follow Us on

Home နေတိုးအဖွဲ့၏ နျူကလီးယားခြိမ်းခြောက်မှု ရုရှားသတိပေး

နေတိုးအဖွဲ့၏ နျူကလီးယားခြိမ်းခြောက်မှု ရုရှားသတိပေး

Share this post

နိုင်ငံတကာ၊ ဇန်နဝါရီ ၂၈ (People Media)

 

နေတိုးအဖွဲ့သည် ရုရှားနိုင်ငံကို တိုက်ခိုက်ရန်အတွက် ၎င်းတို့၏ နျူကလီးယားလက်နက်များ၏ စွမ်းရည်များကို မြှင့်တင်လျက်ရှိကြောင်း ရုရှားအစိုးရအဖွဲ့ လက်နက်ထိန်းချုပ်ရေးအရာရှိက ပြောကြားလိုက်သည်။

 

အမေရိကန်နိုင်ငံသည် ဥရောပရှိ ၎င်းတို့၏ အနုမြူလက်နက်များကို အဆင့်မြှင့်တင်လျက်ရှိပြီး အခြားနေတိုးအဖွဲ့ ဝင်နိုင်ငံများတွင် ဒုံးကျည်များကို တပ်ဖြန့်ချထားခဲ့ကြောင်း ဇန်နဝါရီလ ၂၇ ရက်နေ့က ရုရှားသတင်းဌာန TASS နှင့်ပြုလုပ်ခဲ့သည့်အင်တာဗျူးတစ်ခုတွင် ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန လက်နက်ထိန်းချုပ်ရေးနှင့် နျူကလီးယား လက်နက်ကန့်သတ်ရေးဌာန ညွှန်ကြားရေးမှူး ဗလာဒီမာယာမာကော့ဗ်က ပြောသည်။

 

“နျူကလီးယားလက်နက် ပိုင်ဆိုင်ခြင်းမရှိတဲ့ နေတိုးအဖွဲ့ဝင် ငါးနိုင်ငံမှာ အမေရိကန်ထုတ် B61 နျူကလီးယားဗုံး အလုံး ၂၀၀ လောက်ရောက်ရှိနေတယ်ဆိုတာ ကျွမ်းကျင်သူတွေရဲ့ ဆန်းစစ်လေ့လာမှုအရ သိရပါတယ်။ ရုရှား နိုင်ငံပိုင်နက်ကို ရောက်ရှိနိုင်ပြီး မဟာဗျူဟာမြောက်နေရာတွေအပါအဝင် ရုရှားပိုင်နက်တွေကို ကျယ်ကျယ်ပြန့် ပြန့်တိုက်ခိုက်နိုင်တဲ့ ဒီလက်နက်တွေ တပ်ဖြန့ချထားမှုကိုထောက်ပံ့နိုင်တဲ့ အခြေခံအဆောက်အုံကိုလည်းတွေ့ နေရပါတယ်။” ဟု ယာမာကော့ဗ်က ပြောသည်။

 

အဆိုပါဒုံးကျည်များကို အမေရိကန်အစိုးရက ထိန်းချုပ်ထားသော်လည်း နျူကလီးယားစစ်ဆင်ရေးသည် ပူး ပေါင်းဆောင်ရွက်ရသည့် ကြိုးပမ်းမှုတစ်ခုဖြစ်ကြောင်း ယာမာကော့ဗ်က ပြောသည်။ “ကျွန်တော်တို့နိုင်ငံကို တိုက်ခိုက်ဖို့အတွက် နျူကလီးယားလက်နက်တွေကို အဆင့်မြှင့်တင်ဖို့ လေ့ကျင့်သင်ကြားပေးတဲ့နေရာမှာ နျူကလီးယားလက်နက်ပိုင်ဆိုင်ခြင်းမရှိတဲ့ မဟာမိတ်နိုင်ငံတွေပါဝင်လာတာဟာ နေတိုးအဖွဲ့ဝင်နိုင်ငံတွေကြား မှာ ပူးတွဲနျူကလီးယားစစ်ဆင်ရေးရှိတယ်ဆိုတာကို ပြသလိုက်တာပါပဲ။” ဟု ၎င်းက ပြောသည်။

 

အမေရိကန်နျူကလီးယားလက်နက်များ ဥရောပဒေသမှ ပြန်လည်ရုပ်သိမ်းသွားရေးသည် လက်ရှိဆောင်ရွက်နေ သည့် လုံခြုံရေးဆိုင်ရာညှိနှိုင်းဆွေးနွေးမှုများတွင် ရုရှားအစိုးရက အလိုရှိနေသော အဓိကရည်ရွယ်ချက်များထဲ က ရည်ရွယ်ချက်တစ်ခုဖြစ်ကြောင်းလည်း ယာမာကော့ဗ်က ပြောသည်။

 

“နေတိုးအဖွဲ့ရဲ့ ပူးတွဲနျူကလီးယားစစ်ဆင်ရေးအစီအစဉ်တွေ ချက်ချင်းရပ်တန့်ရပါမယ်၊ အမေရိကန်နျူကလီး ယားလက်နက်အားလုံး အမေရိကန်ပိုင်နက်ကို ပြန်လည်ရွှေ့ပြောင်းသွားဖို့လိုပါတယ်၊ အဲဒီနျူကလီးယားလက် နက်တွေ အလျင်အမြန်တပ်ဖြန့်ချထားနိုင်အောင်ဆောင်ရွက်ပေးနိုင်တဲ့ အခြေခံအဆောက်အအုံကိုလည်း ဖျက် သိမ်းပစ်ဖို့လိုပါတယ်။ ဒီအချက်တွေနဲ့ပတ်သက်ပြီး ကျွန်တော်တို့ဘက်က တစ်ပြားသားမှ အလျှော့မပေးနိုင်ပါ ဘူး။ ဒီအဆိုပြုချက်တွေအားလုံး ဒီဇင်ဘာလအတွင်းက ရုရှားအစိုးရက အမေရိကန်အစိုးရဆီကို ပေးပို့ထားတဲ့ လုံခြုံရေးဆိုင်ရာတောင်းဆိုချက်စာရင်းတွေထဲမှာ ပါဝင်ပါတယ်။” ဟု ၎င်းက ပြောသည်။

 

အရှေ့ဥရောပတွင် နေတိုးတပ်ဖွဲ့ဝင်များနယ်မြေချဲ့ထွင် တပ်ဖြန့်ချထားသည့်အရေးနှင့်ပတ်သက်၍ အမေရိကန် အစိုးရက ဝန်ခံပြောကြားခြင်းမရှိကြောင်း ပြောဆိုရင်း ရုရှားနိုင်ငံ၏ အဆိုပြုလွှာများအပေါ် အမေရိကန်အစိုးရ၏ တုံ့ပြန်မှုများအား ကျေနပ်မှုမရှိကြောင်း ရုရှားနိုင်ငံခြားရေးဝန်ကြီးဆာဂျီလာဗော့ဗ်က ဇန်နဝါရီလ ၂၇ ရက်နေ့က ပြောကြားလိုက်သည်။

 

Ref: Russia warns of NATO nuclear threat

 

#PeopleMedia

 

(unicode)


……………………………………………………..

 


 


 


 


 


 


 


 


 

Ref: Russia warns of NATO nuclear threat

 

#PeopleMedia


Share this post