• Follow Us on
Latest News

Home နေတိုးအဖွဲ့နှင့်ဆက်ဆံရေး တိုးမြှင့်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ပြော

နေတိုးအဖွဲ့နှင့်ဆက်ဆံရေး တိုးမြှင့်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင် ပြော

Share this post

နိုင်ငံတကာ၊ ဖေဖော်ဝါရီ ၁၉ (People Media)
 
အမေရိကန်နိုင်ငံက နေတိုးအဖွဲ့နှင့်ဆက်ဆံရေးကို ပြန်လည်အသက်ဝင်အောင်လုပ်ဆောင်ရန် ရည်ရွယ် သည်ဆိုသော သမ္မတ ဂျိုးဘိုင်ဒင်၏ အမှာစကားကို အမေရိကန် ကာကွယ်ရေးဝန်ကြီး လွိုက်အော်စတင်က ထပ် လောင်းအတည်ပြုခဲ့သည်။
 
ယမန်နေ့ကကျင်းပသည့် နေတိုး ကာကွယ်ရေးဝန်ကြီးများ၏ ပထမအကြိမ် အစည်းအဝေးတွင် အော်စ တင်က တက်ရောက်ခဲ့သည်။ အွန်လိုင်းမှပြုလုပ်သည့် အဆိုပါအစည်းအဝေးက ပြီးခဲ့သည့်လအတွင်း ဂျိုးဘိုင်ဒင် သမ္မတတာဝန် စတင်ယူပြီးနောက် နေတိုးအဖွဲ့၏ ပထမဆုံးသော ဝန်ကြီးအဆင့် ဆွေးနွေးမှုဖြစ်သည်။
 
အစည်းအဝေး၌ နေတိုးအဖွဲ့၏ ပုဒ်မ ၅ အပေါ် အမေရိကန်နိုင်ငံ၏ ကတိကဝတ်ကို အော်စတင်က ထပ် လောင်းအတည်ပြုခဲ့သည်။ အဆိုပါပုဒ်မအရ နေတိုးအဖွဲ့ဝင်နိုင်ငံတစ်ခုအပေါ် တိုက်ခိုက်မှုက နေတိုးအဖွဲ့ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ပြဌာန်းထားသည်။
 
နေတိုးအဖွဲ့၏ မဏ္ဏိုင်တစ်ရပ်ဖြစ်သည့် ကာကွယ်ရေးစရိတ် စုပေါင်းကျခံရေး အခြေခံစည်းမျဉ်းကို သမ္မတဟောင်း ဒေါ်နယ်ထရမ့်က မထောက်ခံခဲ့ပေ။
 
နေတိုးအဖွဲ့ဝင် နိုင်ငံအချို့က ကာကွယ်ရေးအသုံးစရိတ် အလုံအလောက် သုံးစွဲခြင်းမရှိသောကြောင့် နေ တိုးအဖွဲ့၏ စည်းလုံးညီညွတ်မှုကို ထိခိုက်စေကြောင်း ၎င်းက စွပ်စွဲခဲ့သည်။
 
အတ္တလန္တိတ်ဖြတ်ကျော် မဟာမိတ်ပြုရေး အမေရိကန်နိုင်ငံ၏ ကတိကဝတ်ကိုကြိုဆိုကြောင်း အစည်းအ ဝေးပြီးနောက် နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် ဂျန်းစတိုတန်ဘတ်က သတင်းထောက်များသို့ ပြောကြားခဲ့သည်။
 
နေတိုးအဖွဲ့က ကမ္ဘာလုံးဆိုင်ရာစိန်ခေါ်မှုများ ရင်ဆိုင်နေရပြီး နိုင်ငံတစ်နိုင်ငံတည်း၊ တိုက်တစ်တိုက် တည်းက မဖြေရှင်းနိုင်ကြောင်း ၎င်းက ပြောသည်။
 
ကိုးကား – အန်အိတ်ချ်ကေ
 
Ref; US Defense Secretary stresses commitment to NATO
 
(unicode)
……………………………………………………………
 
 
 
 
 
 
 
 
 
 
Ref; US Defense Secretary stresses commitment to NATO

Share this post