• Follow Us on

Home နေတိုးအဖွဲ့နှင့် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားမည့်အရေး ရုရှားသတိပေး

နေတိုးအဖွဲ့နှင့် စစ်ရေးအရ ထိပ်တိုက်တွေ့ဆုံမှုဖြစ်ပွားမည့်အရေး ရုရှားသတိပေး

Share this post

နိုင်ငံတကာ၊ ဒီဇင်ဘာ ၂၈ (People Media)

 

ရုရှားနယ်စပ်အနီးတွင် နေတိုးအဖွဲ့က ရည်ရွယ်ချက်ရှိရှိ ရန်စနေခြင်းမှာ လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားလာနိုင် သည်အထိ မြင့်တက်လာနိုင်ကြောင်း ရုရှားဒုတိယကာကွယ်ရေးဝန်ကြီးအလက်ဇန္ဒားဖိုမင်က ဒီဇင်ဘာလ ၂၇ ရက်နေ့က ပြောကြားလိုက်သည်။

 

နေတိုးအဖွဲ့၏ အရှေ့ဘက်သို့ နယ်ချဲ့လာမှုမှာ ရုရှားနိုင်ငံက မဟာမိတ်များနှင့် ဆက်ဆံရေးကောင်းမွန်ခဲ့သည့် ကာလကို ပြန်လည်သတိရစေကြောင်း ဒုတိယကာကွယ်ရေးဝန်ကြီးဖိုမင်က ပြောသည်။

 

“လတ်တလောကာလမှာ မဟာမိတ်တပ်ဖွဲ့တွေက တိုက်ရိုက်ရန်စတဲ့အပြုအမူတွေကို လုပ်ဆောင်ခဲ့ပါတယ်။ ဒီ လိုလုပ်ဆောင်တဲ့အတွက် လက်နက်ကိုင်ပဋိပက္ခဖြစ်ပွားမယ့် အန္တရာယ်ရှိနေပါတယ်။” ဟု ၎င်းကပြောသည်။

 

၁၉၉၉ ခုနှစ်က ဆိုဗီယက်ပြည်ထောင်စု၏ မဟာမိတ်နိုင်ငံဟောင်းများဖြစ်သော ချက်သမ္မတနိုင်ငံ၊ ဟန်ဂေရီ နိုင်ငံနှင့် ပိုလန်နိုင်ငံတို့ ဝါဆောစာချုပ်အရ ပူးပေါင်းခဲ့ကြသည်ကို ဒုတိယကာကွယ်ရေးဝန်ကြီးဖိုမင်က ပြန် ပြောင်း ပြောပြသည်။

 

ဘူဂေးရီးယား၊ လတ်ဗီးယား၊ လစ်သူယေးနီးယား၊ အက်စ်တိုးနီးယား၊ ရိုမေးနီးယား၊ ဆလိုဗက်ကီးယားနှင့် ဆလို ဗေးနီးယားနိုင်ငံတို့သည် အထက်ပါအတိုင်း ၂၀၀၄ ခုနှစ်တွင် ပူးပေါင်းလိုက်ကြသဖြင့် နေတိုးစစ်အင်အားမှာ စိုး ရိမ်စရာကောင်းလောက်အောင် ကြီးမားလာခဲ့ကြောင်း ၎င်းကပြောသည်။

 

အထူးသဖြင့် နေတိုးအဖွဲ့ဝင်နိုင်ငံများ၏ နယ်စပ်ဒေသများကို အရှေ့ဘက်သို့ ကီလိုမီတာ ၁,၀၀၀ (၆၂၁ မိုင်) ကျော်တိုးချဲ့လာသဖြင့် မဟာဗျူဟာမြောက်လက်နက်မဟုတ်သော လက်နက်များဖြင့် ရုရှားပိုင်နက်အတွင်းရှိ ပစ်မှတ်များကို ပစ်ခတ်လာနိုင်သည်အထိ အခွင့်အရေးရလာခဲ့ကြောင်း ၎င်းက ပြောသည်။

 

နေတိုးအဖွဲ့သည် တပ်ဖြန့်ချထားမှုနှင့် တပ်များပြောင်းရွှေ့မှုအတွက် ပင်လယ်နက်နှင့် ဘော်လတစ်ပင်လယ်များ အတွင်း ဆိပ်ကမ်းများနှင့် အခြေခံအဆောက်အအုံ များကို အသုံးပြုနိုင်သလို လက်နက်အရေအတွက်အများ အပြား၊ စစ်လက်နက်ပစ္စည်းအများအပြား၊ အဖွဲ့ဝင်နိုင်ငံ အသစ်မှ စစ်အင်အားအများအပြား ပိုင်ဆိုင်ထားခြင်းဖြင့် လည်း ၎င်းတို့၏ တိုက်ခိုက်ရေးစွမ်းရည်များကို တိုးမြှင့်ထားခဲ့ကြောင်း ၎င်းကပြောသည်။

 

ယူဂိုဆလားဗီးယားနိုင်ငံမှ အဖြစ်အပျက်များမှတစ်ဆင့် ရုရှားနိုင်ငံနှင့် နေတိုးအဖွဲ့ကြား အငြင်းပွားဖွယ်ရာကိစ္စ များ စတင်ပေါ်ပေါက်လာပြီး မဟာမိတ်တပ်များ၏ ၂၀၁၉ ခုနှစ် စစ်ရေးဆိုင်ရာမဟာဗျူဟာအရ နေတိုးအဖွဲ့၏ ရုရှားနိုင်ငံအပေါ် ၎င်း၏လုံခြုံရေးအတွက် “ခြိမ်းခြောက်မှုရင်းမြစ်တစ်ခု” အဖြစ် အဓိပ္ပာယ်ဖွင့်ဆိုချက်မှာ အဆုံး သတ်သွားခဲ့ပြီဖြစ်ကြောင်း ဖိုမင်က ပြောသည်။

 

ယင်းသို့ဖြစ်ပျက်နေသည့်ကြားမှ ရုရှားနိုင်ငံက အခြေအနေများတင်းမာမှုလျော့ကျလာအောင် အဆင့်လိုက် ဆောင်ရွက်လျက်ရှိသော်လည်း ရုရှားတို့၏ဆောင်ရွက်ချက်ကို လျစ်လျူရှုခံထားရကြောင်း ၎င်းကပြောသည်။

 

ရုရှားအစိုးရအနေဖြင့် နေတိုးအဖွဲ့၏အဆိုပြုချက်များအတိုင်း ထိပ်တန်းအဆင့်ဆက်သွယ်မှုများကိုထိန်းသိမ်း ထားခြင်း၊ အကြမ်းဖက်သမားများ၏ ခြိမ်းခြောက်မှုနှင့်ပတ်သက်၍ သတင်းအချက်အလက်များ မျှဝေခြင်း၊ တစ် နိုင်ငံနှင့် တစ်နိုင်ငံ နယ်စပ်ဒေသများတွင် စစ်ရေးလေ့ကျင့်မှုများကို ရှောင်ကြဉ်ခြင်းများကို ဆောင်ရွက်ခဲ့သည့် အပြင် လေယာဉ်မတော်တဆဖြစ်မှုများကို ရှောင်ရှားရာတွင် သဘောတူညီမှုတစ်ရပ် လက်မှတ်ရေးထိုးခြင်းများ ပြုလုပ်ခဲ့ကြောင်း ၎င်းကပြောသည်။ ၎င်းအပြင် International Army Games သို့လည်း လာရောက်လေ့လာရန် မဟာမိတ်တပ်ဖွဲ့ကိုယ်စားလှယ်များကိုလည်း ဖိတ်ကြားခဲ့ကြောင်း ၎င်းကပြောသည်။

 

အခြားတစ်ဖက်တွင် နေတိုးအဖွဲ့သည် ရုရှားနိုင်ငံအနီး ၎င်းတို့၏ စစ်ရေးအရလှုပ်ရှားမှုများကို အရှိန်မြှင့်တင်လာ ခဲ့သည်။ ၂၀၂၁ ခုနှစ်တွင် နေတိုးမဟာမိတ်နိုင်ငံများသာပါဝင်သည့် တပ်ပေါင်းစုံသည် စစ်လေယာဉ်ပေါင်း ၁,၂၀၀ ၊ ရေယာဉ်ပေါင်းစုံ ၅၀ ကျော်ပါဝင်သော ထောက်လှမ်းရေးစစ်ဆင်ရေးများကို ရုရှားနယ်စပ်အနီးတွင် ဆောင်ရွက်လာခဲ့ရာ စစ်ရေးလေ့ကျင့်မှုပေါင်း ၂၀ ကျော်အထိ ပြုလုပ်ခဲ့ကြောင်း ၎င်းကထောက်ပြသည်။

 

Ref: Russia warns of high risk of military confrontation with NATO

 

#PeopleMedia

 

(unicode)

နတေိုးအဖှဲ့နှင့ျ စဈရေးအရ ထိပျတိုကျတှေ့ဆုံမှုဖွဈပှားမည့ျအရေး ရုရှားသတိပေး

……………………………………………………………

 


 


 


 


 


 


 


 


 


 


 


 


 

Ref: Russia warns of high risk of military confrontation with NATO

 

#PeopleMedia


Share this post