• Follow Us on

Home နေရပ်စွန့်ခွာနေထိုင်ရသူများ ပြည့်ပြည့်၀၀ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်နေဆဲဖြစ်ကြောင်း UNHCR ထုတ်ပြန်

နေရပ်စွန့်ခွာနေထိုင်ရသူများ ပြည့်ပြည့်၀၀ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်နေဆဲဖြစ်ကြောင်း UNHCR ထုတ်ပြန်

Share this post

နေပြည်တော် ၊ ဒီဇင်ဘာ ၂၃ (People Media)

 

မြန်မာနိုင်ငံ၌ နေရပ်စွန့်ခွာနေထိုင်ရသူများ ပြည့်ပြည့်၀၀ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက် လိုအပ်နေ ဆဲဖြစ်ကြောင်း UNHCR က ဒီဇင်ဘာ ၂၃ ရက်နေ့၌ ထုတ်ပြန်လိုက်သည်။

 

နေအိမ်အမိုးအကာပံ့ပိုးမှုသည် UNHCR ၏ ကာကွယ်စောင့်ရှောက်မှုဆိုင်ရာလုပ်ငန်း၏ အဓိကအစိတ်အပိုင်း တစ်ခုဖြစ်ပြီး၊ မြန်မာနိုင်ငံတွင် နေရပ်စွန့်ခွာနေထိုင်ရသူများဂုဏ်သိက္ခာရှိရှိဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေး အတွက် ကျွန်ုပ်တို့မှ နေအိမ်အမိုးအကာများ ပြန်လည်တည်ဆောက်ပေးလျက်ရှိကြောင်း၊ ပျက်စီးသွားသော လုံခြုံစိတ်ချရမှုမရှိသည့်အဆောက်အဦများအား တာရှည်ခံပြီး ကြမ်းတမ်းသော ရာသီဥတုဒဏ်ကို ပိုမိုကောင်း မွန်စွာခံနိုင်ရည်ရှိသည့် အရည်အသွေးမြင့်ပစ္စည်းများကို အသုံးပြုကာ တည်ဆောက်ထားသည့် အိမ်တန်းရှည် များဖြင့် အစားထိုးပံ့ပိုးပေးနေကြောင်း ထုတ်ပြန်ထားသည်။

 

နေထိုင်သူမိသားစုများ၏ လိုအပ်ချက်များနှင့် ပုဂ္ဂလိကလိုအပ်ချက်များကို လိုက်လျောညီထွေဖြစ်စေမည့်ပြင် ဆင်မှုများ ပြုလုပ်ထားကြောင်း၊ ဤကဲ့သို့သော နေအိမ်အမိုးအကာဆိုင်ရာ ဆောင်ရွက်မှုများသည် နေရပ်စွန့်ခွာ နေထိုင်ရမှုများရေရှည်သဖြင့် ဖြစ်ပွားစေရန်ရည်ရွယ်ခြင်းမဟုတ်သော်လည်း၊ စစ်မှန်၍ရေရှည်တည်တံ့ပြီး ဂုဏ်သိက္ခာရှိသည့် ဖြေရှင်းဆောင်ရွက်ချက်များဖော်ဆောင်နိုင်သည့်အချိန်အထိ နေရပ်စွန့်ခွာနေထိုင်ရသူများ ပြည့်ပြည့်၀၀ ဘေးကင်းလုံခြုံစွာ နေထိုင်နိုင်ရေးအတွက်လိုအပ်နေဆဲဖြစ်ကြောင်း UNHCR မှ ထုတ်ပြန်လိုက် သည်။

 

Photo – UNHCR

 

#PeopleMedia #UNHCR

 

(unicode)


……………………………………………………………….

 


 


 


 


 

Photo – UNHCR

 

#PeopleMedia #UNHCR


Share this post