• Follow Us on

Home နေရာချပေးထားသည့်ကျွန်းမှ ဘင်္ဂါလီများ ထွက်သွားခြင်းကို ဘင်္ဂလားေ ဒ့ရှ်တားမြစ်


Share this post

ဒါကာ၊ ဇူလိုင် ၁၀








#PeopleMedia

(unicode)
နေရာချပေးထားသည့်ကျွန်းမှ ဘင်္ဂါလီများ ထွက်သွားခြင်းကို ဘင်္ဂလား ေဒ့ရှ်တားမြစ်
………………………………………………

ဒါကာ၊ ဇူလိုင် ၁၀

ဘင်္ဂလားပင်လယ်အော်အတွင်းရှိ ရေကြီးလေ့ရှိသော ဘာရှန်ချားကျွန်းပေါ်တွင် ပြောင်းရွှေ့နေရာချထားသည့် ဘင်္ဂါလီ(မူရင်းတွင်ရိုဟင်ဂျာဟုဖော်ပြ)ရာချီကို အိမ်ပြန်မည်ဟုသဘောမတူပါက ကျွန်းပေါ်မှ ထွက်ခွာခွင့် မပြု ကြောင်း ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ကြာသပတေးနေ့တွင်ပြောသည်။

ယခုနှစ်ဧပြီတွင် မလေးရှားနိုင်ငံသို့လူကုန်ကူးခံရသည့် မြန်မာနိုင်ငံမှမွတ်ဆလင်ဘင်္ဂါလီ ၃၀၆ ယောက်ကို ကျွန်း တွင် နေရာချထားသည်။

နေရာရွှေ့ပြောင်းထားသည့်ဖြစ်ရပ်ကို ကုလသမဂ္ဂ၊ နိုင်ငံတကာအခွင့်အရေးအဖွဲ့နှင့် အသိုက်အဝန်းခေါင်းဆောင် များက စိုးရိမ်ကြောင်းပြောပြီး ဘင်္ဂလားဒေ့ရှ်ပြည်မကြီးပေါ်ရှိ ပိုမိုအခြေတကျရှိသည့်ဒုက္ခသည်စခန်းများသို့ ပြောင်းရွှေ့စေချေင်ကြောင်းလည်းပြောသည်။

ဒုက္ခသည်စခန်းများတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်မှုရပ်တန့်ရန် ကျွန်းပေါ်တွင် ဘင်္ဂါလီများရွှေ့ပြောင်းထားမည်ဟု ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက ဧပြီတွင်ပြောသည်။

ထိုလုပ်ရပ်နောက်ကွယ်မှအကြောင်းရင်းကို လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့(HRW)က မေးခွန်းထုတ်ပြီး ဘင်္ဂါလီ များကို ကောင်းမွန်စွာဆက်ဆံခြင်းမရှိဟုလည်းပြောသည်။

ကျွန်းပေါ်သို့ ဘင်္ဂလားဒေ့ရှ်အာဏာပိုင်များက အကူအညီပေးရေးဝန်ထမ်းများသွားရောက်ခွင့်မပြုခြင်းကိုလည်း HRW က မေးခွန်းထုတ်သည်။

Ref : Bangladesh forbids Rohingya refugees from leaving island

#PeopleMedia


Share this post