• Follow Us on

Home ေနအိမ္ေရွ႕ ေရေျမာင္း၌ WY ေဆးျပားေတြ႕ရွိမႈေၾကာင့္ အလယ္တန္းေက်ာင္းအုပ္ ဖမ္းဆီးခံရ

ေနအိမ္ေရွ႕ ေရေျမာင္း၌ WY ေဆးျပားေတြ႕ရွိမႈေၾကာင့္ အလယ္တန္းေက်ာင္းအုပ္ ဖမ္းဆီးခံရ

Share this post

ရန္ကုန္၊ ႏုိဝင္ဘာ – ၄

မေကြးတုိင္းေဒသႀကီး၊ ေရစႀကိဳၿမိဳ႕နယ္၊ အလယ္တန္းေက်ာင္းအုပ္တစ္ဦး၏ ေနအိမ္ကုိ ဝင္ေရာက္ရွာေဖြရာ အိမ္ၿခံဝင္းအနီး၌ WY ေဆးျပား(၆၇)ျပား ေတြ႕ရွိျခင္းေၾကာင့္ အလယ္တန္းေက်ာင္းအုပ္ ဖမ္းဆီးခံခဲ့ရသည္။

ျဖစ္စဥ္မွာ မူးယစ္ေဆးဝါးသတင္းရရွိမႈေၾကာင့္ ေရစႀကိဳၿမိဳ႕နယ္စခန္းမွဴး အပါအဝင္နယ္ထိန္းမ်ားႏွင့္ အုပ္ခ်ဳပ္ ေရးအဖြဲ႕မ်ား ပူးေပါင္းၿပီး အမွတ္(၇)ရပ္ကြက္၊ —- ေနအိမ္သုိ႔ ဝင္ေရာက္ရွာေဖြခဲ့သည္။

ထုိသုိ႔ေနအိမ္အတြင္းသုိ႔ ဝင္ေရာက္ရွာေဖြရာ ေတြ႕ရွိျခင္းမရွိဘဲ အိမ္ၿခံဝင္းအနီးရွိ ေရေျမာင္းေဘးတြင္ ဝွက္ ထားသည့္ WY တံဆိပ္ပါ ေဆးျပား(၆၇)ျပားကုိ ေတြ႔ရွိခဲ့သည္။

အဆုိပါျဖစ္စဥ္ေၾကာင့္ ေရစႀကိဳၿမိဳ႕နယ္၊ ထန္းပင္ေခ်ာင္ေက်းရြာ၊ အလယ္တန္းေက်ာင္းအုပ္ျဖစ္သူ ဦးဝင္းထက္ ေနာင္ကုိ မူးယစ္ေဆးဝါးဥပေဒပုဒ္မ၁၉(က)အရ ေဆာင္ရြက္လွ်က္ရွိသည္။

#PeopleMedia #Magway

(unicode)
နေအိမ်ရှေ့ ရေမြောင်း၌ WY ဆေးပြားတွေ့ရှိမှုကြောင့် အလယ်တန်းကျောင်းအုပ် ဖမ်းဆီးခံရ
…………………………………………………………

ရန်ကုန်၊ နိုဝင်ဘာ – ၄

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့နယ်၊ အလယ်တန်းကျောင်းအုပ်တစ်ဦး၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိမ်ခြံဝင်းအနီး၌ WY ဆေးပြား(၆၇)ပြား တွေ့ရှိခြင်းကြောင့် အလယ်တန်းကျောင်းအုပ် ဖမ်းဆီးခံခဲ့ရသည်။

ဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသတင်းရရှိမှုကြောင့် ရေစကြိုမြို့နယ်စခန်းမှူး အပါအဝင်နယ်ထိန်းများနှင့် အုပ်ချုပ် ရေးအဖွဲ့များ ပူးပေါင်းပြီး အမှတ်(ရ)ရပ်ကွက်၊ —- နေအိမ်သို့ ဝင်ရောက်ရှာဖွေခဲ့သည်။

ထိုသို့နေအိမ်အတွင်းသို့ ဝင်ရောက်ရှာဖွေရာ တွေ့ရှိခြင်းမရှိဘဲ အိမ်ခြံဝင်းအနီးရှိ ရေမြောင်းဘေးတွင် ဝှက် ထားသည့် WY တံဆိပ်ပါ ဆေးပြား(၆၇)ပြားကို တွေ့ရှိခဲ့သည်။

အဆိုပါဖြစ်စဉ်ကြောင့် ရေစကြိုမြို့နယ်၊ ထန်းပင်ချောင်ကျေးရွာ၊ အလယ်တန်းကျောင်းအုပ်ဖြစ်သူ ဦးဝင်းထက် နောင်ကို မူးယစ်ဆေးဝါးဥပဒေပုဒ်မ၁၉(က)အရ ဆောင်ရွက်လျှက်ရှိသည်။

#PeopleMedia #Magway


Share this post