• Follow Us on

Home နေအိမ်၊ တိုက်ခန်းငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုများကျူးလွန်ကြောင်း ဖော်ထုတ်ရမိပါက ငှားရမ်းနေထိုင်စဉ် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိပါက ပိုင်ရှင်မှ အရေးယူခံရမည်ဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းခံရ မယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ ထုတ်ပြန်

နေအိမ်၊ တိုက်ခန်းငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုများကျူးလွန်ကြောင်း ဖော်ထုတ်ရမိပါက ငှားရမ်းနေထိုင်စဉ် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိပါက ပိုင်ရှင်မှ အရေးယူခံရမည်ဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းခံရ မယ်လို့ အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့ ထုတ်ပြန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၉ (People Media)

 

နေအိမ်၊ တိုက်ခန်းငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုများကျူးလွန်ကြောင်း ဖော်ထုတ်ရမိပါက ငှားရမ်းနေထိုင်စဉ် ဧည့်စာရင်းတိုင်ကြားထားခြင်းမရှိပါက ပိုင်ရှင်မှအရေးယူခံရမည်ဖြစ်ပြီး နိုင်ငံတော်ဘဏ္ဍာအဖြစ်သိမ်းဆည်းခံရ မည်ဖြစ်ကြောင်း အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့မှ အသိပေးထုတ်ပြန်ကြေညာလိုက်သည်။

 

အဆိုပါ အသိပေးထုတ်ပြန်ချက်တွင် ပြစ်မှုကျူးလွန်သူများသည် အကြမ်းဖက်မှုများကျူးလွန်နိုင်ရန်အတွက် ကြို တင်ကြံစည်၍ နေအိမ်၊ တိုက်ခန်းများကို ကာလတိုငှားရမ်းနေထိုင်ခဲ့ကြောင်း စုံစမ်းဖော်ထုတ်သိရှိရသည့် အတွက် နေအိမ်၊ တိုက်ခန်းငှားရမ်းသူအိမ်ရှင်များအနေဖြင့် မိမိတို့၏ နေအိမ်၊ တိုက်ခန်းများအား ငှားရမ်းမည်ဆို ပါက ငှားရမ်းနေထိုင်သည့်သူများနှင့်ပတ်သက်၍ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးဥပဒေပုဒ်မ ၁၇ အရ သက်ဆိုင်ရာသို့ ဧည့်စာရင်းတိုင်ကြားရန်နှင့် သံသယဖြစ်ဖွယ်တွေ့ရှိရပါက တာဝန်ရှိသူများကို သတင်းပေးပို့ အကြောင်းကြားခြင်းဖြင့် ပူးပေါင်းပါဝင်ဆောင်ရွက်ပေးကြရန် ဖော်ပြပါရှိသည်။

 

ထို့အပြင် ယင်းနေအိမ်၊ တိုက်ခန်းငှားရမ်းနေထိုင်ပြီး အကြမ်းဖက်မှုများ ကျူးလွန်ကြောင်း ဖော်ထုတ်ရရှိပါက နေ အိမ်၊ တိုက်ခန်းများငှားရမ်းစဉ် သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးသို့ ဧည့်စာရင်း တိုင်ကြားထားခြင်းမရှိကြောင်း စိစစ်တွေ့ရှိပါက ငှားရမ်းသည့်ပိုင်ရှင်များတွင် တာဝန်ရှိမည်ဖြစ်ပြီး သက်ဆိုင်ရာ တည်ဆဲဥပဒေအရ အရေးယူခံရမည့်အပြင် အဆိုပါငှားရမ်းထားသည့် နေအိမ်၊ တိုက်ခန်းများကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေအရ အရေးယူဆောင်ရွက်သည့် အမှုများနှင့်ဆက်စပ်၍ သက်သေခံအဖြစ် သိမ်းဆည်းခံရ မည်ဖြစ်ပြီး စစ်ဆေးပေါ်ပေါက်ချက်အရ နိုင်ငံတော်ဘဏ္ဍာအဖြစ် သိမ်းဆည်းခံရမည်ဖြစ်ကြောင်း ပါရှိသည်။

 

အလားတူ သြဂုတ်လ ၁၄ ရက်နေ့တွင် အင်းစိန်မြို့ပတ်ရထားပေါ်တွင် ဖြစ်ပွားခဲ့သည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အား အကြမ်းဖက်လက်နက်ကိုင်အဖွဲ့မှ သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် ၅ ဦးကျဆုံးကာ လက်နက်ခဲယမ်းအချို့ ကို ယူဆောင်သွားခဲ့သည့်ကိစ္စနှင့်ပတ်သက်ပြီး တရားခံများကို စိစစ်ဖော်ထုတ်ချက်အရ ရန်ကုန်မြို့တွင်းရှိ နေ အိမ်၊ တိုက်ခန်းများအား ကာလတိုငှားရမ်းပြီး ဖြန့်ခွဲနေထိုင်ခဲ့ကြကြောင်း တွေ့ရှိရသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြပါရှိသည်။

 

#PeopleMedia #အကြမ်းဖက်တိုက်ဖျက်ရေးဗဟိုအဖွဲ့

 

(unicode)


……………………………………………………………………………

 


 


 


 


 


 



Share this post