• Follow Us on

Home နေအိမ်၊ တိုက်ခန်းနှင့် နေရာအသီးသီး၌ သိမ်းဆည်းထားသော လက်နက်ခဲယမ်းများကို ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ အပ်နှံရန်နှင့် လာရောက်အပ်နှံခြင်းမရှိဘဲ စိစစ်တွေ့ရှိရပါက အရေးယူမည်ဟု န-စ-က ထုတ်ပြန်

နေအိမ်၊ တိုက်ခန်းနှင့် နေရာအသီးသီး၌ သိမ်းဆည်းထားသော လက်နက်ခဲယမ်းများကို ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ အပ်နှံရန်နှင့် လာရောက်အပ်နှံခြင်းမရှိဘဲ စိစစ်တွေ့ရှိရပါက အရေးယူမည်ဟု န-စ-က ထုတ်ပြန်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၀ (People Media)

 

နေအိမ်၊ တိုက်ခန်းနှင့် နေရာအသီးသီး၌ သိမ်းဆည်းထားသော လက်နက်ခဲယမ်းများကို ဒီဇင်ဘာလကုန် နောက်ဆုံးထား၍ အပ်နှံရန်နှင့် လာရောက်အပ်နှံခြင်းမရှိဘဲ စိစစ်တွေ့ရှိရပါက အရေးယူသွားမည်ဖြစ်ကြောင်း န-စ-က၏ သတင်းထုတ်ပြန်ချက်အရ သိရသည်။

 

လက်ရှိ ဖြစ်ပေါ်နေလျက်ရှိသော နိုင်ငံရေးအခြေအနေတွင် အကြမ်းဖက်ဟု ကြေငြာထားသော အဖွဲ့အစည်းများ သည် လက်နက်ခဲယမ်းများကို နည်းလမ်းမျိုးစုံဖြင့် ပို့ဆောင်ကာ သိုဝှက်သိမ်းဆည်းပေးနေခြင်းကို စိစစ်တွေ့ရှိ၍ သိမ်းဆည်းထားသော လက်နက်ခဲယမ်းများရှိပါက ယခု နောက်ဆုံးအပ်နှံရန် န-စ-က မှ ဒီဇင်ဘာ ၁၉ ရက်နေ့ တွင် သတင်းထုတ်ပြန်ထားသည်။

 

အဆိုပါ ထုတ်ပြန်ချက်တွင် NUG၊ CRPH လက်ဝေခံ PDF အဖွဲ့များ၏ လက်လုပ်သေနတ်၊ ယမ်း၊ မိုင်း၊ ဆက် သွယ်ရေးပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ်ကိုင်ဆောင်သူများနှင့် ဆက်စပ်ပတ်သက်သူများကို ဖမ်း ဆီးဖော်ထုတ်လျက်ရှိကြောင်း ဖော်ပြထားသည်။

 

အထက်ပါကဲ့သို့ ဖမ်းဆီးဖော်ထုတ်ရာတွင် ပြည်သူများမှ မသိနားမလည်သည့်အပေါ်တွင် အခွင့်ကောင်းယူ၍   လက်လုပ်သေနတ်၊ ယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို နည်းလမ်းအမျိုးမျိုးနှင့် အပ်နှံ လျက်ရှိကြောင်း ဖော်ပြထားသည်။

 

ယင်းကဲ့သို့ အပ်နှံမှုများရှိပါကလည်း မလိုလားအပ်သည့် တရားစွဲဆိုမှုများမဖြစ်ပေါ်စေရန် လက်လုပ်သေနတ်၊  ယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းနှင့် ဆက်စပ်ပစ္စည်းများကို လက်ဝယ်သိမ်းဆည်းပေးသူများအနေဖြင့် ဒီ ဇင်ဘာ ၃၁ ရက်နေ့ နောက်ဆုံးထား၍ သက်ဆိုင်ရာအုပ်ချုပ်ရေးမှူးရုံးများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များထံ အပ်နှံရန် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

 

အဆိုပါကဲ့သို့ ထုတ်ပြန်ခြင်းကို လိုက်နာခြင်းမရှိဘဲ ဆက်လက်၍ ကွယ်ဝှက်ထားခြင်း၊ သိမ်းဆည်းခြင်း၊ ပြု လုပ်ပါက တည်ဆဲဥပဒေအရ အရေးယူခံရမည်ဖြစ်ကြောင်း ဖော်ပြထားသည်။

 

အဆိုပါ သေနတ်၊ ယမ်း၊ မိုင်း၊ ဆက်သွယ်ရေးပစ္စည်းနှင့် ဆက်စပ်ပစ္စည်းအပြင် တရားမဝင်မူးယစ်ဆေးဝါးများ ရှိပါကလဲ အဆိုပါရက်အတွင်း အပ်နှံရန် ဖော်ပြထားသည်။

 

Photo – ပုံအဟောင်းအသုံးပြုထားသည်။

 

#PeopleMedia #နစက #လက်နက်အပ်နှံရန်

 

(unicode)


………………………………………………………………

 


 


 


 


 


 


 


 


 


 



Share this post