• Follow Us on

Home ေနာက္မိန္းမယူထားသည့္ကိစၥႏွင့္ လင္မယားခ်င္း အခ်င္းမ်ားကာ ဓါးထိုးမႈျဖစ္၊ ေယာက်္ားျဖစ္သူေသဆုံး

ေနာက္မိန္းမယူထားသည့္ကိစၥႏွင့္ လင္မယားခ်င္း အခ်င္းမ်ားကာ ဓါးထိုးမႈျဖစ္၊ ေယာက်္ားျဖစ္သူေသဆုံး

Share this post

လုံးခင္း၊ မတ္ ၁၉

ဖားကန္႔ၿမိဳ႕နယ္၊ လုံးခင္းေက်းရြာ၊ ရပ္ကြက္(၅)တြင္ ယေန႔၊ ေန႔လယ္ပိုင္းက ေနာက္မိန္းမယူထားသည့္ကိစၥႏွင့္ လင္မယားခ်င္း အခ်င္းမ်ားကာ ဓါးထိုးမႈျဖစ္၊ ေယာက်္ားျဖစ္သူ ေသဆုံးခဲ့သည့္ ျဖစ္စဉ္တစ္ခုျဖစ္ပြားခဲ့ေၾကာင္း သိရသည္။

ျဖစ္စဉ္မွာ ယေန႔၊ မတ္လ ၁၉ ရက္ေန႔၊ ေန႔လည္ (၁၂) နာရီ (၄၅) မိနစ္ အခ်ိန္ခန္႔တြင္ မၿငိမ္းၿငိမ္းအိ ဆိုသူမွ ၎၏ခင္ပြန္းသည္ ကိုသီဟစိုးဆိုသူသည္ အျခားေသာ အမ်ိဳးသမီး တစ္ဦးႏွင့္ လုံးခင္းေက်းရြာ ရပ္ကြက္(၅)တြင္ အိမ္ဌားေနထိုင္၍ အတူတကြ ေပါင္းသင္းေနေၾကာင္း သိရွိသျဖင့္ လာေရာက္ေျဖရွင္းရာမွ စကားမ်ားရန္ျဖစ္ရာမွ ဓါးထိုးမႈ ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။

ယင္းသို႔ စကားမ်ားရန္ျဖစ္စဉ္ မၿငိမ္ၿငိမ္းအိက ခင္ပြန္းျဖစ္သူအား “တစ္လင္တစ္မယား ဥပေဒအရ အေရးယူပါက ေထာင္ ၇ ႏွစ္က်ႏိုင္ေၾကာင္း” ေျပာဆိုခဲ့ရာ၊ သီဟစိုးမွ “တစ္လင္ တစ္မယား ဥပေဒနဲ႔ေတာ့ ေထာင္က်မခံဘူး၊ နင့္ကိုသတ္ၿပီးမွ ေထာင္က်ခံမယ္” ဟုဆိုကာ အနီးရွိ အ႐ိုး(၄)လက္မ၊ အသြား (၆)လက္မ ခန္႔ရွိ ၾကက္သြန္လွီးသည့္ ဓါးျဖင့္ ထိုးမည္ျပဳလုပ္စဉ္ မၿငိမ္းၿငိမ္းအိမွ လုယူ၍ စိတ္မထိန္းႏိုင္ပဲ ေသဆုံးသူ ကိုသီဟစိုး၏ နံၾကားအား (၃/၄)ခ်က္ ဆင့္ထိုးရာမွ ေသဆုံးခဲ့ေၾကာင္း ရဲမွတ္တမ္းမ်ားအရ သိရသည္။

ေသဆုံးသူမွာ ကိုသီဟစိုး (၂၉)ႏွစ္၊ (ဘ)ဦးပို၊ ျမင္းစီးေက်းရြာ၊ ေရႊဘိုၿမိဳ႕နယ္၊ စစ္ကိုင္းတိုင္း ေဒသႀကီး ေနထိုင္သူ ျဖစ္ေၾကာင္း သိရၿပီး အဆိုပါ ျဖစ္စဉ္ႏွင့္ပတ္သက္၍ မၿငိမ္းၿငိမ္းအိ၊ (၃၄)ႏွစ္၊ (ဘ)ဦးခ်စ္ေဆြ အား ရာဇသတ္ႀကီးပုဒ္မ ၃၀၂ ျဖင့္ တရားစြဲဆိုရန္ စီစဉ္ေဆာင္ရြက္ေနေၾကာင္း လုံးခင္းနယ္ေျမ ရဲစခန္း မွသိရသည္။

ဓါတ္ပုံ – လုံးခင္းနယ္ေျမရဲစခန္း

သတင္း – ေနာင္႐ိုး

#PeopleMedia

(unicode)
နောက်မိန်းမယူထားသည့်ကိစ္စနှင့် လင်မယားချင်း အချင်းများကာ ဓါးထိုးမှုဖြစ်၊ ယောကျ်ားဖြစ်သူသေဆုံး
………………………………………………………………………………..

လုံးခင်း၊ မတ် ၁၉

ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာ၊ ရပ်ကွက်(၅)တွင် ယနေ့၊ နေ့လယ်ပိုင်းက နောက်မိန်းမယူထားသည့်ကိစ္စနှင့် လင်မယားချင်း အချင်းများကာ ဓါးထိုးမှုဖြစ်၊ ယောကျ်ားဖြစ်သူ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

ဖြစ်စဉ်မှာ ယနေ့၊ မတ်လ ၁၉ ရက်နေ့၊ နေ့လည် (၁၂) နာရီ (၄၅) မိနစ် အချိန်ခန့်တွင် မငြိမ်းငြိမ်းအိ ဆိုသူမှ ၎င်း၏ခင်ပွန်းသည် ကိုသီဟစိုးဆိုသူသည် အခြားသော အမျိုးသမီး တစ်ဦးနှင့် လုံးခင်းကျေးရွာ ရပ်ကွက်(၅)တွင် အိမ်ဌားနေထိုင်၍ အတူတကွ ပေါင်းသင်းနေကြောင်း သိရှိသဖြင့် လာရောက်ဖြေရှင်းရာမှ စကားများရန်ဖြစ်ရာမှ ဓါးထိုးမှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ယင်းသို့ စကားများရန်ဖြစ်စဉ် မငြိမ်ငြိမ်းအိက ခင်ပွန်းဖြစ်သူအား “တစ်လင်တစ်မယား ဥပဒေအရ အရေးယူပါက ထောင် ၇ နှစ်ကျနိုင်ကြောင်း” ပြောဆိုခဲ့ရာ၊ သီဟစိုးမှ “တစ်လင် တစ်မယား ဥပဒေနဲ့တော့ ထောင်ကျမခံဘူး၊ နင့်ကိုသတ်ပြီးမှ ထောင်ကျခံမယ်” ဟုဆိုကာ အနီးရှိ အရိုး(၄)လက်မ၊ အသွား (၆)လက်မ ခန့်ရှိ ကြက်သွန်လှီးသည့် ဓါးဖြင့် ထိုးမည်ပြုလုပ်စဉ် မငြိမ်းငြိမ်းအိမှ လုယူ၍ စိတ်မထိန်းနိုင်ပဲ သေဆုံးသူ ကိုသီဟစိုး၏ နံကြားအား (၃/၄)ချက် ဆင့်ထိုးရာမှ သေဆုံးခဲ့ကြောင်း ရဲမှတ်တမ်းများအရ သိရသည်။

သေဆုံးသူမှာ ကိုသီဟစိုး (၂၉)နှစ်၊ (ဘ)ဦးပို၊ မြင်းစီးကျေးရွာ၊ ရွှေဘိုမြို့နယ်၊ စစ်ကိုင်းတိုင်း ဒေသကြီး နေထိုင်သူ ဖြစ်ကြောင်း သိရပြီး အဆိုပါ ဖြစ်စဉ်နှင့်ပတ်သက်၍ မငြိမ်းငြိမ်းအိ၊ (၃၄)နှစ်၊ (ဘ)ဦးချစ်ဆွေ အား ရာဇသတ်ကြီးပုဒ်မ ၃၀၂ ဖြင့် တရားစွဲဆိုရန် စီစဉ်ဆောင်ရွက်နေကြောင်း လုံးခင်းနယ်မြေ ရဲစခန်း မှသိရသည်။

ဓါတ်ပုံ – လုံးခင်းနယ်မြေရဲစခန်း

သတင်း – နောင်ရိုး

#PeopleMedia


Share this post