• Follow Us on

Home နောင်ကျင်းပမည့်ရွေးကောက်ပွဲ၌ နိုင်ငံသားအားလုံး နိုင်ငံသားအသိအမှတ်ပြုကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးရန် မဖြစ်မနေလိုအပ်ချက်ဖြစ်ကြောင်း လ-ဝ-ကဝန်ကြီး ပြောကြား

နောင်ကျင်းပမည့်ရွေးကောက်ပွဲ၌ နိုင်ငံသားအားလုံး နိုင်ငံသားအသိအမှတ်ပြုကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးရန် မဖြစ်မနေလိုအပ်ချက်ဖြစ်ကြောင်း လ-ဝ-ကဝန်ကြီး ပြောကြား

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၇ (People Media)

 

နောင်ကျင်းပမည့် ရွေးကောက်ပွဲ၌ နိုင်ငံသားအားလုံး နိုင်ငံသားအသိအမှတ်ပြု ကိုင်ဆောင်သင့်သည့် ကတ်ပြား တစ်မျိုးမျိုး ကိုင်ဆောင်မဲပေးရန်မှာ မဖြစ်မနေ လိုအပ်ချက်ပင်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင် အားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက ပြောကြားလိုက်သည်။

 

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန လက်ရှိလုပ်ငန်းဆောင်ရွက်ချက်များနှင့် ရှေ့လုပ်ငန်း စဉ်များ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၉ နာရီတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၊ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

 

ပြီးခဲ့သည့် ၂၀၂၀ ပြည့်နှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတွင် တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မဲမသမာမှုဖြစ်ပွားသည့် မဲဆန္ဒရှင် အရေအတွက်မှာ (၁၁ ဒသမ ၃) သန်း ကျော်ရှိကြောင်းကို ရွေးကောက်ပွဲ ကော်မရှင်က စိစစ်ထုတ်ပြန်ထားပြီး ဖြစ်ကြောင်း၊ မဲပေးပိုင်ခွင့်ရှိသူ နိုင်ငံသားအားလုံးကိုင်ဆောင်သင့်သည့် ကတ်ပြားတစ်မျိုးမျိုးကိုင်ဆောင်မဲပေးနိုင်ရန် မိမိတို့ဌာန၏ တာဝန်ပင်ဖြစ်သည့်အတွက် မိမိတို့ဌာနက ပန်းခင်း စီမံချက်ရေးဆွဲဆောင်ရွက်နေခြင်းဖြစ်ကြောင်း၊ ပြည်ထောင်စုဝန်ကြီးက ပြောကြားသည်။

 

ယင်းစီမံချက်သည် နိုင်ငံတော်အတွက် မဖြစ်မနေဆောင်ရွက်ရမည့် လုပ်ငန်းဖြစ်ပြီး တစ်နိုင်ငံလုံး အတိုင်းအ တာဖြင့် လုပ်ငန်းပမာဏအရေအတွက် ကန့်သတ်ချက်၊ ပြီးစီးအောင်ဆောင်ရွက်ရမည့် အချိန်ကန့်သတ်ချက် များရှိနေကြောင်း၊ ၂၀၂၁ ခုနှစ်၊ မေ (၃) ရက်မှစတင်၍ ၂၀၂၂ ခုနှစ်၊ နိုဝင်ဘာ (၃) ရက်အပြီး (၁၈)လကြာပြီးစီး အောင် ဆောင်ရွက်နိုင်ရေးအတွက် မိမိတို့ဝန်ကြီးဌာနတစ်ခုတည်း ဆောင်ရွက်၍ မရနိုင်သကဲ့သို့ ဆက်စပ်ဌာန များအပြင် ပြည်သူများပူးပေါင်းပါဝင်မှသာ ပြီးစီးအောင်မြင်မည့် စီမံချက်တစ်ခုဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး က ပြောကြားသည်။

 

လက်ရှိ နိုင်ငံတော်အစိုးရတာဝန်ယူစဉ်ကာလအတွင်း ပန်းခင်းစီမံချက် လုပ်ငန်း၊ ၂၀၂၄ ခုနှစ်အတွက် သန်း ခေါင်စာရင်းကောက်ယူခြင်းလုပ်ငန်း၊ နယ်စပ်ဝင်/ ထွက်ဂိတ်များ စီမံခန့်ခွဲမှုစနစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း၊ e-ID စနစ် အကောင်အထည်ဖော်ခြင်းလုပ်ငန်းတို့ကို ဆက်လက်ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ ပြည်ထောင် စုဝန်ကြီးက ပြောကြားခဲ့သည်။

 

#PeopleMedia #လဝက #ဦးခင်ရီ

 

(unicode)


……………………………………………………………………..

 


 


 


 


 


 


 



Share this post