• Follow Us on

Home နောင်ချိုမြို့နယ်၌ ဆက်ကြေးကောက်နေသော TNLA အဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးခံရ

နောင်ချိုမြို့နယ်၌ ဆက်ကြေးကောက်နေသော TNLA အဖွဲ့ဝင်တစ်ဦးက ဖမ်းဆီးခံရ

Share this post

ရန်ကုန်၊စက်တင်ဘာ-၁၈

ရှမ်းပြည်နယ် မြောက်ပိုင်း နောင်ချိုမြို့၌ ဆက်ကြေးကောက်နေသော TNLA အဖွဲ့ဝင်တစ်ဦးကို ဖမ်းဆီးလိုက်ကြောင်း တပ်မတော်က ယနေ့ သတင်းထုတ်ပြန်လိုက်သည်။

ဖြစ်စဉ်မှာ နောင်ချိုမြို့နယ်အတွင်း လုံခြုံရေးဆောင်ရွက်နေသော တပ်ဖွဲ့ဝင်များသည် ဘန့်ဘွေးကျေးရွာအနီး အမြင့်ကမ္ဘာဆီဆိုင်နေရာ၌ TNLA မှ ဆက်ကြေး ကောက်ခံနေကြောင်း သိရသဖြင့် စက်တင်ဘာ ၁၆ ရက် နံနက် ၈ နာရီခန့်တွင် သွားရောက်၍ နယ်မြေစိုးမိုးရေးလုပ်ငန်းများဆောင်ရွက်ခဲ့သည်။

ထိုသို့ဆောင်ရွက်ရာ၌ TNLA အဖွဲ့မှ ဟိုခိုကျေးရွာနေ စိန်ရွှေ(ဘ)ဦးသောင်းထွေးအား ဆက်ကြေးကောက်ခံသည့် စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။

unicode


Share this post