• Follow Us on

Home နော့သ်သရုပ်ဂရူးမန်းကော်ပိုရေးရှင်းက အဆင့်မြှင့်တင်ထားသော ခေတ်မီအပူလှိုင်းရှောင်ပဲ့ထိန်းဒုံးကျည် AARGM-ER စတင်ထုတ်လုပ်

နော့သ်သရုပ်ဂရူးမန်းကော်ပိုရေးရှင်းက အဆင့်မြှင့်တင်ထားသော ခေတ်မီအပူလှိုင်းရှောင်ပဲ့ထိန်းဒုံးကျည် AARGM-ER စတင်ထုတ်လုပ်

Share this post

နိုင်ငံတကာ၊ အောက်တိုဘာ ၅ (People Media)

 

ပစ်ခတ်နိုင်မှုအကွာအဝေးတိုးချဲ့ထားသောခေတ်မီအပူလှိုင်းရှောင်ပဲ့ထိန်းဒုံးကျည် Advanced Anti-Radiation Guided Missile Extended Range (AARGM-ER) ထုတ်လုပ်ရေး ကနဦးအဆင့်ရွေးချယ်သတ်မှတ်ပြီး စတင် ထုတ်လုပ်ခြင်း (LRIP) ပြုလုပ်ရန် အမေရိကန်ရေတပ်က သဘောတူထောက်ခံလိုက်ပြီဖြစ်ကြောင်း နော့သ်သ ရုပ်ဂရူးမန်းကော်ပိုရေးရှင်း Northrop Grumman Corp က ကြေညာလိုက်သည်။

 

ပစ်ခတ်နိုင်မှုအကွာအဝေးတိုးချဲ့ထားသောခေတ်မီအပူလှိုင်းရှောင်ပဲ့ထိန်းဒုံးကျည် (AARGM-ER) ကို အမေရိ ကန်ရေတပ်မှ F/A-18E/F Super Hornet တိုက်လေယာဉ်များနှင့် EA-18G Growler အီလက်ထရောနစ် စစ် ဆင်ရေးတိုက်လေယာဉ်များတွင် တပ်ဆင်သွားမည်ဖြစ်သည်။ အမေရိကန်လေတပ်မှ F-35A တိုက်လေယာဉ် များ၊ မရိန်းတပ်မှ F-35B တိုက်လေယာဉ်များနှင့် ရေတပ်မှ F-35C တိုက်လေယာဉ်များတွင်လည်း အဆိုပါစနစ် သစ်ကို တပ်ဆင်သွားမည်ဖြစ်ကြောင်းသိရသည်။

 

အဆိုပါ ပစ်ခတ်နိုင်မှုအကွာအဝေးတိုးချဲ့ထားသောခေတ်မီအပူလှိုင်းရှောင်ပဲ့ထိန်းဒုံးကျည် (AARGM-ER) လက် နက်စနစ်မှာ လက်ရှိရေတပ်တွင်သုံးစွဲနေသော AARGM ကိုအဆင့်မြှင့်တင်ထားခြင်းဖြစ်သည်။

 

ကနဦးအဆင့်ရွေးချယ်သတ်မှတ်ပြီး စတင်ထုတ်လုပ်ခြင်း (LRIP) ကြေညာချက်မှာ ပစ်ခတ်နိုင်မှုအကွာအဝေး တိုးချဲ့ထားသောခေတ်မီအပူလှိုင်းရှောင်ပဲ့ထိန်းဒုံးကျည် (AARGM-ER) ထုတ်လုပ်ရေးအတွက် အရေးကြီးသော ခြေလှမ်းတစ်ရပ်ဖြစ်ပြီး အမေရိကန်ရေတပ်အတွက် ယုံကြည်မှုတစ်ရပ်ဖြစ်ကြောင်း ရေတပ်စီမံကိန်းမန်နေဂျာ ကပ္ပတိန်အဲလက်ဒတ်ကိုကပြောသည်။

 

AARGM-ER လက်နက်စနစ်သည် အမေရိကန်ရေတပ်နှင့် မဟာမိတ်တပ်ဖွဲ့များအတွက် ပိုမိုကောင်းမွန်သော ကာကွယ်ရေးစနစ်ကိုထောက်ပံ့သွားမည်ဖြစ်ကြောင်း ၎င်းကပြောသည်။

 

“AARGM-ER  လက်နက်စနစ်နဲ့အတူ AARGM အုပ်စုတိုးတက်ပြောင်းလဲလာမှုဟာ အမေရိကန်နဲ့ မဟာမိတ် တပ်ဖွဲ့ဝင်တွေကို ရန်သူ့လေကြောင်းရန်ကာကွယ်ရေးခြိမ်းခြောက်မှုတွေကို စုံစမ်းထောက်လှမ်းပြီး အနိုင်ယူဖို့ အ တွက် ပိုမိုသာလွန်ကောင်းမွန်တဲ့လက်နက်စွမ်းရည်တွေကို ထောက်ပံ့ပေးသွားမှာဖြစ်ပါတယ်။” ဟု Northrop Grumman ကုမ္ပဏီမှ ဒုတိယဥက္ကဋ္ဌဂေါ်ဒွန်တာနာကပြောသည်။

 

AARGM-ER  လက်နက်စနစ်အတွက် ဘတ်ဂျက်ကို အမေရိကန်ရေတပ်၏ ၂၀၁၆ ခုဘဏ္ဍာရေးနှစ် ဘတ်ဂျက် တွင် ထည့်သွင်းတင်ပြထားပြီဖြစ်သည်။ Northrop Grumman ကုမ္ပဏီက အဆိုပါလက်နက်စနစ်အတွက် အစီ အစဉ်ရေးဆွဲထားမှုကို ၂၀၁၆ ခုနှစ် စက်တင်ဘာလက ထုတ်ဖော်ပြောဆိုခဲ့သည်။ အဆိုပါလက်နက်စနစ်ကို အ ဆင့်မြှင့်တင်ရန် ကန်ထရိုက်အား Northrop Grumman ကုမ္ပဏီက ၂၀၁၈ ခုနှစ် ဇန်နဝါရီလတွင် ရရှိခဲ့သည်။

 

Airframe အသစ်နှင့် တွန်းကန်မောင်းနှင်အား ပိုမိုမြန်ဆန်သော AARGM-ER  လက်နက်စနစ်သည် လက်ရှိသုံး စွဲနေသော AARGM လက်နက်စနစ်ဟောင်းထက် ပစ်ခတ်နိုင်သောအကွာအဝေးနှင့် အမြန်နှုန်း နှစ်ဆမြင့်တက် လာဖွယ်ရှှိမည်ဟု မျှော်လင့်ထားကြသည်။

 

အဆိုပါ AARGM-ER  လက်နက်စနစ်သည် အကွာအဝေး ကီလိုမီတာ ၃၃၀ (၁၈၆ မိုင်) အထိပစ်ခတ်နိုင်ပြီး အသံထက်လေးဆမြန်သည့်နှုန်း (တစ်နာရီ ၄,၉၃၉ ကီလိုမီတာ၊ တစ်နာရီ ၃,၀၆၉ မိုင်) ဖြင့် ပျံသန်းနိုင်ဖွယ်ရှိ ကြောင်း သိရသည်။

 

Ref: Northrop Grumman Anti-Radiation Missile Enters Production

 

#PeopleMedia

 

(unicode)


………………………………………………………………………

 


 


 


 


 


 


 


 


 


 


 

Ref: Northrop Grumman Anti-Radiation Missile Enters Production

 

#PeopleMedia


Share this post