• Follow Us on

Home နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား(၁၀၃၀) မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် စီမံကိန်း(၂၉)ခု ဆောင်ရွက်နေ

နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား(၁၀၃၀) မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် စီမံကိန်း(၂၉)ခု ဆောင်ရွက်နေ

Share this post

ရန်ကုန်၊ စက်တင်ဘာ ၁၇ (People Media)

 

မြန်မာနိုင်ငံဒေသအသီးသီး၌ လျှပ်စစ်ဓာတ်အား (၁၀၃၀) မဂ္ဂါဝပ် ထုတ်လုပ်နိုင်မည့် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်း (၂၉) ခု ဆောင်ရွက်လျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ပြောသည်။

 

ယမန်နေ့ နံနက်ပိုင်းက (၁၅) ကြိမ်မြောက် အရှေ့အာရှဆိုင်ရာ စွမ်းအင်ဆိုင်ရာဝန်ကြီးများ အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

 

ယခုမေလတွင် နေရောင်ခြည်စွမ်းအင်သုံး လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးစီမံကိန်းများ ဆောင်ရွက်နိုင်ရန် ဒုတိယအကြိမ် အပြည်ပြည်ဆိုင်ရာတင်ဒါခေါ်ယူူခဲ့ရာ ၃၂၀ မဂ္ဂါဝပ်ထုတ်လုပ်နိုင်မည့် စီမံကိန်း ၁၂ ခုအတွက် တင်ဒါခေါ်ယူခဲ့ကြောင်း သိရသည်။

 

မြန်မာနိုင်ငံ၏ စွမ်းအင်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ရန် သဘာဝဓာတ်ငွေ့ရည် တင်သွင်းဆောင်ရွက်ရှိ ကြောင်း၊ သမားရိုးကျ အိမ်သုံးလောင်စာနေရာတွင် ရေနံဓာတ်ငွေ့ရည် အစားထိုး သုံးစွဲနိုင်ရန် ကြိုးပမ်း ဆောင်ရွက်ရှိကြောင်း ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးခဲ့သည်။

 

လက်ရှိမြန်မာနိုင်ငံတွင် လျှပ်စစ်ဓာတ်အား ၆ ဒသမ ၇ ဂီဂါဝပ် ထုတ်လုပ်နေပြီး၊ သဘာဝဓာတ်ငွေ့ အရင်း အမြစ်ကို ၅၀ ရာခိုင်နှုန်းအထိ ထုတ်လုပ်လျက်ရှိကြောင်း၊ ရေအားလျှပ်စစ်မှ ၄၈ ရာခိုင်နှုန်း၊ ပြန်ပြည့်မြဲစွမ်းအင်မှ တစ်ရာခိုင်နှုန်း သုံးစွဲပြီး၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးလျက်ရှိကြောင်း၊ ၂၀၃ဝ ပြည့်နှစ်တွင် လို အပ်မည့် လျှပ်စစ်ဓာတ်အား ၂၃ ဒသမ ၆ ဂီဂါဝပ် ထုတ်လုပ်နိုင်ရေး ကြိုးပမ်းလျက်ရှိကြောင်း လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးအောင်သန်းဦးက ပြောကြားခဲ့သည်။

 

#PeopleMedia #လျှပ်စစ် #ဆိုလာ

(unicode)


……………………………………………………………….

 


 


 


 


 


 


 



Share this post