• Follow Us on

Home နေပြည်တော်ကို လျှပ်စစ်ဘတ်စ်ကားလမ်းများ၊ မြေအောက်ရထားလမ်းများတည်ဆောက်ရေး ကြိုတင်စီမံထား ရန်နှင့် လျှပ်စစ်ကားပြေးဆွဲနိုင်ရေးကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း န.စ.က ဥက္ကဋ္ဌပြောဆို

နေပြည်တော်ကို လျှပ်စစ်ဘတ်စ်ကားလမ်းများ၊ မြေအောက်ရထားလမ်းများတည်ဆောက်ရေး ကြိုတင်စီမံထား ရန်နှင့် လျှပ်စစ်ကားပြေးဆွဲနိုင်ရေးကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း န.စ.က ဥက္ကဋ္ဌပြောဆို

Share this post

နေပြည်တော်၊ သြဂုတ် ၁၈ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေတွင် မြို့ပတ်ရထားလမ်းများ၊ ဘတ်စ်ကားလမ်းများ၊ လျှပ်စစ်ဘတ်စ်ကားလမ်း များနှင့် မြေအောက်ရထားလမ်းများ တည်ဆောက်နိုင်ရေး ကြိုတင်စီမံဆောင်ရွက်ထားကြရန်လိုကြောင်းနှင့် လျှပ်စစ်ကားပြေးဆွဲနိုင်ရေးကို မဖြစ်မနေဆောင်ရွက်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ပြောကြားသည်။

 

နေပြည်တော်ကောင်စီနယ်မြေ၌ သြဂုတ် ၁၇ ရက်နေ့တွင်ကျင်းပပြုလုပ်သည့် နေပြည်တော်မြို့တော် ဖွံ့ဖြိုးတိုးတက်ရေးအစည်းအဝေးတွင် တက်ရောက်အမှာစကားပြောကြားစဉ် ပြောကြားခဲ့ခြင်းဖြစ်သည်။

 

အဆိုပါအစည်းအဝေးတွင် ၎င်းမှ နေပြည်တော်ကောင်စီနယ်မြေတွင် လူဦးရေ သန်း ၂၀ အထိ နေထိုင်နိုင်ရန် ရည်ရွယ်တည်ဆောက်ထားသောကြောင့် နောင်အနာဂတ်နေပြည်တော်တွင် မြို့နေလူဦးရေတိုးပွားပြီး မော် တော်ယာဉ်များ၊ မီးရထားများ၊ လျှပ်စစ်ရထားများနှင့် လျှပ်စစ်ကားများ တိုးချဲ့ပြေးဆွဲလာသည့်အခါတွင် ယာဉ် ကြောပိတ်မှုများ မဖြစ်ပေါ်စေရန်လည်း နည်းလမ်းများရှာဖွေဆောင်ရွက်ကြရန် န.စ.ကဥက္ကဋ္ဌမှ ပြောကြားသည်။

 

ဆက်လက်ပြီး နေပြည်တော်နှင့် ရန်ကုန်မြို့၌ မီးရထားပြတိုက်တည်ဆောက်ရန်၊ နေပြည်တော်ကို Green City၊ Clean City၊ Smart City အဖြစ် သန့်ရှင်း၊ သန့်ရပ်၊ သာယာ၊ လှပစိမ်းလန်း၊ စိုပြည်သည့် မြို့တော်တစ်ခုဖြစ်စေ ရန်အတွက်လည်း အဘက်ဘက်မှ စဉ်းစားသုံးသပ်အကောင်အထည်ဖော်ဆောင်ရွက်သွားကြရန်လည်း လို ကြောင်း ပြောကြားခဲ့သည်။

 

ထို့အပြင် နေပြည်တော်တွင် နေရာကောင်းရွေးပြီး တက္ကသိုလ်များ တည်ဆောက်ရန်၊ ပညာရေးနှင့် ပတ်သက် သည့် မြို့တော်အဖြစ်ဆောင်ရွက်ရန်နှင့် နေပြည်တော်ကို စံပြအဖြစ်ဆောင်ရွက်ပြီး အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်တွေအလိုက် ဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း ဆက်လက်ဆောင်ရွက်ရန်လည်း ထည့်သွင်းပြောကြား ခဲ့သည်။

 

အလားတူ နေပြည်တော်တွင် လျှပ်စစ်ကားပြေးဆွဲနိုင်ရေးကို မဖြစ်မနေအကောင်အထည်ဖော် ဆောင်ရွက်သွား ရမည်ဖြစ်ကြောင်းကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်း အောင်လှိုင်မှ ထပ်လောင်းပြောကြားခဲ့သည်။

 

#PeopleMedia #နစက #နေပြည်တော်

 

(unicode)


………………………………………………………………………………

 


 


 


 


 


 


 


 



Share this post