• Follow Us on

Home နေပြည်တော်စည်ပင်ရိပ်သာရှိ ကိုယ်စားလှယ်များ ၂၄ နာရီအတွင်း ပြောင်းရွှေ့ပေးရန် တပ်မတော် ညွှန်ကြား

နေပြည်တော်စည်ပင်ရိပ်သာရှိ ကိုယ်စားလှယ်များ ၂၄ နာရီအတွင်း ပြောင်းရွှေ့ပေးရန် တပ်မတော် ညွှန်ကြား

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၃ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
နေပြည်တော် စည်ပင်ရိပ်သာတွင် နေထိုင်သည့် လွှတ်တော်ကိုယ်စားလှယ်များ ၂၄ နာရီအတွင်း ပြောင်းရွှေ့ ပေးရန် တပ်မတော်က ညွှန်ကြားလိုက်သည်။
NLD ပါတီ CEC အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်က People Media သို့ ပြောသည်။
အဆိုပါ ညွှန်ကြားချက်နှင့်ပတ်သက်၍ People Media က NLD ပါတီ CEC အဖွဲ့ဝင် ဦးအောင်ကြည်ညွန့်ကို ဆက်သွယ်မေးမြန်းရာ “ကျွန်တော်တို့ကို မနေ့ကပြောတော့ ဒီမှာက ပစ္စည်းတွေ သိမ်းဖို့ နယ်တွေက ကားလာ ကြိုဖို့အတွက်တွေကအစ ဝင်လို့မရ အဆင်မပြေတာတွေ ဖြစ်နေတော့ ၆ ရက်နေ့ကို ထွက်မယ်ဆိုတာ ညှိနှိုင်း လို့ ရထားပြီးသားဗျ။ ဒီနေ့ကျတော့မှ ဘယ်လိုဖြစ်သွားလည်း မသိဘူး။ ပထမ ၄၈ နာရီတဲ့ အခု ၂၄ နာရီတဲ့ ဖြစ်သွားတာ” လို့ ပြောသည်။
ကိုယ်စားလှယ်များ ပစ္စည်းများမှာ များပြားသည့်အတွက် ၂၄ နာရီအတွင်း ပြောင်းရွှေ့ပေးရန် အခက်အခဲ ဖြစ်နေသည့်အတွက် တာဝန်ရှိများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း ဦးအောင်ကြည်ညွန့်က ဆိုသည်။
လက်ရှိ နေပြည်တော် စည်ပင်ရိပ်သာတွင် NLD ပါတီ လွှတ်တော်ကိုယ်စားလှယ် ၃၈၇ ဦးနှင့် တိုင်းရင်း သားပါတီများ၏ လွှတ်တော်ကိုယ်စားလှယ်များ ရှိနေသေးပြီး တစ်ချို့မှာတော့ ပြန်သွားကြပြီဖြစ်ကြောင်း သိရသည်။
#PeopleMedia
(unicode)
………………………………………………………

Share this post