• Follow Us on

Home နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၁) ကို နိုဝင်ဘာ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်

နေပြည်တော်စည်ပင်ဧည့်ရိပ်သာ (၁) ကို နိုဝင်ဘာ ၁ ရက်နေ့တွင် စတင်ဖွင့်လှစ်မည်

Share this post

နေပြည်တော်၊ အောက်တိုဘာ ၃၀ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေရှိ စည်ပင်ဧည့်ရိပ်သာ (၁) ကို နိုဝင်ဘာ (၁) ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်သည်။

 

နေပြည်တော်ကောင်စီနယ်မြေသို့ ဝင်ရောက်မည့် ဝန်ထမ်းများနှင့် အများပြည်သူများ အဆင်ပြေစွာ တည်း ခိုနိုင်ရန်အတွက် ဖွင့်လှစ်ခြင်းဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီအခွန်ဌာနမှသိရသည်။

 

ထိုဖွင့်လှစ်မည့် စည်ပင်ဧည့်ရိပ်သာရှိ အိပ်ဆောင်၊ အခန်းများအား ပိုးသတ်ဆေးဖြန်းခြင်း၊ သန့်ရှင်းရေးများ လုပ်ခြင်း၊ အိပ်ယာများ ခင်းကျင်းနေရာချထားခြင်းနှင့် သစ်သားကုတင်များကို သံကုတင်အဖြစ် အစားထိုးလဲ လှယ်ခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #နေပြည်တော်ကောင်စီနယ်မြေ

 

(unicode)


…………………………………………………

 


 


 


 


 

Photo – Credit

 



Share this post