• Follow Us on

Home နေပြည်တော်တွင်တည်ဆောက်မည့် လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်ငါးစုံ ထပ်မံရောက်ရှိ

နေပြည်တော်တွင်တည်ဆောက်မည့် လျှပ်စစ်သုံးယာဉ်များအတွက် အားသွင်းစက်ငါးစုံ ထပ်မံရောက်ရှိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၅

 

အမျိုးသားအဆင့် လျှပ်စစ်သုံးယာဉ်နှင့် ဆက်စပ်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးဆောင်ကော်မတီ၏ ခွင့်ပြုချက်ဖြင့် မြန်မာနိုင်ငံအတွင်းသို့ ဒုတိယအကြိမ်အဖြစ် N.P.K Motors Co., Ltd. က တရုတ်နိုင်ငံမှ တင်သွင်းလာသော EV Charger 60KW ငါးစုံသည် ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်သို့ ဖေဖော်ဝါရီ ၁၁ ရက်တွင် ရောက်ရှိခဲ့ကြောင်း သိရသည်။

 

ယင်းသို့ ရောက်ရှိလာသော EV Charger များကို အကောက်ခွန်ရှင်းလင်းခြင်းဆိုင်ရာ လုပ်ငန်းများဆောင် ရွက်ခဲ့ပြီး လုပ်ထုံးလုပ်နည်းနှင့်အညီ အကောက်ခွန် ကင်းလွတ်ခွင့်ဖြင့် နေ့ချင်းပြီး ထုတ်ယူခွင့်ပြုပေးခဲ့ကြောင်း သိရသည်။

 

အဆိုပါ EV Charger များမှာ နေပြည်တော်ဇမ္ဗူသီရိမြို့နယ်၊ သပြေကုန်းဈေး၌ (60 KW Charging Station) တည်ဆောက်ရန်အတွက်ဖြစ်ကြောင်း သိရသည်။

 

မြန်မာနိုင်ငံအတွင်းသို့ ပထမဆုံး အကြိမ် တင်သွင်းရောက်ရှိလာသည့် လျှပ်စစ်သုံးမော်တော်ယာဉ်များအား ဓာတ်အား (Charging) ပြန်လည်ဖြည့်သွင်းနိုင်ရန် ရန်ကုန်-မန္တလေး အမြန်လမ်း ပေါ်ရှိ အမှတ် (၃) တိုးဂိတ်၊ ဖြူး ယာဉ်ရပ်နားစခန်း၊ နေပြည်တော် လမ်းဆုံယာဉ်ရပ်နားစခန်းတို့ တွင် Charging Station များ တည် ဆောက်နိုင်ရေးအတွက် Earth Renewable Energy ကုမ္ပဏီအနေဖြင့် တရုတ်နိုင်ငံမှ တင်သွင်းလာသည့် EV Charger 60 kW ငါးစုံနှင့် 200 kW နှစ်စုံ စုစုပေါင်းခုနစ်စုံတို့သည် MITT ဆိပ်ကမ်းသို့ ဖေဖော်ဝါရီလ ၁ ရက်နေ့ တွင် ရောက်ရှိပြီး ဖေဖော်ဝါရီလ ၃ရက်တွင် Import Declaration ဖွင့်လှစ်၍ အကောက်ခွန်ဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


………………………………………………

 


 


 


 


 


 

#PeopleMedia


Share this post