• Follow Us on

Home နေပြည်တော်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲ၌ ရဲတပ်ဖွဲ့အရာရှိ၏ လက်ချက်ဖြင့် ဦးခေါင်းကို သေနတ်ကျည်ဆံ မှန်ခဲ့သော မမြသွဲ့သွဲ့ခိုင် ယနေ့ ကွယ်လွန်

နေပြည်တော်တွင် ဖြစ်ပွားခဲ့သော ဆန္ဒပြပွဲ၌ ရဲတပ်ဖွဲ့အရာရှိ၏ လက်ချက်ဖြင့် ဦးခေါင်းကို သေနတ်ကျည်ဆံ မှန်ခဲ့သော မမြသွဲ့သွဲ့ခိုင် ယနေ့ ကွယ်လွန်

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၁၉ (People Media)
နေပြည်တော်ရှိ ဆန္ဒပြပွဲတွင် ရဲတပ်ဖွဲ့အရာရှိ၏ ပစ်ခတ်လိုက်သော ကျည်ဆန်သည် မမြသွဲ့သွဲ့ခိုင်၏ ဦးခေါင်း ကို ထိမှန်ခဲ့ပြီးနောက် အဆိုပါဒဏ်ရာကြောင့် ယနေ့၌ မမြသွဲ့သွဲ့ခိုင် ကွယ်လွန်သွားခဲ့သည်။
ဦးခေါင်း၌ သေနတ်ကျည်ဆံထိမှန်မှုကြောင့် မမြသွဲ့သွဲ့ခိုင်သည် နေပြည်တော်ရှိ ကုတင် ၁၀၀၀ ဆေးရုံတွင် ဆေးကုသမှုခံယူနေစဉ် ကွယ်လွန်ခဲ့ခြင်းဖြစ်သည်။
ယနေ့၍ မမြသွဲ့သွဲ့ခိုင်၏ ရုပ်အလောင်းကို ရင်ခွဲစစ်ဆေးရန် စီစဉ်ထားပြီး သေဆုံးမှုအပေါ် တရားမျှတမှုရရှိရန် အရပ်ဘက်အဖွဲ့များက တောင်းဆိုသွားမည်ဖြစ်သည်။
CDM လှုပ်ရှားမှုတွင် ပါဝင်နေသော လူအများသည် ပြီးခဲ့သည့်ရက်ပိုင်းက မမြသွဲ့သွဲ့ခိုင်အတွက် ဆုတောင်းပွဲ အား နေရာအနှံတွင် ဆုတောင်းပွဲများအား ပြုလုပ်ပေးခဲ့သည်။
#PeopleMedia #နေပြည်တော်
(unicode)
………………………………………………………………


Share this post