• Follow Us on

Home နေပြည်တော်တွင် ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်သမ္မတအိမ်တော်တွင် မီးရှူးမီးပန်းအလုံး (၁၅၀) နှင့် ရေပန်းဥယျာဉ်တွင်အလုံး (၂၈၀) ပစ်ဖောက်မည်

နေပြည်တော်တွင် ၇၃ နှစ်မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ်သမ္မတအိမ်တော်တွင် မီးရှူးမီးပန်းအလုံး (၁၅၀) နှင့် ရေပန်းဥယျာဉ်တွင်အလုံး (၂၈၀) ပစ်ဖောက်မည်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၈
နေပြည်တော်တွင် ၂၀၂၁ ခုနှစ် (၇၃)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် နေပြည်တော် သမ္မတအိမ်တော်အနီးတွင် မီးရှူးမီးပန်းအလုံး(၁၅၀)နှင့် နေပြည်တော် ရေပန်းဥယျာဉ်တွင် အလုံး(၂၈၀) ပစ်ဖောက်သွားမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ယနေ့ ထုတ်ပြန်လိုက်သည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၄ ရက်နေ့မတိုင်ခင်မှာလည်း လွတ်လပ်ရေးနေ့ မီးရှူးမီးပန်းများ ဂုဏ်ပြုပစ် ဖောက်ရန်အတွက် ဇန်နဝါရီလ ၃ ရက်နေ့ ညနေ ၁၉း၀၀ နာရီတွင် သမ္မတအိမ်တော်အနီးတွင် မီးရှူးမီးပန်း အလုံး(၄၀)ကို ၁ မိနစ် စမ်းသပ်ပစ်ဖောက်မည်ဖြစ်ပြီး ညနေ ၁၉း၀၅ နာရီတွင် နေပြည်တော် ရေပန်းဥ ယျာဉ်ဂိတ်အမှတ်(၁) အဝင်လမ်းတွင် မီးရှူးမီးပန်း အလုံး(၄၀)ပစ်ဖောက် စမ်းသပ်မည်ဖြစ်ကြောင်းသိရသည်။
၂၀၂၁ ခုနှစ် ဇန်နဝါရီ ၄ ရက်နေ့ ညနေ ၁၉း၀၀ နာရီမှာတော့ နေပြည်တော် သမ္မတအိမ်တော်အနီးမှာ ၃ မိနစ်ကြာ မီးရှူးမီးပန်း အလုံး(၁၅၀)ကို ပစ်ဖောက်သွားမှာ ဖြစ်သလို ညနေ ၁၉း၀၅ နာရီမှာတော့ နေပြည်တော် ရေပန်းဥယျာဉ်ဂိတ်အမှတ်(၁)အဝင်လမ်းတွင် မီးရှူးမီးပန်း အလုံး(၂၈၀)ကို ပစ်ဖောက်သွားမည်ဖြစ်ကြောင်း နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ ထုတ်ပြန်လိုက်သည်။
#PeopleMedia #မီးရှူးမီးပန်း
(Unicode)
………………………………………….


Share this post