• Follow Us on
Latest News

Home နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးကို န-စ-က မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖြင့် အမှုဖွင့်အရေးယူ

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌဟောင်း ဦးရဲမင်းဦးကို န-စ-က မှ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဖြင့် အမှုဖွင့်အရေးယူ

Share this post

နေပြည်တော်၊ သြဂုတ် – ၆ (People Media)

 

နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်ဥက္ကဋ္ဌဟောင်း၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယဥက္ကဋ္ဌဟောင်း နှင့် ဒုတိယမြို့တော်ဝန်ဟောင်း တာဝန်ထမ်းဆောင်ခဲ့သော ဦးရဲမင်းဦးကို နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့ကို ထိခိုက်ပျက်စီးဆုံးရှုံးခဲ့မှုနှင့် ပတ်သက်၍ န-စ-က (အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မ ရှင်)မှ အမှုဖွင့်အရေးယူထားကြောင်း သြဂုတ်လ ၅ ရက်တွင် နိုင်ငံပိုင်မီဒီယာမှ ထုတ်ပြန်ထားသည်။

 

ဖြစ်စဉ်မှာ နေပြည်တော်မြို့မဈေး၌ မီဒီယာစင်တာဆောက်လုပ်ခြင်းနှင့်ပတ်သက်ပြီး အဂတိလိုက်စားမှုအပေါ် စိစစ်ဖော်ထုတ်ပေးရန် တိုင်းကြားခြင်းနှင့်စပ်လျဉ်းပြီး အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ် ဆေးရေးအဖွဲ့မှ စစ်ဆေးခဲ့ကြောင်း ဖော်ပြထားသည်။

 

ဦးရဲမင်းဦးကို နိုင်ငံရေးရာထူးရှိခဲ့စဉ်က နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၏ ဘဏ်အမည်သစ်ပြောင်းလဲမှု ဝန် ဆောင်မှုများပေးနိုင်ရန်အတွက် Digital Marketing Services Facebook ကြော်ငြာဝန်ဆောင်မှုလုပ်ငန်းများ အတွက် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/ ၂၀၁၇ လုပ်ထုံးလုပ်နည်းများနှင့် စည်းမျဉ်းများကို ဖောက်ဖျက်ပြီး အမှန်တကယ် လုပ်ငန်းတည်ရှိမှုမရှိသည့် ကုမ္ပဏီတစ်ခုကို ၂၀၂၀ ခုနှစ် သြဂုတ် ၃ ရက်နေ့တွင် မြန်မာကျပ်ငွေ ၂၈ သန်းကျော်ကို ပိုမိုခွင့်ပြုပေးခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့ကို ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

ထို့ပြင် ဘဏ်၏ ချေးငွေမူဝါဒနှင့် လုပ်ထုံးလုပ်နည်းများနှင့် ကိုက်ညီမှုမရှိဘဲ မြေဂရန်သက်တမ်းကုန်ဆုံးနေခြင်း၊ ဂရန်အမည်ပေါက်ပြောင်းလဲရန်လိုအပ်ခြင်း စသည့်စာရွက်စာတမ်းအထောက်အထားမပြည့်စုံဘဲ ၎င်းနှင့်ဆက် စပ်သည့် ပုဂ္ဂိုလ်နှစ်ဦးအား ၂၀၂၀ ခုနှစ် မတ်လ ၁၆ ရက်တွင် ငွေကျပ်သန်း ၁၇၀ ကို စာချုပ်ချုပ်ဆို ထုတ်ချေးခဲ့ ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့ကို ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

ဦးရဲမင်းဦးသည် ၎င်းနှင့်ဆက်စပ်သည့် ပုဂ္ဂိုလ်တစ်ဦး၏ အိမ်နှင့်မြေအား အာမခံပြုလုပ်ပြီး နေပြည်တော်ဖွံ့ဖြိုး ရေးဘဏ်မှ ငွေချေးယူရာတွင် ချေးငွေဆုံးရှုံးနိုင်ခြေစီမံခန့်ခွဲမှုကော်မတီမှ ငွေကျပ်သန်း ၄,၂၅၀ သာ ချေးယူ သင့်ကြောင်း အကြံပြုမှုကို လျစ်လျူရှု၍ ချေးငွေကျပ်သန်း ၄,၅၀၀ ကို ၂၀၂၀ ခုနှစ် စက်တင်ဘာ ၂၈ ရက်တွင် ချေးယူခွင့်ပြုခဲ့ပြီး၊ ထပ်တိုးချေးငွေ ကျပ် ၄၅၀ အား ထပ်မံခွင့်ပြုခဲ့ကြောင်း နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့ကို ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

ထို့အပြင် ဦးရဲမင်းဦးသည် မြေနှင့်အိမ်အား အာမခံပြုလုပ်ပြီး ချေးငွေရယူထားမှုကို ကုမ္ပဏီတစ်ခုအမည် ပြောင်းပြီး ချေးငွေဆုံးရှုံးနိုင်ခြေ စီမံခန့်ခွဲမှုကော်မတီမှ ထောက်ခံသည့် ငွေကျပ်သန်း ၄,၇၁၉ အပေါ် ငွေကျပ်သန်း ၈၁ သန်းပို၍ ၂၀၂၀ ခုနှစ် သြဂုတ်လ ၂၈ ရက် ငွေကျပ်သန်း ၄,၈၀၀ ထုတ်ချေးခဲ့ခြင်းသည် နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်၏ ချေးငွေမူဝါဒနှင့်ကိုက်ညီမှုမရှိဘဲ ထုတ်ချေးခဲ့ခြင်းကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့ကို ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

၎င်းသည် နေပြည်တော် မြို့မဈေးပွဲရုံတန်း၌ Informatiom Center တည်ဆောက်ရန် ဆောင်ရွက်ရာတွင် နိုင်ငံတော်သမ္မတရုံး၏ ညွှန်ကြားချက်အမှတ် ၁/၂၀၁၇ တင်ဒါလုပ်ထုံးလုပ်နည်းများနှင့်အညီ တင်ဒါခေါ် ဆောင်ထားခြင်းမရှိဘဲ ၎င်းနှင့်ဆက်စပ်သည့် ဆောက်လုပ်ရေးကုမ္ပဏီတစ်ခုသို့ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၆ ရက်နေ့တွင် လုပ်ငန်းတန်ဖိုးငွေကျပ် ၁၆၉ သန်းကျော်ကို စာချုပ်ချုပ်ဆိုငှားရမ်းထားခဲ့ခြင်းများလည်း ရှိခဲ့ ကြောင်း ဖော်ပြထားသည်။

 

အလားတူ ကုမ္ပဏီတင်ဒါစီမံကိန်းမဟုက်ဘဲ တင်ဒါစီမံကိန်းဟုဖော်ပြပြီး နေပြည်တော်ဖွံ့ဖြိုးရေးဘဏ်မှ ချေးငွေ အဖြစ် ငွေကျပ် ၅၉ သန်းကျော် ချေးယူထုတ်ချေးရန် အတည်ပြုဆုံးဖြတ်ခဲ့ခြင်းတို့ကြောင့် နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့် ပိုင်ဆိုင်မှုတို့ကို ထိခိုက်ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဖော်ပြပါရှိသည်။

 

အထက်ပါ စစ်ဆေးဖော်ထုတ်မှုကြောင့် ဦးရဲမင်းဦးကို အဂတိလိုက်စားမှု ဥပဒေပုဒ်မ ၅၅ အရ နေပြည်တော် ကောင်စီနယ်မြေ အမှတ် (၁) နှင့် အမှတ် (၅) မြို့မရဲစခန်းတို့တွင် ၂၀၂၁ ခုနှစ် သြဂုတ် ၅ ရက်တွင် ပထမဆုံး သတင်းပေးတိုင်ကြားချက်ဖွင့်ပြီး တရားစွဲဆိုအရေးယူနိုင်ရေးဆောင်ရွက်လျက်ရှိကြောင်း အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #ဦးရဲမင်းဦး #အဂတိ #နစက

 

(unicode)


…………………………………………………………………

 


 


 


 


 


 


 


 


 


 


 



Share this post