• Follow Us on

Home နေပြည်တော်လယ်ဝေးမြို့နယ် ရှမ်းစုစစ်ဆေးရေးဂိတ်အား သွားရောက်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦး သေဆုံး သွားကြောင်း နေပြည်တော် PDF ထုတ်ပြန်

နေပြည်တော်လယ်ဝေးမြို့နယ် ရှမ်းစုစစ်ဆေးရေးဂိတ်အား သွားရောက်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦး သေဆုံး သွားကြောင်း နေပြည်တော် PDF ထုတ်ပြန်

Share this post

နေပြည်တော်၊ စက်တင်ဘာ ၁၅ (People Media)

 

နေပြည်တော်၊ လယ်ဝေးမြို့နယ်၊ ရှမ်းစုစစ်ဆေးရေးဂိတ်တွင် စက်တင်ဘာ ၁၄ ရက် နေ့လည် ၂ နာရီခွဲအချိန်က လုံခြုံရေးတာဝန်ကျနေသည့် ရဲများအား သေနတ်ဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ဒုရဲအုပ်တစ်ဦး မျက်လုံး ကျည်ဆန် ဖောက်ဝင်ဒဏ်ရာဖြင့် သေဆုံးသွားကြောင်း နေပြည်တော် PDF က ထုတ်ပြန်လိုက်သည်။

 

ရှမ်းစုစစ်ဆေးရေးဂိတ်တွင် ရဲလုံခြုံ‌ရေး သွားရောက်တိုက်ခိုက်ခဲ့သော်လည်း PDF တပ်ဖွဲ့ဝင်များမှာ ထိခိုက်မှု မရှိဘဲ ဆုတ်ခွာနိုင်ခဲ့ကြောင်း ယင်းအဖွဲ့မှ ထုတ်ပြန်ထားသည်။

 

ပြီးခဲ့သည့် စက်တင်ဘာလ ၁၀ ရက်နေ့ ည ၇ နာရီခွဲအချိန်ကလည်း နေပြည်တော် ဥတ္တရသီရိမြို့နယ်၊ မောင် ရမ်းကျေးရွာနေ ဒေါ်ခင်မာဌေးနှင့် သူ၏ သမီးဖြစ်သူ မစန္ဒီဖြိုးတို့ နေအိမ်ရှေ့ထိုင်နေစဉ် သေနတ်ဖြင့် လေးချက် ပစ်ခတ်ခံခဲ့ရသည်။

 

#PeopleMedia

 

(unicode)


………………………………………………………………………….

 


 


 


 


 

#PeopleMedia


Share this post