• Follow Us on

Home နေပြည်တော်အတွင်းရှိ ကျေးရွာသုံးရွာတို့တွင် ခေတ်မီစံပြကျေးရွာများဖြစ်ပေါ်လာစေရေးအတွက် ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်မှစ၍ Pilot Project အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေ

နေပြည်တော်အတွင်းရှိ ကျေးရွာသုံးရွာတို့တွင် ခေတ်မီစံပြကျေးရွာများဖြစ်ပေါ်လာစေရေးအတွက် ၂၀၂၁-၂၀၂၂ ခုဘဏ္ဍာရေးနှစ်မှစ၍ Pilot Project အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်နေ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၂၆ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ တပ်ကုန်းမြို့နယ်၊ ဂွေးပင်ကျေးရွာ၊ ပျဉ်းမနားမြို့နယ် ကျွန်းဦးကျေး ရွာနှင့် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာတို့တွင် ခေတ်မီစံပြကျေးရွာများဖြစ်ပေါ်လာစေရေးအတွက် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ်မှစ၍ Pilot Project အဖြစ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိကြောင်း၊ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနမှ သိရသည်။

 

ခေတ်မီစံပြကျေးရွာများထူထောင်ရာတွင် ကျေးရွာ၏ လိုအပ်ချက်များ ဖော်ထုတ်၍ ကျေးရွာဖွံ့ဖြိုးရေးနှင့် မိသားစုဝင်ငွေတိုးပွားစေရေးလုပ်ငန်းများ၊ အစုအဖွဲ့သမဝါယမစနစ်ဖြင့် ကျေးလက် စီးပွားရေးမြင့်မားရေး အတွက် ပြည်သူဗဟိုပြုနည်းလမ်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း၊ သော်မော်ကုန်း ကျေးရွာတွင် ယခု ဘဏ္ဍာရေးနှစ်၌ ကျေးရွာအခြေခံအဆောက်အဦ လုပ်ငန်း (၃)ခု၊ အသက်မွေးဝမ်းကျောင်း သင်တန်း (၅)ခု၊ သွင်းအားစုနှင့် ငွေကြေးဝန်ဆောင်မှု (၂)ခု၊ အသင်း အဖွဲ့ခိုင်မာအားကောင်းစေခြင်းနှင့် နည်းပညာ ဖြန့်ဖြူးခြင်း(၁)ခု၊ လူမှုကာကွယ်စောင့်ရှောက်ခြင်း လုပ်ငန်း (၄)ခုနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းခြင်းလုပ်ငန်း (၁)ခု စုစုပေါင်း လုပ်ငန်း (၁၆)ခုကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ယခုအခါ လုပ်ငန်းပြီးစီးမှု (၉၁ ရာခိုင်နှုန်း)ရှိပြီဖြစ်ကြောင်း သိရသည်။

 

သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးလှမိုး၊ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများသည် ယမန်နေ့ မွန်းလွဲပိုင်းက နေပြည်တော် အတွင်း ခေတ်မီစံပြကျေးရွာအဖြစ် အကောင် အထည်ဖော်ဆောင်ရွက်ရှိသည့် လယ်ဝေးမြို့နယ် သော်မှော်ကုန်းကျေးရွာတွင် အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေ အနေများကို ကြည့်ရှု စစ်ဆေးခဲ့သည်။

 

ထိုနောက် ပြည်ထောင်စုဝန်ကြီးက မိမိတို့ဝန်ကြီးဌာန အနေဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွား ဘဝများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ကျေးလက်အခြေခံအဆောက်အအုံ ဖွံ့ဖြိုးရေး လုပ်ငန်းများအပြင် သမဝါယမကဏ္ဍမြှင့်တင်ရေးနှင့် အသေးစား အလတ်စား စက်မှုလက်မှုလုပ်ငန်းများနှင့် ချိတ်ဆက်ကာ ဘက်စုံကျေးလက် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ဦးစားပေး ဆောင်ရွက်လျက်ရှိပါကြောင်း၊ စံပြကျေးရွာအင်္ဂါရပ်များနှင့်အညီ ဖြစ်စေရေး လိုအပ်ချက်များကို သက်ဆိုင်ရာဌာနများနှင့် ချိတ်ဆက်ကာ ဦးစားပေးလိုက် ဖြည့်ဆည်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ ကျေးရွာသူကျေးရွာသားများအနေဖြင့်လည်း  အခြေခံ အဆောက်အအုံဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ကျေးရွာကုန်ထုတ်လုပ်ငန်းများ အမှန် တကယ်ဆောင်ရွက်ကြစေလိုကြောင်း မှာကြားခဲ့သည်။

 

#PeopleMedia

 

(unicode)


………………………………………………………………..

 


 


 


 


 


 

#PeopleMedia


Share this post