• Follow Us on

Home နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ COVID 19 ရောဂါတားဆီးရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ ဝင်များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက စားသောက်ကုန်များ ထောက်ပံ့

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ COVID 19 ရောဂါတားဆီးရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ ဝင်များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌက စားသောက်ကုန်များ ထောက်ပံ့

Share this post

နေပြည်တော်၊ စက်တင်ဘာ ၂၀ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ COVID 19 ရောဂါတားဆီးရေးတွင် ပါဝင်ဆောင်ရွက်ခဲ့သည့် ရဲတပ်ဖွဲ့ဝင်များကို နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က စားသောက်ကုန်များကို ထောက်ပံ့ခဲ့သည်။

 

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမောင်မောင်နိုင်က  ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း၌ လုံခြုံ ရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းများနှင့် COVID ရောဂါတားဆီးကာကွယ်ရေးလုပ်ငန်းများကို စွမ်းစွမ်းတမံပါ ဝင်ခဲ့ပြီး ရဲတပ်ဖွဲ့များအနေဖြင့် မြို့ဝင်မြို့ထွက်ဂိတ်များ၊ Stay at Home မြို့နယ်၊ Check Point များမှာ စစ်ဆေး ရေးလုပ်ငန်းများကို ဆောင်ရွက်ခဲ့ကြသည့်အတွက် ကျေးဇူးတင်ဂုဏ်ပြုကြောင်း ပြောကြားခဲ့သည်။

 

ထို့အပြင် ရဲတပ်ဖွဲ့ဝင်များအား လုံခြုံရေးနှင့် COVID ရောဂါလုပ်ငန်းများကို အမျိုးသားရေးတာဝန်တစ်ရပ်အနေ ဖြင့် ကြိုးပမ်းဆောင်ရွက်ပေးရန် ပြောကြားခဲ့သည်။

 

အဆိုပါ စားသောက်ကုန်ထောက်ပံ့မှုကို ယနေ့ နံနက်က  နေပြည်တော်ရဲတပ်ဖွဲ့မှူးရုံးအစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့ခြင်းဖြစ်သည်။

 

#PeopleMedia #နေပြည်တော်ကောင်စီ #ရဲတပ်ဖွဲ့ဝင်

 

(unicode)


………………………………………………………………

 


 


 


 


 


 



Share this post