• Follow Us on

Home နေပြည်တော်ကောင်စီနယ်မြေ၊ သာဝတ္ထိမြို့ရှိ ချောင်းအတွင်း၌ ပိုင်ရှင်မဲ့ အလောင်းတစ်လောင်း တွေ့ရှိ

နေပြည်တော်ကောင်စီနယ်မြေ၊ သာဝတ္ထိမြို့ရှိ ချောင်းအတွင်း၌ ပိုင်ရှင်မဲ့ အလောင်းတစ်လောင်း တွေ့ရှိ

Share this post

နေပြည်တော်၊ အောက်တိုဘာ ၂၉ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေ၊ သာဝတ္ထိမြို့နယ်၊ သစ်ကိုးပင်ရွာအနီး ချောင်းအတွင်း၌ ပုတ်ပွသေဆုံးနေသော ပိုင်ရှင်မဲ့ အမျိုးသားအလောင်းတစ်လောင်းကို အောက်တိုဘာ ၂၉ ရက်နေ့က တွေရှိခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။

 

“ဖြစ်စဉ်ကတော့ ဟုတ်ပါတယ်။ ဒဏ်ရာဒဏ်ချက်ရှိလာမရှိလားဆိုတာတော့ ကြည့်လို့မရဘူး၊ အလောင်းက တော်တော်လေးကို ပုတ်ပွနေတာပါ” ဟု ဒေသခံလူမှုကူညီရေးအသင်းမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။

 

အဆိုပါသေဆုံးသူသည် အမည်နှင့် နေရပ်လိပ်စာအား စုံစမ်းဆဲဖြစ်ပြီး လက်ရှိ၌ အလောင်းကို ဧလာဆေးရုံသို့ ပို့ဆောင်ထားသည်။

 

#PeopleMedia #ပိုင်ရှင်မဲ့အလောင်း #နေပြည်တော်ကောင်စီနယ်မြေ

 

(unicode)


…………………………………………………………………

 


 


 


 


 



Share this post