• Follow Us on

Home နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ကလေးလုပ်သား စစ်တမ်းကောက်ယူမည်

နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ကလေးလုပ်သား စစ်တမ်းကောက်ယူမည်

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၇ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ ကလေးလုပ်သား စစ်တမ်းကောက်ယူနိုင်ရေးအတွက် စီစဉ် ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ကောင်စီရုံးမှ သိရသည်။

 

နေပြည်တော်ကောင်စီကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ စာရင်းကောက်ယူရေးလုပ်ငန်းကော်မတီ အစားအစာထုတ်လုပ်ခြင်းနှင့် လက်လီနှင့် လက်ကားရောင်းဝယ်ရေး(မော်တော်ယာဉ်နှင့် မော်တော်ဆိုင်ကယ် ပြင်ဆင်ခြင်းကဏ္ဍများ) ရှိ ကလေးလုပ်သားစစ်တမ်း (၂၀၂၀-၂၀၂၁) ကောက်ယူနိုင်ရေးအတွက် မြို့နယ်ကြီး ကြပ်ရေးမှူးများနှင့် စာရင်းကောက်များအား သင်တန်းပေးခြင်းအခမ်းအနားကို ယမန်နေ့နံနက်(၁၀)နာရီတွင် ဒက္ခိဏခရိုင်ရုံး လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပခဲ့သည်။

 

ရှေးဦးစွာ နေပြည်တော်ကောင်စီကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီဥက္ကဋ္ဌ နေပြည်တော် ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က လူငယ်များနှင့် ကလေးများ၏ ဖွံ့ဖြိုးတိုးတက်မှုအခန်းကဏ္ဍသည် နိုင်ငံ တစ်နိုင်ငံ၏ အနာဂတ်ပုံရိပ်ကိုဖန်တီးရာတွင် အလွန်အရေးပါသည့်အတွက် လူငယ်များနှင့် ကလေးများသည် နိုင်ငံ၏တန်ဖိုးမဖြတ်နိုင်သည့် အရင်းအမြစ်များဖြစ်ပါကြောင်း၊ ကလေးသူငယ်များ၏ရုပ်ပိုင်းနှင့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုနှင့် ဉာဏ်ရည်ဉာဏ်သွေးပြည့်မီရေးအတွက် အလေးထားဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောသည်။

 

မြန်မာနိုင်ငံ ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ အမျိုးသားအဆင့် လုပ်ငန်းစီမံချက်ကို ကာလတို၊ ကာလရှည် အပိုင်း(၂) ပိုင်းခွဲပြီး သတ်မှတ်ဆောင်ရွက်သွားရန် ကာလတိုငါးနှစ်စီမံကိန်း သုံးကြိမ်နှင့် ကာလရှည် ၁၅နှစ် စီမံကိန်းသတ်မှတ်ဆောင်ရွက်သွားရန် လျာထားခဲ့ပြီး ပထမငါးနှစ်စီမံကိန်း ရည်မှန်းချက်များအနေဖြင့် ခိုင်မာတိကျသော အခြေခံအချက်အလက်များကောက်ယူခြင်း၊ အသိပညာပေးခြင်းနှင့် စွမ်းဆောင်ရည်မြှင့် တင်ခြင်း၊ ပညာရေးနှင့် အသက်မွေးဝမ်းကျောင်းပညာအခွင့်အလမ်းများ ဖန်တီးပေးခြင်း၊ ဥပဒေဆိုင်ရာပြင် ဆင်ရေးဆွဲမှုနှင့် အကောင်အထည်ဖော် ဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အဆိုးရွားဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံနေရသော ကလေးအလုပ်သမားများအား ဖယ်ရှားခြင်းနှင့် ပြန်လည်ကုစားခြင်း မိသားစုများ အတွက် ပိုမိုကောင်းမွန်သော အသက်မွေးဝမ်းကျောင်းအလုပ်အကိုင် အခွင့်အလမ်းများရှိစေခြင်းစသည့် ရည်မှန်းချက်(၆)ရပ်ဖြင့် ဆောင်ရွက်သွားရမှာဖြစ်ကြောင်း နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးကျော်သိန်းဆိုင်က ပြောကြားခဲ့သည်။

 

#PeopleMedia #နေပြည်တော်ကောင်စီ

 

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post