• Follow Us on

Home နေပြည်တော်ကောင်စီနယ်မြေ၌ ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ လူမှုဝန်ထမ်းဘာသာရပ်များ သင်ကြားနိုင်မည့် တက္ကသိုလ်များ ဖွင့်ရန် စီစဉ်နေ

နေပြည်တော်ကောင်စီနယ်မြေ၌ ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ လူမှုဝန်ထမ်းဘာသာရပ်များ သင်ကြားနိုင်မည့် တက္ကသိုလ်များ ဖွင့်ရန် စီစဉ်နေ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၁၆ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေ၌ ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ လူမှုဝန်ထမ်းဘာသာရပ်များ သင်ကြားနိုင်မည့် တက္ကသိုလ်များ ဖွင့်ရန် စီစဉ်နေကြာင်း သိရသည်။

 

အလားတူ နေပြည်တော်ကောင်စီနယ်မြေ၌ဝိဇ္ဇာ၊ သိပ္ပံ၊ ဥပဒေ၊ စီးပွားရေး၊ ဆေးပညာ၊ လူမှုဝန်ထမ်းဘာသာ ရပ်များ သင်ကြားနိုင်မည့် တက္ကသိုလ်ဖွင့်ရန် န-စ-ကဥက္ကဋ္ဌက တရားဝင်ပြောဆိုထားပြီးဖြစ်သည်။

 

ထိုကဲ့သို့ နေပြည်တော်ကောင်စီနယ်မြေ၌ တက္ကသိုလ်ဖွင့်လှစ်ရန် မြေနေရာ လျာထားသတ်မှတ်ပြီးဖြစ်ကြောင်း တာဝန်ရှိသူအချို့က အတည်ပြု ပြောဆိုသည်။

 

လက်ရှိအချိန်၌ နေပြည်တော်ကောင်စီနယ်မြေအတွင်းရှိ အခြေခံပညာရေးကျောင်းများ၌ ကျောင်းတက်ရောက် သူ ရာနှုန်းပြည့် တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ပညာရေးဌာန၏ ပြောဆိုချက်အရသိရသည်။

 

နေပြည်တော်ကောင်စီနယ်မြေသည် ပြည်ထောင်စုအဆင့် အစိုးရရုံးစိုက်ရာ နယ်မြေတစ်ခုဖြစ်သလို ပြည် ထောင်စုအဆင့် လွှတ်တော်တည်ရှိရာနေရာလည်းဖြစ်သည်။

 

 

Photo – Credit

 

#PeopleMedia #နေပြည်တော်ကောင်စီနယ်မြေ

(unicode)


………………………………………………………………

 


 


 


 


 


 


 

 

Photo – Credit

 



Share this post