• Follow Us on

Home နေပြည်တော်ကောင်စီနယ်မြေ၌ လက်လုပ်ဗုံးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

နေပြည်တော်ကောင်စီနယ်မြေ၌ လက်လုပ်ဗုံးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိ

Share this post

နေပြည်တော်၊ ဒီဇင်ဘာ ၂၀ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေ၊ လယ်ဝေးမြို့နယ်၊ ပြည်ဝင်ကျေးရွာနေ ဦးနေမျိုးအောင် နေအိမ်အတွင်းမှ လက်လုပ်ဗုံးများနှင့် ဆက်စပ်ပစ္စည်းများ သိမ်းဆည်းရမိခဲ့ကြောင်း သိရပါတယ်။

 

ဖြစ်စဉ်မှာ ဒီဇင်ဘာ ၁၈ ရက်နေ့က လုံခြုံရေးအဖွဲ့များသည် လယ်ဝေးမြို့နယ်၊ ပြည်ဝင်ကျေးရွာနေ ဦးနေမျိုး အောင်နေအိမ်ကို ဝင်ရောက်ရှာဖွေရာ နေအိမ်အတွင်းရှိ နွားတင်းကုတ်ထဲ၌ လက်လုပ်ဗုံး ၂၂ လုံး၊ ယမ်းကြိုး၊ ယမ်းမှုန့်အပါအဝင် ဆက်စပ်ပစ္စည်းများကို သိမ်းဆည်းရမိခဲ့ခြင်း ဖြစ်ပါတယ်။

 

“လူကတော့ မမိဘူး။ နေအိမ်အတွင်းက ဖောက်ခွဲရေးပစ္စည်းတွေကို ရှာဖွေတွေ့ရှိခဲ့တယ်လို့” ဒေသခံတစ်ဦးက ပြောပါတယ်။

 

အလားတူ ပြီးခဲ့သည့်လက နေပြည်တော်ကောင်စီနယ်မြေအတွင်း၌ ဖောက်ခွဲရေးပြုလုပ်ရာ၌ ပါဝင်သူများကို လုံခြုံရေးအဖွဲ့များက ဖမ်းဆီးထိန်းသိမ်းနိုင်ခဲ့ပါတယ်။

 

#PeopleMedia #လယ်ဝေးမြို့

 

(unicode)


……………………………………………………………….

 


 


 


 


 


 



Share this post