• Follow Us on

Home နေပြည်တော်ကောင်စီနယ်မြေ၌ လျှပ်စစ်ကားများ ပြေးဆွဲနိုင်ရန် လာရောက်ရင်းနှီးမြှုပ်နှံသူများကို အခွန် လျှော့ပေါ့ခြင်းဖြင့် ဆွဲဆောင်မယ်လို့ စက်မှုဝန်ကြီးပြောဆို

နေပြည်တော်ကောင်စီနယ်မြေ၌ လျှပ်စစ်ကားများ ပြေးဆွဲနိုင်ရန် လာရောက်ရင်းနှီးမြှုပ်နှံသူများကို အခွန် လျှော့ပေါ့ခြင်းဖြင့် ဆွဲဆောင်မယ်လို့ စက်မှုဝန်ကြီးပြောဆို

Share this post

နေပြည်တော်၊ သြဂုတ် ၂၃ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေ၌ လျှပ်စစ်ကားများပြေးဆွဲနိုင်ရေးအတွက် လာရောက်ရင်းနှီးမြှုပ်နှံသူများကို အခွန်လျှော့ပေါ့ခြင်းဖြင့် ဆွဲဆောင်မှုများပြုလုပ်သွားမယ်လို့ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ချာလီသန်းမှ ပြောကြားခဲ့သည်။

 

သြဂုတ် ၂၂ ရက်နေ့၌ Video Conferencing စနစ်ဖြင့် ကျင်းပပြုလုပ်သည့် နေပြည်တော်ကောင်စီနယ်မြေ ဖွံ့ဖြိုးတိုးတက်ရေး ညှိနှိုင်းအစည်းအဝေးတွင် ၎င်းမှအထက်ပါအတိုင်းပြောကြားခဲ့ခြင်းဖြစ်ကြောင်း နိုင်ငံပိုင် ရုပ်မြင်သံကြားမှတစ်ဆင့် ထုတ်ပြန်ကြေညာခဲ့သည်။

 

အဆိုပါအစည်းအဝေးတွင် စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာလီသန်းမှ နေပြည်တော်ကို စိမ်း လန်းစိုပြေပြီး Green City, Smart City ဖြစ်စေရန်အတွက် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ ထုတ်လွှတ်မှုမရှိ သည့် လျှပ်စစ်စွမ်းအင်သုံးယာဉ်များဖြင့် အစားထိုအသုံးပြုနိုင်ရေးစီမံဆောင်ရွက်လျက်ရှိကြောင်း ပြောကြားခဲ့ သည်။

 

ထို့အပြင် လာရောက်ရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်များကိုလည်း အခွန်များလျှော့ပေါ့ပေးသည့် ဆွဲဆောင်မှုများ ဖြင့် ပြုလုပ်ဆောင်ရွက်နိုင်ရေးများကို န.စ.ကကောင်စီသို့ တင်ပြဆောင်ရွက်သွားမည်ဟုလည်း ဆိုသည်။

 

ဆက်လက်ပြီး ၎င်းမှ ထုတ်ပြန်ထားပြီးဖြစ်သည့် မော်တော်ယာဉ်လုပ်ငန်းဆိုင်ရာ မူဝါဒတွင်လည်း လျှပ်စစ်စွမ်း အင်သုံးယာဉ်များ ပြည်တွင်း၌ ထုတ်လုပ်တပ်ဆင်သုံးစွဲနိုင်ရေးကို အားပေးထားပြီးဖြစ်ကြောင်းနှင့် ပြည်တွင်း၌ လျှပ်စစ်စွမ်းအင်သုံးယာဉ်များ တွင်ကျယ်စွာအသုံးပြုနိုင်ရေးအတွက် စံချိန်စံညွှန်းများကို အာဆီယံဂိုက်လိုင်း များနှင့်အညီ ရေးဆွဲထားရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

 

အလားတူ စက်မှုဝန်ကြီးဌာနအနေဖြင့် လိုအပ်သည့်ပံ့ပိုးမှုများကို မူဝါဒလုပ်ထုံးလုပ်နည်းများနှင့်အညီ ကူညီ ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း နိုင်ငံပိုင်ရုပ်မြင်သံကြားမှတစ်ဆင့် ဖော်ပြပါရှိသည်။

 

#PeopleMedia #စက်မှုဝန်ကြီးဌာန #လျှပ်စစ်ကား #နပတ

 

(unicode)


……………………………………………………………………

 


 


 


 


 


 


 


 



Share this post