• Follow Us on
Latest News

Home နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များ၌ တပ်မတော်ထောက်ခံပွဲများ ပြုလုပ်ခဲ့

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များ၌ တပ်မတော်ထောက်ခံပွဲများ ပြုလုပ်ခဲ့

Share this post

ရန်ကုန်၊ ဖေဖော်ဝါရီ ၁ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေအပါအဝင် တိုင်းဒေသကြီး/ပြည်နယ်များတွင် တပ်မတော်ထောက်ခံပွဲများကို လူအင်အားအများအပြားဖြင့် ဖေဖော်ဝါရီ ၁ ရက်နေ့၌ ကျင်းပခဲ့ကြပါတယ်။

 

ဖေဖော်ဝါရီ ၁ ရက်နေ့၌ နေပြည်တော်ကောင်စီနယ်မြေ၊ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့အပါအဝင် တိုင်း အတွင်းရှိ မြို့များ၊ ရန်ကုန်တိုင်းဒေသကြီး၌ ရန်ကုန်မြို့အပါအဝင် တိုင်းအတွင်းရှိမြို့များနှင့် အလားတူ အခြား သော တိုင်းဒေသကြီး/ပြည်နယ်များ၌ လူအင်အားအများအပြားဖြင့် တပ်မတော်ထောက်ခံပွဲများကို ပြုလုပ်ခဲ့ကြ ပါတယ်။

 

အဆိုပါ တပ်မတော်ထောက်ခံပွဲ၌ ဇာတိမာန်သီချင်းများဖွင့်လှစ်ပြီး ပြည်သူ့တပ်မတော်အား ကြိုဆိုထောက်ခံပါ သည်၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးနှင့် တပ်မတော်ထောက်ခံပွဲ၊ တိုင်းပြည်အနာဂတ်ကောင်းစေဖို့ PDF ကို သုတ်သင်စို့၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အိမ်စောင့်အစိုးရကို ထောက်ခံပါသည် စသည့် ဗီနိုင်းဆိုင်း ဘုတ်များကို ကိုင်ဆောင်ခဲ့ကြပါတယ်။

 

ဖေဖော်ဝါရီ ၁ ရက်နေ့သည် တပ်မတော်မှ နိုင်ငံတော်တာဝန်ကို ယာယီထမ်းဆောင်ခဲ့သည့် တစ်နှစ်ပြည့်မြောက် သောနေ့လည်းဖြစ်ပါတယ်။

 

#PeopleMedia #နစက

 

(unicode)


………………………………………………………

 


 


 


 


 


 



Share this post