• Follow Us on

Home နေပြည်တော်ကောင်စီနယ်မြေ၌ မူလတန်းပြ ကျောင်းအုပ်ဆရာကြီးနှင့် မူလတန်းပြကျောင်းဆရာတစ်ဦးတို့ သေနတ်ဖြင့် လုပ်ကြံခံရပြီး မူလတန်းပြကျောင်းဆရာသေဆုံး၊ သေဆုံးသူ ကျောင်းဆရာကို ယနေ့ သြင်္ဂိုလ်မည်

နေပြည်တော်ကောင်စီနယ်မြေ၌ မူလတန်းပြ ကျောင်းအုပ်ဆရာကြီးနှင့် မူလတန်းပြကျောင်းဆရာတစ်ဦးတို့ သေနတ်ဖြင့် လုပ်ကြံခံရပြီး မူလတန်းပြကျောင်းဆရာသေဆုံး၊ သေဆုံးသူ ကျောင်းဆရာကို ယနေ့ သြင်္ဂိုလ်မည်

Share this post

နေပြည်တော်၊ ဇွန် ၂၇

 

ဇွန်လ ၂၅ ရက်နေ့က နေပြည်တော်ကောင်စီနယ်မြေ၊ ပျဉ်းမနားမြို့နယ်၊ အလယ်ချောင်း(အောက်)ကျေးရွာ၌ တာဝန်ထမ်းဆောင်လျက်ရှိသော မူလတန်းပြ ကျောင်းအုပ်ဆရာကြီးနှင့် မူလတန်းပြကျောင်းဆရာတစ်ဦးတို့ကို အကြမ်းဖက်သမားနှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်လုပ်ကြံခဲ့သည်။

 

“မွန်းလွဲ ထမင်းစားချိန်မှာ အကြမ်းဖက်သမားနှစ်ဦးက ဆိုင်ကယ်နဲ့ ရောက်လာပြီး ပစ်ခတ်လုပ်ကြံသွားတာ” လို့ ဒေသခံတစ်ဦးက ပြောဆိုသည်။

 

အကြမ်းဖက်သမားများ၏ လက်ချက်ကြောင့် အသက် ၃၃ နှစ်အရွယ်ရှိ မူလတန်းပြကျောင်းဆရာဖြစ်သူ ဦးနေ ဝင်းထွန်းသည် သေနတ်ဒဏ်ရာကြောင့် ကွယ်လွန်ခဲ့သလို သေဆုံးသူ၏ ရုပ်အလောင်းကို ယနေ့ မွန်းလွဲ ၂ နာရီ အချိန်၌ ကွေ့ကြီးသုဿန်၌ သြင်္ဂိုလ်မည် ဖြစ်သည်။

 

အလားတူ လက်ရှိအချိန်၌ အကြမ်းဖက်သမား၏ ပစ်ခတ်မှုကြောင့် မူလတန်းပြကျောင်းအုပ်ဆရာကြီးဖြစ်သူ လည်း မစိုးရိမ်ရသေနတ်ဒဏ်ရာ ရရှိခဲ့မှုကြောင့် တပ်မတော်ဆေးရုံ၌ ဆေးကုသမှုခံယူလျက်ရှိသည်။

 

ပညာရေးဝန်ထမ်းနှစ်ဦးကို လုပ်ကြံခဲ့ရာ၌ ကျူးလွန်သူ အကြမ်းဖက်သမားနှစ်ဦးနှင့် ၎င်းတို့နှင့် ပတ်သက်သူများ ကို ဖော်ထုတ်နိုင်ရေး လုံခြုံရေးအဖွဲ့များက ဆောင်ရွက်လျက်ရှိသည်။

 

#PeopleMedia #နေပြည်တော်ကောင်စီနယ်မြေ #ပညာရေးဝန်ထမ်းလုပ်ကြံခံရ

 

(unicode)


…………………………………………

 


 


 


 


 


 


 



Share this post