• Follow Us on

Home နေပြည်တော်ကောင်စီရှိ Stay at home မြို့နယ်များတွင် ဥပဒေများနှင့်အညီ အရေးယူမှု ယနေ့ စတင်မည်

နေပြည်တော်ကောင်စီရှိ Stay at home မြို့နယ်များတွင် ဥပဒေများနှင့်အညီ အရေးယူမှု ယနေ့ စတင်မည်

Share this post

နေပြည်တော်၊ သြဂုတ် ၆ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေတွင် Stay at home သတ်မှတ်ထားသည့် မြို့နယ် ၃ မြို့နယ် (ဇမ္ဗူသီရိ၊ ပျဉ်းမနား၊ လယ်ဝေး) ၌ အသွားအလာကန့်သတ်မှုများ ပြုလုပ်ပြီး Check point များထားရှိကာ ကိုဗစ်-၁၉ သတ်မှတ်စည်းကမ်းများနှင့်အညီ သွားလာခြင်းရှိ၊မရှိ စိစစ်ကြပ်မတ်လျက်ရှိကြောင်း နေပြည်တော်ကောင်စီက သတင်းထုတ်ပြန်ထားသည်။

 

ပြည်သူများအား အသိပညာပေးခြင်းများကိုလည်း ဆောင်ရွက်ခဲ့ပြီးဖြစ်ပါ၍ ယနေ့မှစ၍ သတ်မှတ်စည်းကမ်းနှင့် မညီညွတ်ကြောင်း စစ်ဆေးတွေ့ရှိပါက သက်ဆိုင်ရာတည်ဆဲဥပဒေများနှင့်အညီ အရေးယူဆောင်ရွက်မည် ဖြစ်ပါကြောင်း နေပြည်တော်ကောင်စီ၏ သတင်းထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

 

#PeopleMedia #နေပြည်တော်ကောင်စီ

 

(unicode)


……………………………………………………………..

 


 


 


 



Share this post