• Follow Us on

Home နေပြည်တော်၌ တရုတ်အစိုးရအကူအညီဖြင့် ရောဂါထိန်းချုပ်ရေးဗဟိုဌာန(CDC) နှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် လေ့ကျင့်ရေးသင်တန်းကျောင်း တည်ဆောက်မည်

နေပြည်တော်၌ တရုတ်အစိုးရအကူအညီဖြင့် ရောဂါထိန်းချုပ်ရေးဗဟိုဌာန(CDC) နှင့် ကျန်းမာရေးဝန်ထမ်းများ အတွက် လေ့ကျင့်ရေးသင်တန်းကျောင်း တည်ဆောက်မည်

Share this post

နေပြည်တော်၊ နိုဝင်ဘာ ၁၂ (People Media)

 

ပွင့်လင်းရာသီ၌ ရောဂါထိန်းချုပ်ရေးဗဟိုဌာန(CDC) နှင့် ကျန်းမာရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေး သင်တန်း ကျောင်းစီမံကိန်းတည်ဆောက်မှု အရှိန်မြှင့်တင်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက ထုတ်ပြန်ထားသည်။

 

တရုတ်နိုင်ငံမှ အကူအညီပေးအပ်သည့် မြန်မာနိုင်ငံရောဂါ ထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာရေးဝန် ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်းစီမံကိန်းကို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် စတင်ဖော်ဆောင် ပြီး နောက် စီမံကိန်းအဖွဲ့သည် ကပ်ရောဂါထိခိုက်မှုကို ကျော်ဖြတ်၍ ယာယီအဆောက်အအုံ တည်ဆောက်မှု၊ မြေဖို့မှုများကို လုပ်ဆောင်နေပြီး၊ မိုးရာသီ ပြီးဆုံးသွားသည်နှင့်အမျှ စီမံကိန်းအဖွဲ့က တည်ဆောက်မှု အရှိန် မြှင့်တင်ပြီး ဆောက်လုပ်လျက်ရှိကြောင်း သိရသည်။

 

အဆိုပါ စီမံကိန်းသည် မြေဧရိယာ စတုရန်းမီတာ ရှစ်သောင်းရှိပြီး အဆောက်အအုံ ဧရိယာသည် စတုရန်းမီတာ တစ်သောင်း ရှစ်ထောင်ရှိကာ CDC အဆောင်၊ လေ့ကျင့်ရေးသင်တန်း ကျောင်းအဆောင် အုပ်ချုပ်ရေးရုံး အဆောင်၊ ပြင်ပဆောက်လုပ်ရေး လုပ်ငန်းတို့ပါဝင်ပြီး လက်တွေ့ စမ်းသပ်ခန်း စက်ပစ္စည်းများ တွဲဖက်တပ် ဆင်ထားကာ မြန်မာနိုင်ငံ၏ ပထမဆုံး အမျိုးသားဇီဝဘေးကင်းမှု အဆင့်သုံး (P3) လက်တွေ့စမ်းသပ်ခန်းဖြစ် ကြောင်း သိရသည်။

 

မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး Mr. Chen Hai က နိုဝင်ဘာ ၁၀ ရက်တွင် နေပြည်တော်သို့ သွား ရောက်လေ့လာခဲ့ပြီး၊ စက်ပစ္စည်းများအပြင် ပွင့်လင်းရာသီ၌ ရောဂါထိန်းချုပ်ရေးဗဟိုဌာန (CDC) နှင့် ကျန်းမာ ရေးဝန်ထမ်းများအတွက် လေ့ကျင့်ရေးသင်တန်းကျောင်း စီမံကိန်းတည်ဆောက်မှုအရှိန်မြှင့်တင်သွားမည်။

 

တရုတ်နိုင်ငံက နှစ်နှစ်တာ နည်းပညာ ပူးပေါင်းဆောင်ရွက်မှုပေးပြီး မြန်မာနိုင်ငံအတွက် ကျန်းမာရေး ဝန်ထမ်းနှင့် နည်းပညာဝန်ထမ်းများ လေ့ကျင့်မွေးထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

 

CDC စီမံကိန်း ဖော်ဆောင်ပြီးစီးပြီးနောက် ကပ်ရောဂါ ကြိုတင်ကာကွယ်ရေး၊ အရေးပေါ် တုံ့ပြန်ရေး၊ သိပ္ပံသု တေသနနှင့် လူရည်ချွန် မွေးထုတ်ရေးစသည့် အပိုင်းများတွင် အရေးပါသည့် အခန်းကဏ္ဍမှ ပါဝင်ကာ တရုတ် မြန်မာ ဆွေမျိုးပေါက်ဖော် ချစ်ကြည်ရေး သံယောဇဉ်နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ပြယုဂ် အသစ်တစ်ခု ဖြစ်လာမည်ဖြစ်ကြောင်း မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက သတင်းထုတ်ပြန်ထားသည်။

 

#PeopleMedia #မြန်မာနိုင်ငံဆိုင်ရာတရုတ်သံရုံး

 

(unicode)


………………………………………………………………….

 


 


 


 


 


 


 


 



Share this post