• Follow Us on
Latest News

Home နေပြည်တော်၌ ပူဇော်ထားရှိမည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတု တော် ကြိုဆိုပင့်ဆောင်ခြင်းမင်္ဂလာအခမ်းအနားကျင်းပ

နေပြည်တော်၌ ပူဇော်ထားရှိမည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတု တော် ကြိုဆိုပင့်ဆောင်ခြင်းမင်္ဂလာအခမ်းအနားကျင်းပ

Share this post

နေပြည်တော်၊ ဇန်နဝါရီ – ၃၀ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)
 
နေပြည်တော်၌ပူဇော်ထားရှိမည့် ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်း တုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများအားကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာအခမ်းအနားကို ယနေ့ နံနက်ပိုင်းတွင် နေပြည်တော်၌ ကျင်းပခဲ့ကြောင်း တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်း ထုတ်ပြန်ထားသည်။
 
နေပြည်တော်တွင် တည်ထားကိုးကွယ်မည့် ဘူမိဖဿမုဒြာ ထိုင်တော်မူကျောက်ဆစ် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး ၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်းများကို Modular Trailer များဖြင့် ဆီမီးခုံဆိပ်ကမ်းမှ နေပြည် တော်ကောင်စီနယ်မြေသို့ ဇန်နဝါရီ ၂၅ ရက်တွင် စတင်ပင့်ဆောင်ပူဇော်ခဲ့ပြီး ရုပ်ပွားတော်မြတ်ကြီး တည်ထား ကိုးကွယ်မည့် မင်္ဂလာနေရာသို့ ဇန်နဝါရီ ၂၉ ရက်ညပိုင်းတွင် ရောက်ရှိခဲ့သည်။
 
ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး၏ ဆင်းတုတော်နှင့် ပလ္လင်တော်အစိတ်အပိုင်း များအားကြိုဆိုပင့်ဆောင်ခြင်း မဟာမင်္ဂလာ အခမ်းအနားကို ပျဉ်းမနားမြို့၊ မင်္ဂလာဇေယျုံပါဠိ တက္ကသိုလ် ကျောင်းတိုက် ပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာသဒ္ဓမ္မဇောတိက ဓဇ ဘဒ္ဒန္တ ဝိမလဗုဒ္ဓိပါဠိဆရာ တော်ကြီး အမှူးပြုသော ဆရာတော်သံဃာတော်များ ကြွရောက်ချီးမြှင့်ခဲ့သည်။
 
အဆိုပါ အခမ်းအနားကို တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ဒုတိယတပ်မ တော်ကာကွယ်ရေးဦးစီးချုပ် ကာကွယ်ရေးဦးစီးချုပ်(ကြည်း) ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ပြည်ထဲရေးဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ကာကွယ်ရေးဝန်ကြီးဌာနပြည်ထောင်စု ဝန်ကြီး ဒုတိယ ဗိုလ်ချုပ်ကြီး စိန်ဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး(ကြည်း၊ ရေ၊ လေ)ဗိုလ်ချုပ်ကြီး မြထွန်းဦး၊ ကာကွယ်ရေး ဦးစီးချုပ်ရုံး မှ တပ်မတော်အရာရှိကြီးများ၊ နေပြည်တော် တိုင်းစစ်ဌာနချုပ် တိုင်းမှူးနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော် များ တက်ရောက်ခဲ့သည်။
 
#PeopleMedia #ဘူမိဖဿမုဒြာထိုင်တော်မူကျောက်ဆစ်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး
 
(unicode)
……………………………………………
 
 
 
 
ဘူမိဖူမုဒွာထိုငျတောျမူကြောကျဆဈဗုဒ်ဓရုပျပှားတောျမွတျကွီး၏ ဆငျးတုတောျနှင့ျ ပလ်လငျတောျအစိတျအပိုငျး မြားအားကွိုဆိုပင့ျဆောငျခွငျး မဟာမငျ်ဂလာ အခမျးအနားကို ပဉြျးမနားမွို့၊ မငျ်ဂလာဇယြေုံပါဠိ တက်ကသိုလျ ကြောငျးတိုကျ ပဓာနနာယက အဂ်ဂမဟာပဏ်ဍိတ၊ အဂ်ဂမဟာသဒ်ဓမ်မဇောတိက ဓဇ ဘဒ်ဒန်တ ဝိမလဗုဒ်ဓိပါဠိဆရာ တောျကွီး အမှူးပွုသော ဆရာတောျသံဃာတောျမြား ကွှရောကျခြီးမွှင့ျခဲ့သညျ။
 
 
#PeopleMedia #ဘူမိဖူမုဒွာထိုငျတောျမူကြောကျဆဈဗုဒ်ဓရုပျပှားတောျမွတျကွီး

Share this post