• Follow Us on

Home ေနျပည္ေတာ္၌ ျပည္ခိုင္ၿဖိဳးယာဉ္တန္း ကို NLD တံဆိပ္ပါ အကႌ် ဝတ္ဆင္ထားသူ(၃)ဦးက ေလးဂြျဖင့္ ပစ္၊မေႏွာက္ယွက္ရန္ သြားေရာက္ေျပာဆိုရာ၌ လူအုပ္ႀကီးက ဝိုင္း႐ိုက္၍ ျပည္ခိုင္ၿဖိဳးပါတီဝင္ ၁၂ ဦး ျပင္းထန္စြာ ထိခိုက္ဒဏ္ရာရဟုဆို

ေနျပည္ေတာ္၌ ျပည္ခိုင္ၿဖိဳးယာဉ္တန္း ကို NLD တံဆိပ္ပါ အကႌ် ဝတ္ဆင္ထားသူ(၃)ဦးက ေလးဂြျဖင့္ ပစ္၊မေႏွာက္ယွက္ရန္ သြားေရာက္ေျပာဆိုရာ၌ လူအုပ္ႀကီးက ဝိုင္း႐ိုက္၍ ျပည္ခိုင္ၿဖိဳးပါတီဝင္ ၁၂ ဦး ျပင္းထန္စြာ ထိခိုက္ဒဏ္ရာရဟုဆို

Share this post

ရန္ကုန္၊စက္တင္ဘာ-၁၆

ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ပုပၺသီရိၿမိဳ႕နယ္၊ဘူတာႀကီးအနီး၌ ျပည္ခိုင္ၿဖိဳးပါတီယာဉ္တန္းကို NLD တံဆိပ္ပါ အကႌ် ဝတ္ဆင္သူ (၃)ဦးက ေလးဂြျဖင့္ ပစ္ခတ္သျဖင့္ ယာဉ္တန္း၌ လိုက္ပါလာသူမ်ားက ပစ္ခတ္သူမ်ားကို မေနာက္ယွတ္ရန္ သြားေရာက္ေျပာဆိုရာတြင္ လူအုပ္ႀကီးက ဝိုင္း႐ိုတ္ႏွက္မႈေၾကာင့္ ျပည္ခိုင္ၿဖိဳးပါတီဝင္ (၁၂)ဦး ထိခိုက္ဒဏ္ရာ ရရွိသြားတယ္လို႔ ျပည္ခိုင္ၿဖိဳးပါတီ ေျပာေရးဆိုခြင့္ရွိသူ ေဒၚနန္းျမျမမီမီေဇာ္က ေျပာပါတယ္။

“ျဖစ္စဉ္မွာ ပါဝင္ ပတ္သက္သူေတြကို အေရးယူဖို႔ ေဆာင္ရြက္သြားမွာပါ”လို႔ ေဒၚနန္းျမျမမီမီေဇာ္က ေျပာပါတယ္။

အဆိုပါ ျဖစ္စဉ္ေၾကာင့္ ျပည္ခိုင္ၿဖိဳးပါတီယာဉ္တန္းမွ ဆိုင္ကယ္(၃)စီး၊အျပင္းအထန္ ထိခိုက္ဒဏ္ရာရသူ (၁၂)ဦး၊ကားႏွစ္စီး ပ်က္စီးခဲ့ေၾကာင္း ေဒၚနန္းျမျမမီမီေဇာ္က ေျပာပါတယ္။

ထပ္မံ၍PeopleMediaကပုပၺသီရိၿမိဳ႕နယ္ ျပည္သူ့လႊတ္ေတာ္ကိုယ္စားလွယ္ေလာင္းဦးေဝလြင္(ျပည္ခိုင္ၿဖိဳးပါတီ)ထံ ဆက္သြယ္ေမးျမန္းရာတြင္ “ညေန ၅ နာရီ ခန္႔မွာ ျပည္ခိုင္ၿဖိဳး ပါတီကိုဝန္းရံတဲ့အဖြဲ႕ ပ်ဉ္းမနားကေနအျပန္ သစ္ရာကုန္းရြာမွ NLDပါတီဝင္ရြာသားမ်ားက တုတ္၊ဓား၊လက္နက္မ်ား ကိုင္ေဆာင္ကာ အတင္းဝင္ေရာက္ ႐ိုက္ႏွက္မႈျဖစ္ပြားခဲ့ပါတယ္။
ျဖစ္စဉ္မွာ USDPကို ဝန္းရံသူမ်ားက မဲဆြယ္ၿပီးအျပန္၊ ေနျပည္ေတာ္ ဘူတာနားအေရာက္ USDP ဝန္းရံသူေတြစီးလာတဲ့ယာဉ္ႏွင့္ဆိုင္ကယ္မ်ားအား ကြၽဲေက်ာင္းေနသည့္NLDအကႌ်ဝတ္ လူငယ္(၃) ဦးမွ ေလးခြႏွင့္စတင္ပစ္ခတ္ခဲ့ပါတယ္။ယာဉ္ေပၚမွ usdp ဝန္းရံသူမ်ားမွ ကားကိုျပန္လွည့္ၿပီး၊ ဘာ့ေၾကာင့္ခုလိုလုပ္ရသလဲဟု ေမးျမန္း၊ေျပာဆိုေနစဉ္မွာပဲ၊ မထင္မွတ္ေသာ NLDေထာက္ခံသူ လူအုပ္ႀကီးမွ မင္းမဲ့စ႐ိုက္ဆန္ဆန္ အတင္းဝင္ေရာက္ ႐ိုက္ႏွက္ခဲ့ပါတယ္။
USDP ဝန္းရံသူလူငယ္မ်ားမွာ မထင္မွတ္ပဲ လူ(၁၀၀)ခန္႔မွ ဝိုင္း႐ိုက္ၾကသျဖင့္ အျပင္းအထန္ ထိခိုက္ဒဏ္ရာရသူ (၁၂)ဦး၊ ဆိုင္ကယ္(၃)စီး ေၾကမြပ်က္ဆီးၿပီး၊ ကား(၂)စီး ပ်က္စီးမႈ ရွိခဲ့ပါတယ္”လို႔ ေျပာပါတယ္။

အထက္ပါ ျဖစ္စဉ္အေပၚ NLD ပါတီမွ လႊတ္ေတာ္ကိုယ္စားလွယ္ ဦးေမာင္ေမာင္ေဆြက“ဒီေန႔ညေန၅နာရီေလာက္မွာကြၽန္ေတာ့ရဲ႕မဲဆႏၵနယ္ထဲကတစ္ၿမိဳ႕ျဖစ္တဲ့ပုပၺသီရိၿမိဳ႕နယ္ဘူတာႀကီးေတာင္ဘက္သံလြင္လမ္းမႀကီးေပၚမွာျပည္ခိုင္ၿဖိဳးမဲဆြယ္တဲ့ယာဉ္တန္းေပၚပါသူမ်ားနဲ႔လမ္းေဘးမွာႏြားေက်ာင္ေနတဲ့NLDတီရွပ္ဝတ္ထားသူ(သစ္ယာကုန္း‌ေက်းရြာ)ကေက်ာင္းသားငယ္ ေလးဦးတို႔ခိုက္ရန္ျဖစ္ပြားခဲ့ၾကပါတယ္။မဲဆြယ္စည္း႐ုံးေရးကားေပၚကလူႏွစ္ရာေလာက္နဲ႔လမ္းေဘးမွာႏြားေက်ာင္းေနတဲ့ခေလးငယ္တို႔အျပန္အလွန္စေနာက္ရာကယာဉ္တန္းပါကား၊ဆိုင္ကယ္မ်ားမ်ားေပၚကေယာက္က်ား၊မိန္းမမ်ားဆင္းၿပီးခေလးငယ္မ်ားကိုဝိုင္းထိုးၾက‌ေၾကာင္းခေလးမ်ားကိုစစ္ေဆးတဲ့ရဲစစ္ေဆးခ်က္အရသိခဲ့ရပါတယ္။
ရြာသားမ်ားသိလို႔ဝိုင္းလိုက္ၾကတဲ့အခါမွာေတာ့ ဆိုင္ကယ္မ်ားထားၿပီးေျပးၾကေၾကာင္းမ်က္ျမင္သက္ေသမ်ားရဲ႕ေျပာၾကားခ်က္အရသိရပါတယ္။ရြာသားေတြလိုက္လာတာျမန္သြားလို႔လဲခေလးငယ္ေက်ာင္းသားေတြသက္သာသြားဟန္ရွိပါတယ္၊မဟုတ္ရင္ေတာ့ရာခ်ီတဲ့လူအုပ္နဲ႔ခေလးငယ္ေလးေယာက္ မေတြးဝံ့စရာပါပဲ”လို႔ ၎၏ လူမႈကြန္ယက္၌ ေရးသားထားပါတယ္။

ထို႔အတူ ဦးေမာင္ေမာင္ေဆြက “ျပည္သူေတြဖုန္းဆက္လို႔(၅:၁၅)ခန္႔အခ်ိန္ ကြၽန္ေတာ္ေရာက္သြားတဲ့အခါမွာေတာ့ယာဉ္တန္းပါပုပၺသီရိၿမိဳ႕နယ္ေက်းရြာတစ္ခုကျပည္ခိုင္ၿဖိဳးရပ္ေက်းစည္း႐ုံးေရးမွဴးတစ္ဦး၊(ျပည္သူမ်ားကဝိုင္းထားလွ်က္)၊ျပည္ခိုင္ၿဖိဳးတံဆိပ္မ်ားကပ္ထားတဲ့ဆိုင္ကယ္ႏွစ္စီး၊ေဆာင္းေဘာက္အပ်က္မ်ား၊ကားေပၚကဆင္းလာသူမ်ားထဲမွတစ္ဦးရဲ႕က်န္ခဲ့တဲ့အမ်ိဳးသမီးစီးဖိနပ္တရံ တို႔က်န္ခဲ့ပါတယ္။ခံရတဲ့ခေလးငယ္မ်ား(မစိုးရိမ္ရ)ကိုေဆး႐ုံသို႔ပို႔ေဆာင္ေပးလိုက္ၿပီး ခေလးငယ္မ်ားကိုမတရားဝိုင္းထိုးၾကတဲ့သူေတြကိုဆက္လက္ေဖၚထုတ္သြားႏိုင္‌ေရးပူး‌ေပါင္း‌ေဆာင္ရြက္သြားပါ႔မည့္အေၾကာင္းျပည္သူတို႔အားတင္ျပအပ္ပါသည္”ဟု ၎၏ လူမႈကြန္ယက္၌ ေရးသားထားပါတယ္။

photo – ဦးေမာင္ေမာင္ေဆြ

#PeopleMedia #NLD #USDP #2020election

[Unicode]
နေပြည်တော်၌ ပြည်ခိုင်ဖြိုးယာဉ်တန်း ကို NLD တံဆိပ်ပါ အင်္ကျီ ဝတ်ဆင်ထားသူ(၃)ဦးက လေးဂွဖြင့် ပစ်၊မနှောက်ယှက်ရန် သွားရောက်ပြောဆိုရာ၌ လူအုပ်ကြီးက ဝိုင်းရိုက်၍ ပြည်ခိုင်ဖြိုးပါတီဝင် ၁၂ ဦး ပြင်းထန်စွာ ထိခိုက်ဒဏ်ရာရဟုဆို
………………………………………………

ရန်ကုန်၊စက်တင်ဘာ-၁၆

နေပြည်တော်ကောင်စီနယ်မြေ၊ပုပ္ဗသီရိမြို့နယ်၊ဘူတာကြီးအနီး၌ ပြည်ခိုင်ဖြိုးပါတီယာဉ်တန်းကို NLD တံဆိပ်ပါ အင်္ကျီ ဝတ်ဆင်သူ (၃)ဦးက လေးဂွဖြင့် ပစ်ခတ်သဖြင့် ယာဉ်တန်း၌ လိုက်ပါလာသူများက ပစ်ခတ်သူများကို မနောက်ယှတ်ရန် သွားရောက်ပြောဆိုရာတွင် လူအုပ်ကြီးက ဝိုင်းရိုတ်နှက်မှုကြောင့် ပြည်ခိုင်ဖြိုးပါတီဝင် (၁၂)ဦး ထိခိုက်ဒဏ်ရာ ရရှိသွားတယ်လို့ ပြည်ခိုင်ဖြိုးပါတီ ပြောရေးဆိုခွင့်ရှိသူ ဒေါ်နန်းမြမြမီမီဇော်က ပြောပါတယ်။

“ဖြစ်စဉ်မှာ ပါဝင် ပတ်သက်သူတွေကို အရေးယူဖို့ ဆောင်ရွက်သွားမှာပါ”လို့ ဒေါ်နန်းမြမြမီမီဇော်က ပြောပါတယ်။

အဆိုပါ ဖြစ်စဉ်ကြောင့် ပြည်ခိုင်ဖြိုးပါတီယာဉ်တန်းမှ ဆိုင်ကယ်(၃)စီး၊အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ (၁၂)ဦး၊ကားနှစ်စီး ပျက်စီးခဲ့ကြောင်း ဒေါ်နန်းမြမြမီမီဇော်က ပြောပါတယ်။

ထပ်မံ၍PeopleMediaကပုပ္ဗသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးဝေလွင်(ပြည်ခိုင်ဖြိုးပါတီ)ထံ ဆက်သွယ်မေးမြန်းရာတွင် “ညနေ ၅ နာရီ ခန့်မှာ ပြည်ခိုင်ဖြိုး ပါတီကိုဝန်းရံတဲ့အဖွဲ့ ပျဉ်းမနားကနေအပြန် သစ်ရာကုန်းရွာမှ NLDပါတီဝင်ရွာသားများက တုတ်၊ဓား၊လက်နက်များ ကိုင်ဆောင်ကာ အတင်းဝင်ရောက် ရိုက်နှက်မှုဖြစ်ပွားခဲ့ပါတယ်။
ဖြစ်စဉ်မှာ USDPကို ဝန်းရံသူများက မဲဆွယ်ပြီးအပြန်၊ နေပြည်တော် ဘူတာနားအရောက် USDP ဝန်းရံသူတွေစီးလာတဲ့ယာဉ်နှင့်ဆိုင်ကယ်များအား ကျွဲကျောင်းနေသည့်NLDအင်္ကျီဝတ် လူငယ်(၃) ဦးမှ လေးခွနှင့်စတင်ပစ်ခတ်ခဲ့ပါတယ်။ယာဉ်ပေါ်မှ usdp ဝန်းရံသူများမှ ကားကိုပြန်လှည့်ပြီး၊ ဘာ့ကြောင့်ခုလိုလုပ်ရသလဲဟု မေးမြန်း၊ပြောဆိုနေစဉ်မှာပဲ၊ မထင်မှတ်သော NLDထောက်ခံသူ လူအုပ်ကြီးမှ မင်းမဲ့စရိုက်ဆန်ဆန် အတင်းဝင်ရောက် ရိုက်နှက်ခဲ့ပါတယ်။
USDP ဝန်းရံသူလူငယ်များမှာ မထင်မှတ်ပဲ လူ(၁၀၀)ခန့်မှ ဝိုင်းရိုက်ကြသဖြင့် အပြင်းအထန် ထိခိုက်ဒဏ်ရာရသူ (၁၂)ဦး၊ ဆိုင်ကယ်(၃)စီး ကြေမွပျက်ဆီးပြီး၊ ကား(၂)စီး ပျက်စီးမှု ရှိခဲ့ပါတယ်”လို့ ပြောပါတယ်။

အထက်ပါ ဖြစ်စဉ်အပေါ် NLD ပါတီမှ လွှတ်တော်ကိုယ်စားလှယ် ဦးမောင်မောင်ဆွေက“ဒီနေ့ညနေ၅နာရီလောက်မှာကျွန်တော့ရဲ့မဲဆန္ဒနယ်ထဲကတစ်မြို့ဖြစ်တဲ့ပုပ္ဗသီရိမြို့နယ်ဘူတာကြီးတောင်ဘက်သံလွင်လမ်းမကြီးပေါ်မှာပြည်ခိုင်ဖြိုးမဲဆွယ်တဲ့ယာဉ်တန်းပေါ်ပါသူများနဲ့လမ်းဘေးမှာနွားကျောင်နေတဲ့NLDတီရှပ်ဝတ်ထားသူ(သစ်ယာကုန်း‌ကျေးရွာ)ကကျောင်းသားငယ် လေးဦးတို့ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။မဲဆွယ်စည်းရုံးရေးကားပေါ်ကလူနှစ်ရာလောက်နဲ့လမ်းဘေးမှာနွားကျောင်းနေတဲ့ခလေးငယ်တို့အပြန်အလှန်စနောက်ရာကယာဉ်တန်းပါကား၊ဆိုင်ကယ်များများပေါ်ကယောက်ျား၊မိန်းမများဆင်းပြီးခလေးငယ်များကိုဝိုင်းထိုးကြ‌ကြောင်းခလေးများကိုစစ်ဆေးတဲ့ရဲစစ်ဆေးချက်အရသိခဲ့ရပါတယ်။
ရွာသားများသိလို့ဝိုင်းလိုက်ကြတဲ့အခါမှာတော့ ဆိုင်ကယ်များထားပြီးပြေးကြကြောင်းမျက်မြင်သက်သေများရဲ့ပြောကြားချက်အရသိရပါတယ်။ရွာသားတွေလိုက်လာတာမြန်သွားလို့လဲခလေးငယ်ကျောင်းသားတွေသက်သာသွားဟန်ရှိပါတယ်၊မဟုတ်ရင်တော့ရာချီတဲ့လူအုပ်နဲ့ခလေးငယ်လေးယောက် မတွေးဝံ့စရာပါပဲ”လို့ ၎င်း၏ လူမှုကွန်ယက်၌ ရေးသားထားပါတယ်။

ထို့အတူ ဦးမောင်မောင်ဆွေက “ပြည်သူတွေဖုန်းဆက်လို့(၅:၁၅)ခန့်အချိန် ကျွန်တော်ရောက်သွားတဲ့အခါမှာတော့ယာဉ်တန်းပါပုပ္ဗသီရိမြို့နယ်ကျေးရွာတစ်ခုကပြည်ခိုင်ဖြိုးရပ်ကျေးစည်းရုံးရေးမှူးတစ်ဦး၊(ပြည်သူများကဝိုင်းထားလျှက်)၊ပြည်ခိုင်ဖြိုးတံဆိပ်များကပ်ထားတဲ့ဆိုင်ကယ်နှစ်စီး၊ဆောင်းဘောက်အပျက်များ၊ကားပေါ်ကဆင်းလာသူများထဲမှတစ်ဦးရဲ့ကျန်ခဲ့တဲ့အမျိုးသမီးစီးဖိနပ်တရံ တို့ကျန်ခဲ့ပါတယ်။ခံရတဲ့ခလေးငယ်များ(မစိုးရိမ်ရ)ကိုဆေးရုံသို့ပို့ဆောင်ပေးလိုက်ပြီး ခလေးငယ်များကိုမတရားဝိုင်းထိုးကြတဲ့သူတွေကိုဆက်လက်ဖေါ်ထုတ်သွားနိုင်‌ရေးပူး‌ပေါင်း‌ဆောင်ရွက်သွားပါ့မည့်အကြောင်းပြည်သူတို့အားတင်ပြအပ်ပါသည်”ဟု ၎င်း၏ လူမှုကွန်ယက်၌ ရေးသားထားပါတယ်။

photo – ဦးမောင်မောင်ဆွေ

#PeopleMedia #NLD #USDP #2020election


Share this post