• Follow Us on
Latest News

Home ေနျပည္ေတာ္ၿမိဳ႕နယ္(၈)ၿမိဳ႕နယ္အတြင္းရွိ အေရးႀကီးေနရာမ်ားတြင္ CCTV ကင္မရာမ်ား တပ္ဆင္ျခင္းႏွင့္ Command and control centre ဖြင့္ပြဲက်င္းပ

ေနျပည္ေတာ္ၿမိဳ႕နယ္(၈)ၿမိဳ႕နယ္အတြင္းရွိ အေရးႀကီးေနရာမ်ားတြင္ CCTV ကင္မရာမ်ား တပ္ဆင္ျခင္းႏွင့္ Command and control centre ဖြင့္ပြဲက်င္းပ

Share this post

ေနျပည္ေတာ္၊ ဒီဇင္ဘာ – ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္အတြင္းရွိ ၿမိဳ႕နယ္(၈)ၿမိဳ႕နယ္အတြင္း အေရးႀကီးေနရာမ်ားတြင္ CCTV ကင္မရာမ်ား တပ္ဆင္ျခင္းႏွင့္ Command and control centre အေဆာက္အဦးဖြင့္ပြဲကို ယေန႔နံနက္ (၁၀)နာရီတြင္ ေနျပည္ေတာ္ေကာင္စီ႐ုံးဝန္းအတြင္းရွိ အဆိုပါအေဆာက္အဦး၌က်င္းပခဲ့သည္။

ေနျပည္ေတာ္ေကာင္စီ၏ ရည္မွန္းခ်က္မ်ားအနက္မွ တရားဥပေဒစိုးမိုးေရး၊ ရပ္ရြာေအးခ်မ္းသာယာေရးႏွင့္ တည္ဆဲဥပေဒမ်ားအရ ရရွိနိုင္မည့္အခြင့္အေရးမ်ား၊ အကာအကြယ္ ေပးမႈမ်ား အျပည့္အဝခံစားခြင့္ရရွိေစရန္ ဟူသည့္ ရည္မွန္းခ်က္ကို အေကာင္အထည္ေဖာ္ျခင္းျဖစ္ေၾကာင္း၊ ေနျပည္ေတာ္ေကာင္စီနယ္ေျမအတြင္း ေဒသတည္ၿငိမ္ေအးခ်မ္းေရးမွတဆင့္ ေဒသဖြံ႕ၿဖိဳးတိုးတက္ၿပီး ေအးခ်မ္းသာယာသည့္ ဒီမိုကေရစီဖက္ဒရယ္ ျပည္ေထာင္စုႀကီးေပၚထြန္းလာေစရန္ရည္ရြယ္ကာ Safe City Project မ်ားအထိ ေအာင္ျမင္စြာ အေကာင္အ ထည္ေဖာ္ေဆာင္ရြက္လ်က္ရွိေၾကာင္း ေနျပည္ေတာ္ေကာင္စီဥကၠ႒ ေဒါက္တာမ်ိဳးေအာင္က ေျပာသည္။

ယေန႔ ဖြင့္လွစ္ေဆာင္ရြက္သည့္ Command and control centre မွတဆင့္ တရားဥပေဒစိုးမိုးေရး၊ ရပ္ရြာ ေအးခ်မ္းသာယာေရး၊ ယာဥ္အႏၲရာယ္ကင္းရွင္းေရးလုပ္ငန္းမ်ားႏွင့္ ဒုစရိုက္မႈပေပ်ာက္ေရးလုပ္ငန္းမ်ားကို အရွိန္အဟုန္ျမႇင့္ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္းသိရသည္။

ျပည္ေထာင္စုနယ္ေျမ၊ ေနျပည္ေတာ္အတြင္း CCTV ကင္မရာမ်ားတပ္ဆင္ျခင္းႏွင့္ Command and control centre တည္ေဆာက္ေရးလုပ္ငန္းအတြက္ ၂၀၁၉-၂၀၂၀ ဘ႑ာေရးႏွစ္ ေနျပည္ေတာ္ေကာင္စီ၏ ေငြလုံး ေငြရင္းခြင့္ျပဳရန္ပုံေငြ က်ပ္(၄၄၅၄ ဒသမ ၂၇)သန္းျဖင့္ အေကာင္အထည္ေဖာ္ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

#PeopleMedia #ေနျပည္ေတာ္ #CCTV

(unicode)
နေပြည်တော်မြို့နယ်(၈)မြို့နယ်အတွင်းရှိ အရေးကြီးနေရာများတွင် CCTV ကင်မရာများ တပ်ဆင်ခြင်းနှင့် Command and control centre ဖွင့်ပွဲကျင်းပ
………………………………………………………

နေပြည်တော်၊ ဒီဇင်ဘာ – ၁၄ (𝐏𝐞𝐨𝐩𝐥𝐞 𝐌𝐞𝐝𝐢𝐚)

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ မြို့နယ်(၈)မြို့နယ်အတွင်း အရေးကြီးနေရာများတွင် CCTV ကင်မရာများ တပ်ဆင်ခြင်းနှင့် Command and control centre အဆောက်အဦးဖွင့်ပွဲကို ယနေ့နံနက် (၁၀)နာရီတွင် နေပြည်တော်ကောင်စီရုံးဝန်းအတွင်းရှိ အဆိုပါအဆောက်အဦး၌ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီ၏ ရည်မှန်းချက်များအနက်မှ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် တည်ဆဲဥပဒေများအရ ရရှိနိုင်မည့်အခွင့်အရေးများ၊ အကာအကွယ် ပေးမှုများ အပြည့်အဝခံစားခွင့်ရရှိစေရန် ဟူသည့် ရည်မှန်းချက်ကို အကောင်အထည်ဖော်ခြင်းဖြစ်ကြောင်း၊ နေပြည်တော်ကောင်စီနယ်မြေအတွင်း ဒေသတည်ငြိမ်အေးချမ်းရေးမှတဆင့် ဒေသဖွံ့ဖြိုးတိုးတက်ပြီး အေးချမ်းသာယာသည့် ဒီမိုကရေစီဖက်ဒရယ် ပြည်ထောင်စုကြီးပေါ်ထွန်းလာစေရန်ရည်ရွယ်ကာ Safe City Project များအထိ အောင်မြင်စွာ အကောင်အ ထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်း နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဒေါက်တာမျိုးအောင်က ပြောသည်။

ယနေ့ ဖွင့်လှစ်ဆောင်ရွက်သည့် Command and control centre မှတဆင့် တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး၊ ယာဉ်အန္တရာယ်ကင်းရှင်းရေးလုပ်ငန်းများနှင့် ဒုစရိုက်မှုပပျောက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့်ဆောင်ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း CCTV ကင်မရာများတပ်ဆင်ခြင်းနှင့် Command and control centre တည်ဆောက်ရေးလုပ်ငန်းအတွက် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် နေပြည်တော်ကောင်စီ၏ ငွေလုံး ငွေရင်းခွင့်ပြုရန်ပုံငွေ ကျပ်(၄၄၅၄ ဒသမ ၂၇)သန်းဖြင့် အကောင်အထည်ဖော်ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

#PeopleMedia #နေပြည်တော် #CCTV


Share this post