• Follow Us on

Home နေပြည်တော်မြို့မဈေးနှင့် ဥတ္တရသီရိမြို့နယ် လျှပ်စစ်ရုံးတို့အား ဗုံးဖောက်ခွဲခဲ့သည့် တရားခံ (၄) ဦး ဖမ်းဆီးရမိ

နေပြည်တော်မြို့မဈေးနှင့် ဥတ္တရသီရိမြို့နယ် လျှပ်စစ်ရုံးတို့အား ဗုံးဖောက်ခွဲခဲ့သည့် တရားခံ (၄) ဦး ဖမ်းဆီးရမိ

Share this post

ရန်ကုန်၊ နိုဝင်ဘာ ၁၅ (People Media)

 

နေပြည်တော်မြို့မဈေးနှင့် ဥတ္တရသီရိမြို့နယ်လျှပ်စစ်ရုံးတို့အား ဗုံးဖောက်ခွဲခဲ့သည့် တရားခံ (၄) ဦးကို ဖမ်းဆီး ရမိပြီဖြစ်ကြောင်း သတင်းမှန်ပြန်ကြားရေးအဖွဲ့မှ ထုတ်ပြန်လိုက်သည်။

 

အဆိုပါ ဖြစ်စဉ်များအတွက် တရားခံ တင်ကိုငြိမ်း(ခ)ရွှေကောင်း၊ ခင်မောင်ရင်၊ ဇော်မင်းအောင်နှင့် သိန်းဝင်းတို့ လက်လုပ်သေနတ် (၄)လက်၊ ၅.၅၆ ကျည် (၁၀)ထောင့်၊ လက်လုပ်မိုင်း (၂)လုံး၊ ပြောက်ကျား ယူနီဖောင်းဂျာစီ များ၊ NLD ပါတီတံဆိပ်ပါ အင်္ကျီများနှင့်အတူ ဖမ်းဆီးရမိခဲ့ပြီး၊ စိုင်းဝင်းနိုင်ဦးနှင့် ဟန်မင်းထွန်းတို့ ဖမ်းဆီးရန် ကျန်ရှိနေသေးကြောင်း သိရသည်။

 

အဆိုပါ ဖမ်းဆီးရမိသူများမှာ မေလခန့်တွင် ဥတ္တရသီရိမြို့နယ်၊ မောင်ရမ်းကျေးရွာအုပ်စု၊ ဝက်စုကျေးရွာရှိ ခေါင်းရည်ဆိုင်ရှေ့တွင် လုက်လုပ်မိုင်း (၁)လုံးဖြင့်လည်းကောင်း၊ အောင်တိုဘာလ ၅ ရက်နေ့တွင် ဇမ္ဗူသီရိ မြို့နယ်၊ သုသိဒ္ဓိရပ်ကွက်၌ ရပ်ထားသော ဝန်ထမ်းကြိုပို့ ယာဉ်အား မိုင်း(၁)လုံးဖြင့်လည်းကောင်း၊ အောက်တို ဘာလ (၁၄)ရက်တွင် ဥတ္တရသီရိမြို့နယ်၊ ရွှေနံ့သာရပ်ကွက်၊ ဈေးအနီးရှိ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးနှင့် ကပ်လျက် ရဲကင်းအား လက်လုပ်ဗုံး(၁)လုံးဖြင့် လည်းကောင်း၊ ဇမ္ဗူသီရိမြို့နယ်၊ အမှတ်(၃)ရဲစခန်းအနီးတွင် လက်လုပ်ဗုံး(၁)လုံးဖြင့်လည်းကောင်း၊ အောက်တိုဘာလ ၂၈ ရက်နေ့တွင် ဇမ္ဗူသီရိမြို့နယ်၊ ဝန်ထမ်းလိုင်းခန်း ရှေ့ရှိ ဝန်ထမ်းကြိုပို့ယာဉ်အား ရီမုဒ်မိုင်း (၁)လုံးဖြင့် လည်းကောင်း၊ နိုဝင်ဘာလ (၆)ရက်တွင် ဥတ္တရသီရိမြို့နယ် လျှပ်စစ်ရုံးအား လက်ပစ်ဗုံးဖြင့် လည်းကောင်း၊ နိုဝင်ဘာလ (၁၀)ရက်တွင် နေပြည်တော်မြို့မဈေး အပေါ်ထပ်ရှိ စည်ပင်သာယာဈေး၊ အုပ်ချုပ်ရေးမှူးရုံးအား လက်လုပ်ဗုံးဖြင့်လည်းကောင်း ဖောက်ခွဲခဲ့ကြောင်း သိရသည်။

 

#PeopleMedia #နေပြည်တော်ကောင်စီနယ်မြေ

 

(unicode)


………………………………………………………….

 


 


 


 


 



Share this post