• Follow Us on

Home နေပြည်တော် သပြေကုန်းအဝိုင်း၌ ပိတ်ထားသည့် လမ်းတားသံဇကာတန်းတွေကို ရဲတစ်ဦးမှ ဆိုင်ကယ်ဖြင့် ဝင်တိုက်မိရာ နောက်စေ့ပွင့် သေဆုံး

နေပြည်တော် သပြေကုန်းအဝိုင်း၌ ပိတ်ထားသည့် လမ်းတားသံဇကာတန်းတွေကို ရဲတစ်ဦးမှ ဆိုင်ကယ်ဖြင့် ဝင်တိုက်မိရာ နောက်စေ့ပွင့် သေဆုံး

Share this post

နေပြည်တော်၊ သြဂုတ်လ ၁၇ (People Media)

 

နေပြည်တော်ကောင်စီနယ်မြေ သပြေကုန်းအဝိုင်း၌ ပိတ်ထားသည့် စိန်ဒေါင်းအနီးရှိ လမ်းတားသံဇကာတန်း တွေကို ရဲတစ်ဦးမှ ဆိုင်ကယ်ဖြင့် ဝင်တိုက်မိရာ နောက်စေ့ပွင့် သေဆုံးသွားကြောင်း စိုးမိုးသူလူမှုကူညီရေး အဖွဲ့ချုပ်ဥက္ကဋ္ဌမှ ပြောသည်။

 

ဖြစ်စဉ်မှာ သြဂုတ်လ ၁၇ ရက်နေ့ နံနက် ၄ နာရီ ၁၀ မိနစ်အချိန်တွင် သပြေကုန်းအဝိုင်း၊ ဗိုလ်ချုပ်ကြေးရုပ်နှင့် စိန်ဒေါင်းအနီး သံဇကာများဖြင့် ပိတ်ကာတားမြစ်ထားသည့် လမ်းတားသံဇကာတွေကို ရဲတစ်ဦးမှ ဆိုင်ကယ်ဖြင့် အရှိန်ပြင်းစွာတိုက်မိသဖြင့် နေရာတွင်ပင် နောက်စေ့ပွင့်ကာ ပွဲချင်းပြီး သေဆုံးခဲ့ကြောင်း People Media သို့ ၎င်းမှ အတည်ပြုပြောကြားသည်။

 

“ကျွန်တော်တို့အဖွဲ့ကို မနက် ၄ နာရီ ၁၀ မိနစ်လောက်မှာ အမှတ်(၁)နယ်မြေ သက်ဆိုင်ရာရဲစခန်းမှူးက လှမ်းပြီး ဖုန်းဆက်တာပါ။ ဒီမှာယာဉ်တိုက်မှုဖြစ်လို့ပေါ့နော်။ ကျွန်တော်တို့က ကားချင်းတိုက်မိတယ်ထင်တာ။ ရောက်သွားတော့မှ ကြည့်တော့ ရဲကင်းကို ဆိုင်ကယ်နဲ့တိုက်မိတာ။ ကြည့်ရတာ တပ်ရင်းကဖြစ်ဖို့များတယ်။ အဲဒီရဲက ဘယ်လိုတိုက်မိလည်းဆိုတော့ လူကလွင့်စင်သွားတာက တစ်နေရာ၊ ဆိုင်ကယ်က တစ်နေရာ၊ သံဇကာတွေကလည်း လွင့်စင်တာ တစ်နေရာ နောက်စေ့ပွင့်တယ်ဆိုတော့ တော်တော်အရှိန်များတဲ့ အနေ အထားမှာရှိတယ်” ဟု ကိုစိုးမိုးသူ(စိုးမိုးသူလူမှုကူညီရေးအဖွဲ့ချုပ်ဥက္ကဋ္ဌ)မှ ပြောသည်။

 

အလားတူ ယာဉ်တိုက်မှုကြောင့် သေဆုံးသွားသည့် ရဲကို နေပြည်တော် ခုတင် (၁၀၀၀) ရေခဲတိုက်သို့ စိုးမိုးသူလူမှုကူညီရေးအဖွဲ့ချုပ်(နေပြည်တော်)မှ ပို့ဆောင်ခဲ့သည်ဟုဆိုသည်။

 

#PeopleMedia #သပြေကုန်းအဝိုင်း #မြန်မာနိုင်ငံရဲတပ်ဖွဲ့

 

(unicode)


……………………………………………………………………

 


 


 


 


 


 



Share this post