• Follow Us on
Latest News

Home နေပြည်တော် အမြန်လမ်းမှာ တိမ်းမှောက်ထားတဲ့ အိမ်စီးကားပေါ်က သေနတ်နဲ့ ကျည်ဆံတွေ တွေ့

နေပြည်တော် အမြန်လမ်းမှာ တိမ်းမှောက်ထားတဲ့ အိမ်စီးကားပေါ်က သေနတ်နဲ့ ကျည်ဆံတွေ တွေ့

Share this post

EPN

တပ်ကုန်း၊ မတ် ၂၁

 

နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သပြေစမ်းကျေးရွာအနီး ရန်ကုန်-မန္တလေး အမြန်ကားလမ်း မိုင်တိုင်အမှတ် ၂၅၁ / ၅ နဲ့ ၆ အကြားနေရာမှာ မတ် ၂၀၊ မနေ့က မနက်ခင်းပိုင်းမှာ တိမ်းမှောက်နေတဲ့ အိမ်စီးကား တစ်စီး ပေါ်က သေနတ်နဲ့ ကျည်ဆံတွေ သိမ်းဆည်းရမိတယ်လို့ သပြေစမ်းကျေးရွာသားတွေဆီက သိရပါတယ်။

 

“သေနတ်တွေ တွေ့ရတယ်ဆိုတဲ့ကားက MAZDA DEMIO အမျိုးအစား အနက်ရောင်ကားဖြစ်တယ်၊ နေပြည် တော်ဘက်ကနေ မန္တလေးဘက်ကို ဦးတည်မောင်းနှင်လာတာဖြစ်ပြီး လမ်းအရှေ့ဘက် မြေသားလမ်းပေါ်မှာ ရှေ့ဘီးပေါက်၊ လေကာမှန်တွေကွဲပြီး ပက်လက်အနေအထားနဲ့ တွေ့ရတာပါ၊ ကားမှာ ယာဉ်အမှတ်မပါဘူး” လို့ သပြေစမ်းရွာခံတစ်ယောက်က ပြောပါတယ်။

 

အဲ့ဒီကားပေါ်က သေနတ်တွေ တွေ့ရတယ်ဆိုတာနဲ့ ပတ်သက်ပြီး တပ်ကုန်းမြို့နယ် စီမံခန့်ခွဲရေး အဖွဲ့ရုံးနဲ့ နီးစပ်သူတစ်ယောက် ပြောတာက “ကားပေါ်က တွေ့ရတာ မဟုတ်ဘူး၊ အဲ့ဒီ ကားမှောက်တဲ့ အနီးဝန်းကျင် နေရာကို လိုက်လံရှာဖွေကြည့်တဲ့အခါ တောင်စောင်းမြက်တောစပ်မှာ ပြောက်ကျားကျောပိုးအိတ်တစ်လုံး တွေ့ရတယ်၊ အဲ့ဒီ အိတ်ထဲက M-4 သေနတ် ၂ လက် (ဒင်ပိုင်းဖြုတ်လျက်)၊ M- 4 A 1 သေနတ် ၁ လက် (ဒင်ပိုင်းမပါ)၊ (၉ မမ) ပစ္စတို သေနတ် ၂ လက် (ကျည်အိမ်တပ်လျက်၊ကျည်အိမ်အတွင်း ၉မမကျည်(၁၂) တောင့်စီပါ)၊ လက်ပစ်ဗုံးနှစ်လုံး၊ M-4 သေနတ် မောင်းတုံး ၂ ခု ၊ M–4A 1 သေနတ်မောင်းတုံး ၁ ခု၊ မောင်း ဆွဲတံလေးခု၊ ၉ မမကျည် (၄၂၈) တောင့်၊ (၅.၅၆) ကျည် ၁၂၀၀ တောင့် တွေ့ရတယ်” လို့ ဖြစ်ပါတယ်။

 

ဒါ့အပြင် ယာဉ်အမှတ် YGN-9E/ စားတမ်းပါ၊ နံပါတ်ပြားတစ်ခု တွေ့ရပါသေးတယ်။ အဲ့ဒီနောက် တိမ်းမှောက် နေတဲ့ ကားနောက်ခန်းထဲကနေ ကျည်အိမ်နှစ်ခုနဲ့ ၉ မမကျည်ဆံတွေ၊ ကားရှေ့အံဝှက်ထဲက မှတ်ပုံတင်တစ်ခု ထပ်ပြီး တွေ့ရတယ်လို့် သိရပါတယ်။

 

အဲ့ဒီ တိမ်းမှောက်ကားဝန်းကျင်က လက်နက်ခဲယမ်းတွေ သိမ်းဆည်းရမိတာနဲ့ပတ်သက်ပြီး တပ်ကုန်း မြို့ နယ်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေတယ်လို့ သိရပါတယ်။

 

သွန်းသွန်း

 

#PeopleMedia #EPN

 

(unicode)


…………………………………….

 

EPN


 


 


 


 


 


 


 

#PeopleMedia #EPN


Share this post