• Follow Us on

Home ေပါက္စီနွင့္ ​ေပါင္မုန္အလုပ္သမားမ်ား၏ မိဘမ်ားကုိ တည္းခုိခြင့္ျပဳခဲ့သည့္ အိမ္ရွင္အား ရဲတပ္ဖြဲ႔က ပါးရုိက္ျခင္း၊ အၾကမ္းဖက္၍ စစ္ေဆးေမးျမန္းမႈမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း ကာယကံရွင္ျဖစ္သူေျပာဆုိ

ေပါက္စီနွင့္ ​ေပါင္မုန္အလုပ္သမားမ်ား၏ မိဘမ်ားကုိ တည္းခုိခြင့္ျပဳခဲ့သည့္ အိမ္ရွင္အား ရဲတပ္ဖြဲ႔က ပါးရုိက္ျခင္း၊ အၾကမ္းဖက္၍ စစ္ေဆးေမးျမန္းမႈမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း ကာယကံရွင္ျဖစ္သူေျပာဆုိ

Share this post

ရန္ကုန္၊ နို၀င္ဘာ – ၂၄
ရန္ကုန္တုိင္းေဒသၾကီး၊ ဒဂုံဆိပ္ကမ္းၿမိဳ႕နယ္၊ ၈၇ ရပ္ကြက္ရွိေပါက္စီႏွင့္ ​ေပါင္မုန႔္လုပ္ငန္းရွိ ကေလးသူငယ္မ်ား၏မိဘမ်ားကုိ တည္းခုိခြင့္ျပဳခဲ့သည့္ အိမ္ရွင္ကုိ သာေကတျမိဳ႕နယ္ အမွတ္(၂)ရဲစခန္း တာဝန္ရွိသူမ်ားက ပါးရုိက္ျခင္း၊အၾကမ္းဖက္၍ စစ္ေဆးေမးျမန္းမႈမ်ား ျပဳလုပ္ခဲ့ေၾကာင္း ကာယကံရွင္ျဖစ္သူ ဦးကုိကိုခ်စ္က People Media ကုိ ေျပာပါတယ္။
ျဖစ္စဥ္မွာ အဆုိပါ ေပါက္စီ၊ေပါင္မုန္႔လုပ္ငန္း၌ အသက္အရြယ္မျပည့္သည့္ ကေလးငယ္မ်ား ခုိင္းေစမႈႏွင့္ပတ္သက္ျပီး လူစုလူေဝးျဖစ္ေပၚျပီးျဖစ္ေပၚျပီးေနာက္ ကေလးငယ္မ်ား၏ မိဘမ်ားကုိ တည္းခုိခြင့္ျပဳခဲ့သည္ ဦးကုိကုိခ်စ္ကုိ စစ္ေဆးရန္ သာေကတျမိဳ႕နယ္ အမွတ္(၂) ရဲစခန္း ႏုိဝင္ဘာ(၂၃)ရက္ေန႔၌ ေခၚယူခဲ့ပါတယ္။
ဦးကုိကုိခ်စ္ကုိ သက္ဆုိင္ရာရဲစခန္းက ႏုိဝင္ဘာ၂၃ ရက္ေန႔ ညေန(၅)နာရီခန္႔ကေန ေခၚယူျပီးေနာက္ ည(၁၂)ရီအခ်ိန္ထိ စစ္ေဆးမႈျပဳလုပ္ခဲ့ပါတယ္။
ထုိသုိ႔စစ္ေဆးရာ၌ ရဲတပ္ဖြဲ႔ တာဝန္ရွိသူမ်ားက ပါးရုိက္၍ စစ္ေဆးေမးျမန္းျခင္း၊ အၾကမ္းဖက္၍ စစ္ေဆးေမးျမန္းျခင္းမ်ား ေဆာင္ရြက္ခဲ့ေၾကာင္း ကာယကံရွင္ျဖစ္သူက ေျပာပါတယ္။
“မေန႔ ၅နာရီေလာက္ကေခၚသြားၾကတယ္။ ကြၽန္ေတာ္တို႔ရပ္ကြက္ထဲကေလး ​ေလးေယာက္ပါတယ္။ ရပ္ကြက္႐ုံး တင္လို႔ေျပာၿပီးေခၚသြားတယ္။ ဟိုေရာက္ေတာ့အမွတ္(၂)ရဲစခန္းေရာက္သြားတယ္။ အဲ့ဒီေရာက္ေတာ့ ဘယ္က စေမး လဲဆိုေတာ့ ဓါတ္ပုံေတြျပတယ္။ေနာက္တစ္ခုျမင္တဲ့ေတြ႕တဲ့သူေတြကို live ထဲမွာေတြ႕တဲ့သူေတြကိုအကုန္လိုက္ျပတယ္။ ကြၽန္ေတာ္မသိတဲ့ဟာမသိဘူးေျပာေတာ့ကြၽန္ေတာ့္ကိုပါးရိုက္တယ္။ထိုးလဲထိုးတယ္။ေမးတယ္ ရိုက္တယ္။ ထပ္ေမးတယ္ရိုက္တယ္။ ည ၁၂ နာရီမွအိမ္ျပန္ရပါတယ္”လုိ႔ ဦးကိုကုိခ်စ္က ႏုိဝင္ဘာ(၂၄)ရက္ ေန႔လည္(၁)နာရီအခ်ိန္က People Media ကုိ ေျပာပါတယ္။
ထို႔ေနာက္ ႏုိဝင္ဘာ(၂၄)ရက္ေန႔၌ ရဲစခန္းက ထပ္မံေခၚလာသည့္အတြက္ ရဲစခန္းသုိ႔ သြားေရာက္၍ အစစ္ေဆးခံရလ်က္ရွိေၾကာင္း ထပ္မံေျပာဆုိပါတယ္။
“အခုထပ္ၿပီးရဲစခန္းကေခၚပါတယ္ အခုသြားရေတာ့မွာပါဗ်။ေမးစရာရွိလို႔ဆိုၿပီးထပ္ေခၚတာပါမေန႔ကလိုပါပဲ။ ကားေတြကိုထုတာေတြရဲေတြကိုခဲနဲ႔ထုတာေတြကိုေမးတယ္။ကြၽန္ေတာ္တို႔ကအဲဒီေန႔ကအိမ္ထဲကအိမ္ျပင္မထြက္ရဲဘူး။မသိလို႔မသိဘူးေျပာတာ။မသိဘူးေျပာရမလားဆိုၿပီးရိုက္တယ္”လုိ႔ ေျပာပါတယ္။
ဆက္လက္ေဖာ္ျပမည္။
#PeopleMedia #အၾကမ္းဖက္မႈ #လူ႔အခြင့္အေရး #ျမန္မာႏုိင္ငံရဲတပ္ဖြဲ႔ #ေပါက္စီေပါင္မုန္႔
(unicode)
ပေါက်စီနှင့် ​ပေါင်မုန်အလုပ်သမားများ၏ မိဘများကို တည်းခိုခွင့်ပြုခဲ့သည့် အိမ်ရှင်အား ရဲတပ်ဖွဲ့က ပါးရိုက်ခြင်း၊ အကြမ်းဖက်၍ စစ်ဆေးမေးမြန်းမှုများ ဆောင်ရွက်ခဲ့ကြောင်း ကာယကံရှင်ဖြစ်သူပြောဆို
…………………………………………….
ရန်ကုန်၊ နိုဝင်ဘာ – ၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံဆိပ်ကမ်းမြို့နယ်၊ ၈၇ ရပ်ကွက်ရှိပေါက်စီနှင့် ​ပေါင်မုန့်လုပ်ငန်းရှိ ကလေးသူငယ်များ၏မိဘများကို တည်းခိုခွင့်ပြုခဲ့သည့် အိမ်ရှင်ကို သာကေတမြို့နယ် အမှတ်(၂)ရဲစခန်း တာဝန်ရှိသူများက ပါးရိုက်ခြင်း၊အကြမ်းဖက်၍ စစ်ဆေးမေးမြန်းမှုများ ပြုလုပ်ခဲ့ကြောင်း ကာယကံရှင်ဖြစ်သူ ဦးကိုကိုချစ်က People Media ကို ပြောပါတယ်။
ဖြစ်စဉ်မှာ အဆိုပါ ပေါက်စီ၊ပေါင်မုန့်လုပ်ငန်း၌ အသက်အရွယ်မပြည့်သည့် ကလေးငယ်များ ခိုင်းစေမှုနှင့်ပတ်သက်ပြီး လူစုလူဝေးဖြစ်ပေါ်ပြီးဖြစ်ပေါ်ပြီးနောက် ကလေးငယ်များ၏ မိဘများကို တည်းခိုခွင့်ပြုခဲ့သည် ဦးကိုကိုချစ်ကို စစ်ဆေးရန် သာကေတမြို့နယ် အမှတ်(၂) ရဲစခန်း နိုဝင်ဘာ(၂၃)ရက်နေ့၌ ခေါ်ယူခဲ့ပါတယ်။
ဦးကိုကိုချစ်ကို သက်ဆိုင်ရာရဲစခန်းက နိုဝင်ဘာ၂၃ ရက်နေ့ ညနေ(၅)နာရီခန့်ကနေ ခေါ်ယူပြီးနောက် ည(၁၂)ရီအချိန်ထိ စစ်ဆေးမှုပြုလုပ်ခဲ့ပါတယ်။
ထိုသို့စစ်ဆေးရာ၌ ရဲတပ်ဖွဲ့ တာဝန်ရှိသူများက ပါးရိုက်၍ စစ်ဆေးမေးမြန်းခြင်း၊ အကြမ်းဖက်၍ စစ်ဆေးမေးမြန်းခြင်းများ ဆောင်ရွက်ခဲ့ကြောင်း ကာယကံရှင်ဖြစ်သူက ပြောပါတယ်။
“မနေ့ ၅နာရီလောက်ကခေါ်သွားကြတယ်။ ကျွန်တော်တို့ရပ်ကွက်ထဲကလေး ​လေးယောက်ပါတယ်။ ရပ်ကွက်ရုံး တင်လို့ပြောပြီးခေါ်သွားတယ်။ ဟိုရောက်တော့အမှတ်(၂)ရဲစခန်းရောက်သွားတယ်။ အဲ့ဒီရောက်တော့ ဘယ်က စမေး လဲဆိုတော့ ဓါတ်ပုံတွေပြတယ်။နောက်တစ်ခုမြင်တဲ့တွေ့တဲ့သူတွေကို live ထဲမှာတွေ့တဲ့သူတွေကိုအကုန်လိုက်ပြတယ်။ ကျွန်တော်မသိတဲ့ဟာမသိဘူးပြောတော့ကျွန်တော့်ကိုပါးရိုက်တယ်။ထိုးလဲထိုးတယ်။မေးတယ် ရိုက်တယ်။ ထပ်မေးတယ်ရိုက်တယ်။ ည ၁၂ နာရီမှအိမ်ပြန်ရပါတယ်”လို့ ဦးကိုကိုချစ်က နိုဝင်ဘာ(၂၄)ရက် နေ့လည်(၁)နာရီအချိန်က People Media ကို ပြောပါတယ်။
ထို့နောက် နိုဝင်ဘာ(၂၄)ရက်နေ့၌ ရဲစခန်းက ထပ်မံခေါ်လာသည့်အတွက် ရဲစခန်းသို့ သွားရောက်၍ အစစ်ဆေးခံရလျက်ရှိကြောင်း ထပ်မံပြောဆိုပါတယ်။
“အခုထပ်ပြီးရဲစခန်းကခေါ်ပါတယ် အခုသွားရတော့မှာပါဗျ။မေးစရာရှိလို့ဆိုပြီးထပ်ခေါ်တာပါမနေ့ကလိုပါပဲ။ ကားတွေကိုထုတာတွေရဲတွေကိုခဲနဲ့ထုတာတွေကိုမေးတယ်။ကျွန်တော်တို့ကအဲဒီနေ့ကအိမ်ထဲကအိမ်ပြင်မထွက်ရဲဘူး။မသိလို့မသိဘူးပြောတာ။မသိဘူးပြောရမလားဆိုပြီးရိုက်တယ်”လို့ ပြောပါတယ်။
ဆက်လက်ဖော်ပြမည်။
#PeopleMedia #အကြမ်းဖက်မှု #လူ့အခွင့်အရေး #မြန်မာနိုင်ငံရဲတပ်ဖွဲ့ #ပေါက်စီပေါင်မုန့်


Share this post