• Follow Us on

Home ပေါက်တောမြို့နယ် ကြမ်နီပြင် IDPs စစ်ရှောင်စခန်းရှိ ဘင်္ဂါလီဒုက္ခသည်များကို COVID-19 ရောဂါကာကွယ် ဆေး စတင်ထိုးနှံ

ပေါက်တောမြို့နယ် ကြမ်နီပြင် IDPs စစ်ရှောင်စခန်းရှိ ဘင်္ဂါလီဒုက္ခသည်များကို COVID-19 ရောဂါကာကွယ် ဆေး စတင်ထိုးနှံ

Share this post

နေပြည်တော်၊ သြဂုတ် ၃၁ (People Media)

 

ရခိုင်ပြည်နယ်၊ ပေါက်မြို့နယ် ကြမ်နီပြင် IDPs စစ်ရှောင်စခန်းတွင် ခိုလှုံနေကြသည့် ဘင်္ဂါလီဒုက္ခသည်များကို သြဂုတ်လ ၃၀ ရက်နေ့တွင် COVID-19 ရောဂါကာကွယ်ဆေး စတင်ထိုးနှံပေးခဲ့ကြောင်း မြို့နယ်ကျန်းမာရေးဦး စီးဌာနမှ သိရသည်။

 

အဆိုပါ ကာကွယ်ဆေးထိုးနှံပေးရာတွင် ဦးစားပေးအစီအစဉ်အတိုင်း အသက် (၄၅)နှစ်အထက်နှင့် အသက် (၆၅)နှစ်အထက် အသက်ကြီးရွယ်အိုများအား Sinovac အမျိုးအစား ကာကွယ်ဆေးများအား ထိုးနှံပေးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

 

ကြမ်နီပြင် IDPs စခန်းတွင် COVID-19 ရောဂါကာကွယ်ဆေး လာရောက်ထိုးနှံသူ အမျိုးသား ၈၇ ဦးနှင့် အမျိုးသမီး ၄၃ ဦး စုစုပေါင်း ၁၃၀ ဦးကို ကာကွယ်ဆေးထိုးနှံပေးခဲ့သည်ဟု ဆိုသည်။

 

ထို့အပြင် ဆင်တက်မော် IDPs စခန်းတွင် ကာကွယ်ဆေးထိုးနှံသူအရေအတွက် ၃၉၈ ဦး၊ အနောက်ရဲ IDPs စခန်းတွင် ၁၈၄ ဦး ထိုးနှံပေးခဲ့ပြီး၊ ပေါက်တောမြို့နယ်အတွင်းရှိ IDPs စစ်ရှောင်စခန်း ၅ နေရာအနက် ၃ နေရာ ထိုးနှံပေးပြီးဖြစ်ကြောင်းနှင့် ကျန်စခန်း ၂ နေရာသို့ ဆက်လက်ထိုးနှံပေးသွားမည်ဖြစ်ကြောင်း ဖော်ပြပါရှိသည်။

 

အလားတူ သြဂုတ်လ ၂၇ ရက်နေ့တွင် န.စ.က မှပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် တပ်မတော်သတင်း မှန်ပြန်ကြားရေးအဖွဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းမှ COVID-19 ရောဂါကာကွယ်ဆေးထိုးနှံပေး မည့်ကိစ္စနှင့်ပတ်သက်ပြီး အားလုံးသည် ကျွန်တော်တို့၏ ပြည်သူလူထုဖြစ်သည့်အတွက် နိုင်ငံတော်အစိုးရ၏ ကျန်းမာရေးလုပ်ငန်းစဉ်များတွင် မည်သူတစ်ဦးတစ်ယောက်ကိုမျှ ချန်လပ်ထားမည် မဟုတ်ကြောင်း ပြောကြား ခဲ့သည်။

 

Photo – credit

 

#PeopleMedia#COVID#ကြမ်နီပြင် IDPs

 

(unicode)


………………………………………………………………

 


 


 


 


 


 


 

Photo – credit

 



Share this post