• Follow Us on

Home ပေါက်တောမြို့ ပြည်သူ့ဆေးရုံအတွက် လိုအပ်သည့်အောက်စီဂျင်သွားယူသည့် ကော်မတီအဖွဲ့ယာဉ်မတော် တဆဖြစ်ပွား

ပေါက်တောမြို့ ပြည်သူ့ဆေးရုံအတွက် လိုအပ်သည့်အောက်စီဂျင်သွားယူသည့် ကော်မတီအဖွဲ့ယာဉ်မတော် တဆဖြစ်ပွား

Share this post

ပေါက်တော၊ သြဂုတ် ၅ (People Media)

 

ပေါက်တောမြို့၊ ပြည်သူ့ဆေးရုံအတွက်လိုအပ်သည့် Oxygen သွားယူသည့် ကော်မတီအဖွဲ့ဝင်များ ယာဉ်မတော်တဆဖြစ်ပွားခဲ့ကြောင်း ပေါက်တောမြို့နယ် Oxygen Plant ဖြစ်မြောက်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

 

COVID-19 ကာကွယ်တိုက်ဖျက်ရေးအထောက်အကူပြုနှင့် Oxygen plant တည်ဆောက်ရေးကော်မတီ (ပေါက်တောမြို့နယ်)မှ Oxygen plant စောလျှင်စွာတည်ဆောက်နိုင်ရေးနှင့် မြို့နယ်အတွက် COVID-19 နှင့်ပတ်သက်သည့်လိုအပ်ချက်များအား အစွမ်းကုန်ကြိုးစားဆောင်ရွက်နေကြောင်း သိရသည်။

 

ထိုသို့ ဆောင်ရွက်စဉ် သြဂုတ်လ ၄ ရက်နေ့တွင် ပေါက်တောမြို့၊ ပြည်သူ့ဆေးရုံတွင် လုံလောက်မှုမရှိသော Oxygen ရရှိနိုင်ရေးအတွက် စေတနာရှင်များ၏ ဆက်သွယ်ပေးမှုနှင့် ပဒင်းသို့သွားရောက်ပြီး Oxygen ၃၆ လုံးဖြည့်တင်းရန်အတွက် ကော်မတီဝင် ဦးမောင်လှရွှေနှင့် ဦးညွန်တင်အောင်အား ကော်မတီကိုယ်စားလှယ် အဖြစ်တာဝန်ပေး စေလွှတ်ခဲ့ရာတွင် ယာဉ်မတော်တဆဖြစ်ပြီး ကိုယ်စားလှယ်နှစ်ဦးနှင့်အတူ ယာဉ်ပိုင်ရှင်တစ်ဦး ယာဉ်မောင်းသူတစ်ဦး စုစုပေါင်း လေးဦး ဒဏ်ရာအနည်းငယ်ရရှိခဲ့ကြောင်း သိရသည်။

 

မိမိမြို့ရွာအတွက် စွန့်စားသွားရောက်ပေးကြသော ဦးမောင်လှရွှေနှင့် ဦးညွန်တင်အောင်အား လေးစားစွာဖြင့် မှတ်တမ်းတင်အပ်ပြီး၊ ၎င်းဖြစ်စဉ်၌ အစစအရာရာ ကူညီဆောင်ရွက်ပေးကြသော မင်းပြားမြို့ပရဟိတအဖွဲ့များ နှင့် ကိုစိုးမင်း(မင်းပြားမြို့)၊ ကိုလှမင်းစိုး(SAE ရာမောင်တံတား)နှင့်အတူ ကူညီဆောင်ရွက်ပေးကြသူအားလုံး အား အထူးပင်ကျေးဇူးတင်ရှိပါကြောင်း လေးစားစွာဖြင့် မှတ်တမ်းတင်အပ်ကြောင်း ပေါက်တောမြို့နယ် Oxygen Plant ဖြစ်မြောက်ရေးကော်မတီမှ ထုတ်ပြန်ထားသည်။

 

#PeopleMedia #ပေါက်တောမြို့

(unicode)


……………………………………………………………

 


 


 


 


 


 



Share this post