• Follow Us on

Home ပေါက်မြို့နယ်တွင် PDF အဖွဲ့ဝင်များ၏ တရားမဝင်ရေနံတွင်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

ပေါက်မြို့နယ်တွင် PDF အဖွဲ့ဝင်များ၏ တရားမဝင်ရေနံတွင်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိ

Share this post

နေပြည်တော်၊ ဖေဖော်ဝါရီ ၁၈

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်၊ ထန်းပေါက်ကုန်းကျေးရွာအနီးတွင် တရားမဝင်ရေနံတွင်းများနှင့် လက်နက်ခဲယမ်းများ ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

 

ဖေဖော်ဝါရီလ (၁၇)ရက် နံနက် (၉)နာရီခန့်က ထန်းပေါက်ကုန်းကျေးရွာအနီးတွင် တရားမဝင် ရေနံတူးဖော် နေကြောင်း သတင်းရရှိခဲ့သဖြင့် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေသည့် လုံခြုံရေးအဖွဲ့ဝင်များမှ သွား ရောက်ရှင်းလင်းခဲ့သည်။

 

လုံခြုံရေးတပ်ဖွဲ့ဝင်များမှ သွားရောက်ခဲ့ရာတွင် မြေကြီးအတွင်း (၆) လက်မခန့် မြှပ်ထားသော အချင်း (၃) လက်မရှိ ပီစီဗွီပိုက်အား တွေ့ရှိသဖြင့် ၎င်းနေရာမှ ပိုက်လိုင်းတစ်လျှောက်ရှာဖွေခဲ့ရာ ရေနံထည့်ရန်ကန် အသစ် (၁)လုံးနှင့် ရေစုပ်စက် (၁)လုံးတို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရှိရပါသည်။

 

ထို့နောက် ထန်းပေါက်ကုန်းကျေးရွာ အနီးတစ်ဝိုက်အား လုံခြုံရေးတပ်ဖွဲ့ဝင်များမှ အသေးစိတ် ရှင်းလင်းခဲ့ရာ တွင် PDF စခန်းဟောင်းတစ်ခုနှင့်အတူ လက်လုပ်မိုင်း (၁၈)လုံး၊ ကော့တက်ယမ်းကြိုး (၁)ခွေ၊ လက်လုပ်စိန် ပြောင်း (၁)လက်၊ လက်လုပ်စိန်ပြောင်း ဗုံးသီး (၆)လုံး၊ လက်လုပ် Drop Bomb (၇)လုံး၊ ယမ်းမှုန့် (၂)ပိဿာ၊ ယူနီဖောင်း (၂)စုံ၊ မိုးကာခင်း ရေကန် (၃)ကန်၊ ဆိုလာပြား (၁)ချပ်၊ မီးစက် (၂)လုံး၊ အင်ဗာတာ (၁)လုံး၊ ဗုံးခို ကျင်း (၁)လုံး ထမင်းပေါင်းအိုး (၁)လုံး၊ မိုးဗြဲဒယ် (၂)လုံး၊ ဆိုင်ကယ် ၃ စီး၊ သုံဘီးယာဉ် (၁)စီး၊ လူနေတဲ (၁၂)လုံး တို့အား သိမ်းဆည်းရရှိခဲ့ကြောင်း သိရသည်။

 

#PeopleMedia

 

(unicode)


……………………………………………

 


 


 


 


 


 

#PeopleMedia


Share this post