• Follow Us on

Home ေပါက္ၿမိဳ႕နယ္၊ ကၽြန္းရင္းေက်းရြာတြင္ သက္ႀကီးရြယ္အိုေတြမဲကို အစားထိုးမဲေပးခိုင္းရာမွ ကိုယ္စားျပဳလုပ္ေပးခဲ့ သည့္ ေကာ္မရွင္အဖြဲ႕အား တာ၀န္မွ ယာယီရပ္ဆိုင္း၊ စုံစမ္းစစ္ေဆးေရးေကာ္မရွင္မွစစ္ေဆးေနၿပီး ခ်က္ခ်င္း အေရးယူသြားမည္ဟုဆို

ေပါက္ၿမိဳ႕နယ္၊ ကၽြန္းရင္းေက်းရြာတြင္ သက္ႀကီးရြယ္အိုေတြမဲကို အစားထိုးမဲေပးခိုင္းရာမွ ကိုယ္စားျပဳလုပ္ေပးခဲ့ သည့္ ေကာ္မရွင္အဖြဲ႕အား တာ၀န္မွ ယာယီရပ္ဆိုင္း၊ စုံစမ္းစစ္ေဆးေရးေကာ္မရွင္မွစစ္ေဆးေနၿပီး ခ်က္ခ်င္း အေရးယူသြားမည္ဟုဆို

Share this post

ရန္ကုန္၊ ေအာက္တိုဘာ ၃၀
 
ေပါက္ၿမိဳ႕နယ္၊ ကၽြန္းရင္းေက်းရြာတြင္ သက္ႀကီးရြယ္အိုေတြမဲကို အစားထိုးမဲေပးခိုင္ရာမွ ကိုယ္စားျပဳလုပ္ေပး ခဲ့သည့္ ေကာ္မရွင္အဖြဲ႕အား တာ၀န္မွ ယာယီရပ္ဆိုင္းကာ စုံစမ္းးေဆးေရးေကာ္မရွင္မွ စစ္ေဆးေနၿပီး ခ်က္ခ်င္းအေရးယူသြားမည္ျဖစ္ေၾကာင္း ပခုကၠဴခရိုင္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒ ဦးဝင္းစိန္မွ ေျပာပါတယ္။
 
မေကြးတိုင္း၊ ေပါက္ၿမိဳ႕နယ္၊ ကၽြန္းရင္းေက်းရြာမွာ ေအာက္တိုဘာ ၂၉ ရက္က အသက္ ၆၀ နဲ႔အထက္ သက္ႀကီးရြယ္အိုေတြ ဆႏၵမဲေပးရာမွာ မေပးတတ္သည့္အတြက္ တံဆိပ္တုံးထုႏွိပ္ေပးဖို႔ အကူအညီေတာင္းရာ ရပ္ေက်းေကာ္မရွင္ဥကၠ႒မွ ကိုယ္တိုင္ အစားထိုး တံဆိပ္တုံးထုႏွိပ္ေပးခဲ့ရာမွ မဲလိမ္ေပးသည္ဆိုသည့္ စြပ္စြဲခ်က္မ်ားေၾကာင့္ မဲေတြကို ျပန္လည္ဖြင့္ေဖာက္စစ္ေဆးရန္ ေတာင္းဆိုရာမွ လူစုလူေဝးျဖစ္ေပၚခဲ့သည့္ ကိစၥႏွင့္ ပတ္သက္ၿပီး People Media မွ ဆက္သြယ္ေမးျမန္းရာ ၎မွအထက္ပါအတိုင္း ေျပာၾကားခဲ့ပါတယ္။
 
“အခုရြာရဲ႕ ေျပာျပခ်က္ေတြအရေတာ့ သူကတံဆိပ္တုံးထုတာမရိုးသားဘူးလို႔ စြပ္စြဲၾကတာ။ စြပ္စြဲၾကတဲ့အေပၚမွာ ျပႆနာတက္ၿပီးေတာ့ မဲပုံးေဖာက္ခ်င္တဲ့သေဘာပဲ ရြာက။ အဲဒါေၾကာင့္ ဥပေဒအရေတာ့ ဒါသက္ဆိုင္ရာက အကူအညီေတာင္းရင္ေတာ့ မဲတံဆိပ္တုံးကေတာ့ ထုခြင့္ရွိတာေပါ့ေနာ္။ သို႔ေသာ္လည္းပဲ ဒီအေပၚမွာ သံသယ ျဖစ္ေလာက္ေအာင္ အမ်ားယုံၾကည္တဲ့ပုဂၢိဳလ္ေတြျဖစ္တဲ့အတြက္ ဒီအေပၚမွာ မရိုးမသား၊ သံသယျဖစ္ေစတဲ့အျပဳ အမူမ်ိဳး မလုပ္ရဘူးေလ။ ဒါကဥပေဒခ်ိဳးေဖာက္တာျဖစ္တဲ့အတြက္ ယာယီေတာ့ရပ္ဆိုင္းလိုက္တာပါ။ ကၽြန္ေတာ္တို႔ မနက္ျဖန္ ၃၁ ရက္ေန႔ေနာက္ဆုံးထားၿပီး စုံစမ္းစစ္ေဆးေရးရဲ့သုံးသပ္ခ်က္ကို ခရိုင္ကေတာင္းထားပါတယ္။ မနက္ျဖန္ဆို ရင္သိရပါၿပီ။ ကၽြန္ေတာ္တို႔က ခ်က္ခ်င္းဒီသုံးသပ္ခ်က္ေပၚကို သုံးသပ္ၿပီးေတာ့မွ တိုင္း UEC လမ္း ညႊန္မႈကိုခံယူၿပီး ဆက္ေဆာင္ရြက္ သြားမွာပါ”ဟု ပခုကၠဴ ခရိုင္ေရြးေကာက္ပြဲေကာ္မရွင္အဖြဲ႕ခြဲဥကၠ႒ ဦးဝင္းစိန္မွေျပာသည္။
 
ဆက္လက္ၿပီး ယင္းျဖစ္စဥ္အား စုံစမ္းစစ္ေဆးေရးအဖြဲ႕ဖြဲ႕ကာ ေကာ္မရွင္မွစတင္စစ္ေနၿပီး တံဆိပ္တုံးထု ေပးခဲ့သည့္ ေက်းရြာရပ္ေက်း ေကာ္မရွင္ဥကၠ႒ မဲေပးခဲ့ၾကသည့္ ကာယကံရွင္၊ ေက်းရြာအုပ္ခ်ဳပ္ေရးမွဴး စသည္တို႔ကို စစ္ေဆးသြားမည္ျဖစ္ၿပီး ေအာက္တိုဘာ ၃၁ ရက္ေန႔တြင္ ခ်က္ခ်င္းအေရးယူဆုံးျဖတ္မည္ ျဖစ္ေၾကာင္း ၎ကဆိုပါတယ္။
 
အလားတူ ကၽြန္းရင္းေက်းရြာသို႔ ႀကိဳတင္မဲေပးလုပ္ငန္းစဥ္မ်ား မျပတ္ေတာက္ေစရန္ အမ်ားယုံၾကည္ ေလးစားရသည့္ ပုဂၢိဳလ္တစ္ဦးႏွင့္ ေကာ္မရွင္႐ုံး၀န္ထမ္းတစ္ဦးတို႔ကို ေစလႊတ္ထားၿပီး သက္ဆိုင္ရာ ၅ ၿမိဳ႕နယ္မွာတြင္လည္း တာ၀န္ခံမ်ားခ်က္ခ်င္းေစလႊတ္ၿပီး အခ်ိန္ႏွင့္တစ္ေျပးညီေဆာင္ရြက္ေန သိရပါတယ္။
 
#PeopleMedia
 
(unicode)
ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာတွင် သက်ကြီးရွယ်အိုတွေမဲကို အစားထိုးမဲပေးခိုင်းရာမှ ကိုယ်စားပြုလုပ်ပေးခဲ့ သည့် ကော်မရှင်အဖွဲ့အား တာဝန်မှ ယာယီရပ်ဆိုင်း၊ စုံစမ်းစစ်ဆေးရေးကော်မရှင်မှစစ်ဆေးနေပြီး ချက်ချင်း အရေးယူသွားမည်ဟုဆို
…………………………………………………………..
 
ရန်ကုန်၊ အောက်တိုဘာ ၃၀
 
ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာတွင် သက်ကြီးရွယ်အိုတွေမဲကို အစားထိုးမဲပေးခိုင်ရာမှ ကိုယ်စားပြုလုပ်ပေး ခဲ့သည့် ကော်မရှင်အဖွဲ့အား တာဝန်မှ ယာယီရပ်ဆိုင်းကာ စုံစမ်းးဆေးရေးကော်မရှင်မှ စစ်ဆေးနေပြီး ချက်ချင်းအရေးယူသွားမည်ဖြစ်ကြောင်း ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းစိန်မှ ပြောပါတယ်။
 
မကွေးတိုင်း၊ ပေါက်မြို့နယ်၊ ကျွန်းရင်းကျေးရွာမှာ အောက်တိုဘာ ၂၉ ရက်က အသက် ၆၀ နဲ့အထက် သက်ကြီးရွယ်အိုတွေ ဆန္ဒမဲပေးရာမှာ မပေးတတ်သည့်အတွက် တံဆိပ်တုံးထုနှိပ်ပေးဖို့ အကူအညီတောင်းရာ ရပ်ကျေးကော်မရှင်ဥက္ကဋ္ဌမှ ကိုယ်တိုင် အစားထိုး တံဆိပ်တုံးထုနှိပ်ပေးခဲ့ရာမှ မဲလိမ်ပေးသည်ဆိုသည့် စွပ်စွဲချက်များကြောင့် မဲတွေကို ပြန်လည်ဖွင့်ဖောက်စစ်ဆေးရန် တောင်းဆိုရာမှ လူစုလူဝေးဖြစ်ပေါ်ခဲ့သည့် ကိစ္စနှင့် ပတ်သက်ပြီး People Media မှ ဆက်သွယ်မေးမြန်းရာ ၎င်းမှအထက်ပါအတိုင်း ပြောကြားခဲ့ပါတယ်။
 
“အခုရွာရဲ့ ပြောပြချက်တွေအရတော့ သူကတံဆိပ်တုံးထုတာမရိုးသားဘူးလို့ စွပ်စွဲကြတာ။ စွပ်စွဲကြတဲ့အပေါ်မှာ ပြဿနာတက်ပြီးတော့ မဲပုံးဖောက်ချင်တဲ့သဘောပဲ ရွာက။ အဲဒါကြောင့် ဥပဒေအရတော့ ဒါသက်ဆိုင်ရာက အကူအညီတောင်းရင်တော့ မဲတံဆိပ်တုံးကတော့ ထုခွင့်ရှိတာပေါ့နော်။ သို့သော်လည်းပဲ ဒီအပေါ်မှာ သံသယ ဖြစ်လောက်အောင် အများယုံကြည်တဲ့ပုဂ္ဂိုလ်တွေဖြစ်တဲ့အတွက် ဒီအပေါ်မှာ မရိုးမသား၊ သံသယဖြစ်စေတဲ့အပြု အမူမျိုး မလုပ်ရဘူးလေ။ ဒါကဥပဒေချိုးဖောက်တာဖြစ်တဲ့အတွက် ယာယီတော့ရပ်ဆိုင်းလိုက်တာပါ။ ကျွန်တော်တို့ မနက်ဖြန် ၃၁ ရက်နေ့နောက်ဆုံးထားပြီး စုံစမ်းစစ်ဆေးရေးရဲ့သုံးသပ်ချက်ကို ခရိုင်ကတောင်းထားပါတယ်။ မနက်ဖြန်ဆို ရင်သိရပါပြီ။ ကျွန်တော်တို့က ချက်ချင်းဒီသုံးသပ်ချက်ပေါ်ကို သုံးသပ်ပြီးတော့မှ တိုင်း UEC လမ်း ညွှန်မှုကိုခံယူပြီး ဆက်ဆောင်ရွက် သွားမှာပါ”ဟု ပခုက္ကူ ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌ ဦးဝင်းစိန်မှပြောသည်။
 
ဆက်လက်ပြီး ယင်းဖြစ်စဉ်အား စုံစမ်းစစ်ဆေးရေးအဖွဲ့ဖွဲ့ကာ ကော်မရှင်မှစတင်စစ်နေပြီး တံဆိပ်တုံးထု ပေးခဲ့သည့် ကျေးရွာရပ်ကျေး ကော်မရှင်ဥက္ကဋ္ဌ မဲပေးခဲ့ကြသည့် ကာယကံရှင်၊ ကျေးရွာအုပ်ချုပ်ရေးမှူး စသည်တို့ကို စစ်ဆေးသွားမည်ဖြစ်ပြီး အောက်တိုဘာ ၃၁ ရက်နေ့တွင် ချက်ချင်းအရေးယူဆုံးဖြတ်မည် ဖြစ်ကြောင်း ၎င်းကဆိုပါတယ်။
 
အလားတူ ကျွန်းရင်းကျေးရွာသို့ ကြိုတင်မဲပေးလုပ်ငန်းစဉ်များ မပြတ်တောက်စေရန် အများယုံကြည် လေးစားရသည့် ပုဂ္ဂိုလ်တစ်ဦးနှင့် ကော်မရှင်ရုံးဝန်ထမ်းတစ်ဦးတို့ကို စေလွှတ်ထားပြီး သက်ဆိုင်ရာ ၅ မြို့နယ်မှာတွင်လည်း တာဝန်ခံများချက်ချင်းစေလွှတ်ပြီး အချိန်နှင့်တစ်ပြေးညီဆောင်ရွက်နေ သိရပါတယ်။
 
#PeopleMedia

Share this post