• Follow Us on

Home ပေါက်မြို့နယ်၌ အသက် ၁၁ နှစ်၊ အသက် ၃ နှစ်အရွယ်ရှိ ကလေးငယ် နှစ်ဦးနှင့် ၎င်းတို့၏ မိခင်ဖြစ်သူကို PDF အကြမ်းဖက်အဖွဲ့မှ လုပ်ကြံသတ်ဖြတ်

ပေါက်မြို့နယ်၌ အသက် ၁၁ နှစ်၊ အသက် ၃ နှစ်အရွယ်ရှိ ကလေးငယ် နှစ်ဦးနှင့် ၎င်းတို့၏ မိခင်ဖြစ်သူကို PDF အကြမ်းဖက်အဖွဲ့မှ လုပ်ကြံသတ်ဖြတ်

Share this post

ပေါက်၊ မတ် ၁၀

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ပေါက်မြို့နယ်၊ အင်းငယ်ဒေါင့်ကျေးရွာတွင် နေထိုင်သည့် ဒေါ်အေးအေး ဝင်းနှင့် သမီးဖြစ်သူ မသင်းသင်းမိုးနှင့် မရတီမိုး တို့သည် ပေါက်မြို့ PDF အဖွဲ့၏ လုပ်ကြံသတ်ဖြတ်မှုကြောင့် သေဆုံးခဲ့သည်။

 

လုပ်ကြံခံရသူများမှာ မသင်းသင်းမိုး အသက် (၁၁) နှစ်၊ မရတီမိုးမြင့်မှာ အသက် (၃) နှစ်ခန့်နှင့် ၎င်းတို့၏ မိခင်ဖြစ်သူ အသက် ၄၂ နှစ် အရွယ်ရှိ ဒေါ်အေးအေးဝင်တို့ ဖြစ်သည်။

 

“မတ်လ ၅ ရက်နေ့မှာ PDF အကြမ်းဖက်အဖွဲ့တွေက ရွာထဲကို ဝင်လာပြီး ဆက်ကြေးကောက်တယ်။ ရိက္ခာ ယူတယ်။ ပြီးရင် သူတို့ လုပ်ကြံချင်တဲ့သူကို လုပ်ကြံတယ်။ အဲ့ဒါကို ကြောက်တော့ အဲ့ဒီသားအမိ သုံး ယောက်က ရွာထဲကနေ ထွက်ပြေးတာ လမ်းမှာ မိပြီး PDF တွေက သတ်သွားတာ။ တော်တော်ရက်စက်တဲ့ လူစိတ်မရှိတဲ့အဖွဲ့အစည်းတွေ၊ လူစိတ်မရှိသူတွေကို ရှင်းလင်းပေးဖို့ နိုင်ငံတော်ကို တောင်းဆိုပါတယ်” လို့ မြို့ခံတစ်ဦးက ပြောဆိုသည်။

 

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင်၊ ဂန့်ဂေါခရိုင်သည် PDF အကြမ်းဖက်အဖွဲ့များ သောင်းကျန်း၊ ဆူပူလျက်ရှိ သော နယ်မြေများဖြစ်ပြီး ၎င်းတို့ လက်ချက်ကြောင့် ဒေသခံများ၏ အသက်၊ အိုးအိမ်း၊ စည်းစိမ်များ ပျက်စီး လျက်ရှိနေသည်။

 

#PeopleMedia

 

(unicode)

 


…………………………………

 


 


 


 


 


 

#PeopleMedia


Share this post