• Follow Us on

Home ပေါက်မြို့နယ်၌ အခြေခံပညာ မူလတန်းကျောင်းနှစ်ကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့် မပေါက်ကွဲသေး သောလက်လုပ်မိုင်းများ တွေ့ရှိ

ပေါက်မြို့နယ်၌ အခြေခံပညာ မူလတန်းကျောင်းနှစ်ကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့် မပေါက်ကွဲသေး သောလက်လုပ်မိုင်းများ တွေ့ရှိ

Share this post

မကွေး၊ ဒီဇင်ဘာ ၂၇ (People Media)

 

မကွေးတိုင်းဒေသကြီး၊ ပေါက်မြို့နယ်ရှိ အခြေခံပညာမူလတန်းကျောင်းများတွင် ဒီဇင်ဘာ ၂၅ ရက်နေ့က ဗုံးပေါက်ကွဲမှုဖြစ်စဉ်များနှင့် မပေါက်ကွဲသေးသောလက်လုပ်မိုင်းများ တွေ့ရှိခဲ့ပါတယ်။

 

ဒီဇင်ဘာ ၂၅ ရက်နေ့ နံနက် ၉ နာရီခန့်တွင် ပေါက်မြို့နယ် အောင်တော်မူရပ်ကွက်ရှိ အမှတ် (၂) အခြေခံပညာ မူလတန်းလွန်ကျောင်းအား အမည်မသိ အမျိုးသားတစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး ကျောင်းဝင်းအတွင်း သို့ လက်လုပ်ဗုံးဖြင့် ပစ်ပေါက်ခဲ့ပါတယ်။

 

အဆိုပါ ပစ်ပေါက်ခဲ့သော လက်လုပ်ဗုံးသည် သတ္တမတန်း ကျောင်းဆောင်အရှေ့သို့ ကျရောက်ပေါက်ကွဲခဲ့ပါ တယ်။

 

အဆိုပါဖြစ်စဉ် ပြီးနောက် နံနက် ၁၀ နာရီ မိနစ် ၂၀ ခန့်တွင် အောင်ချမ်းသာ ရပ်ကွက်ရှိ အမှတ် (၁) အခြေခံ ပညာ မူလတန်းလွန်ကျောင်း၌ ကျွတ်ကျွတ်အိတ်အမည်းဖြင့် ထုတ်ပိုးထားသည့် အလျား ၈ လက်မ၊ အချင်း ၃ လက်မခန့် PVC ပိုက်နှင့် စားပွဲတင်နာရီနှင့် တွဲချိတ်ထားသည့် အချိန်ကိုက်မိုင်းကို ကျောင်း၏ နောက်ဘက် ခြံစည်းရိုး အုတ်တံတိုင်းအနီးတွင် တွေ့ရှိခဲ့ခြင်းဖြစ်ပါတယ်။

 

အဆိုပါ ဖြစ်စဉ်နှစ်ခုတွင် လူထိခိုက်ဒဏ်ရာရရှိမှုမရှိဘဲ ကျောင်းပစ္စည်းအနည်းငယ်သာ ထိခိုက်ပျက်စီးခဲ့ ကြောင်း မပေါက်ကွဲသေးသည့် အချိန်ကိုက်မိုင်းကိုလည်း လုံခြုံရေးတပ်ဖွဲ့ဝင်များက သက်မဲ့ပြုလုပ်ရှင်းလင်း ခဲ့ပါတယ်။

 

#PeopleMedia #ပေါက် #ကျောင်း

 

(unicode)


………………………………………………………….

 


 


 


 


 


 


 



Share this post