• Follow Us on

Home ပေါင်မြို့တွင် ဦးဇင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါးအား တောင်ဝှေ့တုတ်ဖြင့် ရိုက်ပြီး ဆရာတော်အလောင်း ဖျောက်ထားခဲ့

ပေါင်မြို့တွင် ဦးဇင်းမှ ကျောင်းထိုင်ဆရာတော်တစ်ပါးအား တောင်ဝှေ့တုတ်ဖြင့် ရိုက်ပြီး ဆရာတော်အလောင်း ဖျောက်ထားခဲ့

Share this post

ပေါင်၊ မတ် ၈

 

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့၊ ကတိုက်ကျေးရွာ၊ အောင်ချမ်းသာ တောရကျောင်းတိုက်မှ ဦးဇင်းမှ ကျောင်း ထိုင်ဆရာတော်အား တောင်ဝှေ့တုတ်ဖြင့် ရိုက်ပြီး၊ ဆရာတော်၏ အလောင်းအား ဖျောက်ထားခဲ့သည့် ဖြစ်စဉ် တစ်ခုဖြစ်ပွားခဲ့ကြောင်း သိရသည်။

 

ဖြစ်စဉ်မှာ ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၆ ရက်နေ့တွင် အောင်ချမ်းသာ တောရကျောင်းတိုက်မှ ဦးဇင်းတစ်ပါးသည် ကျောင်းထိုင်ဆရာတော်နှင့် တီဗွီကြည့်နေရာ စကားများ ရန်ဖြစ်ခဲ့ကြောင်း၊ ထိုသို့ ရန်ဖြစ်စဉ် ဦးဇင်းဖြစ်သူမှ ကျောင်းထိုင်ဆရာတော်အား တောင်ဝှေ့ဖြင့်ရိုက်ခဲ့ကြောင်း၊ ထို့နောက် ကျောင်းထိုင်ဆရာတော်၏ အလောင်း အား ဖျောက်ထားခဲ့ကြောင်း သိရသည်။

 

“ဆရာတော်က ကျောင်းရဲ့ တံခါးဝမှာ စာတစ်စောင်ချိတ်ထားတာ။ အဲ့စာကနေ သဲလွန်စရခဲ့တယ်။ ဖြစ်တာက ဖေဖော်ဝါရီ ၂၆ ရက်က ၂၈ ရက်နေ့မှာ အလောင်းကို ပြန်တွေ့တာပါ” လို့ ပေါင်မြို့ရှိ ဒေသခံတစ်ဦးမှ သိရ သည်။

 

ဖျောက်ထားသည့် ကျောင်းထိုင်ဆရာတော်၏ အလောင်းအား ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ကတိုက်ကျေးရွာရှိ ပုတ်ပုတ်ချောင်းဘေး၌ မြေမြှုပ်ထားလျက်ရှိခဲ့ရကြောင်း သိရသည်။

 

သေဆုံးသည့် ကျောင်းထိုင်ဆရာတော်မှာ ဦးဝီမလ သက်တော်(၆၂)၊ ဝါတော် (၄၂) ဝါရှိပြီဖြစ်ပြီး၊ ပြစ်မှုကျူး လွန်သည့် ဦးဇင်းမှာ ဦးဝါယမ (ခ) ဦးဝင်းနိုင် ဖြစ်ကြောင်း၊ ၎င်းဦးဇင်းအား ဖြူးဘကျေးရွာ သူဌေးကုန်းကျောင်း၌ မတ်လ ၆ ရက်နေ့တွင် လူဝတ်လဲပြီး စစ်ဆေးခဲ့ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia # ပေါင်မြို့

 

(unicode)


………………………………

 


 


 


 


 


 


 

Photo – Credit

 



Share this post