• Follow Us on

Home ပေါင်မြို့နယ်၌ ရေတွင်းထဲသို့ ပြုတ်ကျသွားသည့် နွားကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

ပေါင်မြို့နယ်၌ ရေတွင်းထဲသို့ ပြုတ်ကျသွားသည့် နွားကို အသက်ရှင်လျက် ကယ်ဆယ်နိုင်ခဲ့

Share this post

ပေါင်၊ ဇန်နဝါရီ ၂၂ (People Media)

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ ပန်းကုန်းကျေးရွာ၊ ရန်ကုန်-မော်လမြိုင်ကားလမ်း၊ မိုင်တိုင်အမှတ် (၁၆၄/၇)နှင့် (၁၆၄/၈) ကြားတွင် ဇန်နဝါရီလ ၂၁ ရက်နေ့ မွန်းလွဲ ၁၂ နာရီအချိန်က နေအိမ်ခြံဝန်းအတွင်းရှိ ရေတွင်းထဲသို့ နွား(၁)ကောင် ပြုတ်ကျခဲ့သည်။

 

ရေတွင်းထဲသို့ ပြုတ်ကျခဲ့သည့် နွားကို ပေါင်မြို့နယ်မီးသတ်စခန်းမှ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များ၊ ဇင်းကျိုက် အရန်မီးသတ်စခန်းနှင့် ရင်းငြိမ်တောင်အရန်မီးသတ်စခန်းမှ အရန်မီးသတ်တပ်ဖွဲ့ဝင်များ၊ သက်ဆိုင်ရာအဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ ကယ်ဆယ်ရေးလုပ်ငန်းများ သွားရောက်ဆောင်ရွက်ခဲ့ရာ မွန်းလွဲ ၁ နာရီ ၄၅ မိနစ်၌ ကယ်ဆယ်နိုင်ခဲ့သည်။

 

#PeopleMedia #မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့

 

(unicode)


……………………………………………………….

 


 


 


 



Share this post