• Follow Us on
Latest News

Home ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်၏ နေအိမ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

ပေါင်မြို့နယ် စီမံအုပ်ချုပ်ရေးကောင်စီဝင်၏ နေအိမ် လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံရ

Share this post

ရန်ကုန်၊ အောက်တိုဘာ ၂၈ (People Media)

 

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ စီမံအုပ်ချုပ်ရေးကောင်စီဝင် ဦးကျော်လင်းဦး၏ နေအိမ်သည် ယနေ့ နံနက်ပိုင်းက လက်ပစ်ဗုံးဖြင့် ပစ်ခတ်ခံခဲ့ရပါတယ်။

 

ဦးကျော်လင်းဦးသည် မြို့နယ် ပြည်ခိုင်ဖြိုးပါတီ၏ ဥက္ကဋ္ဌတစ်ဦးဖြစ်သလို ၂၀၂၀ ရွေးကောက်ပွဲ၌ လွှတ် တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သူလည်း ဖြစ်ပါတယ်။

 

ဖြစ်စဉ်မှာ ယနေ နံနက် ၄ နာရီခွဲခန့်တွင် ပေါင်မြို့၊ ပေါင်းရပ်ကွက်၊ ဘုရားကြီးလမ်း၌ နေထိုင်သော ဦး ကျော်လင်းဦး၏ နေအိမ်ကို အမည်မသိ လူနှစ်ဦးက ဆိုင်ကယ်ဖြင့် လာရောက်ပြီး လက်ပစ်ဗုံးဖြင့် ပစ် ခတ်ခဲ့တာလည်း ဖြစ်ပါတယ်။

 

“မနက် ၄ နာရီလောက်မှာ ဖြစ်သွားတာပါ၊ အိမ်သားတချို့က အိမ်ခန်းထဲမှာရှိနေတာ ပစ်တဲ့ လက်ဗစ်ဗုံးက အခန်းထဲမရောက်ပဲ အိမ်ရှေ့မှာတင်ကွဲတာ လူထိခိုက်ဒဏ်ရာရရှိမှုမရှိပါဘူး” ဟု ပေါင်မြို့နယ်ရှိ ဒေသခံတစ်ဦး ကပြောပါတယ်။

 

အလားတူ ပြီးခဲ့သည့်ရက်ပိုင်းက ပေါင်မြို့နယ် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း YMBA အသင်း၏ နာယက ဖြစ်သူသည် လုပ်ကြံခြင်းခံခဲ့ရပါတယ်။

 

Photo – credit

 

#PeopleMedia #ပေါင်မြို့နယ်

 

(unicode)


……………………………………………………

 


 


 


 


 


 


 

Photo – credit

 



Share this post