• Follow Us on

Home ပေါင်မြို့နယ် သဲအိမ်ကျေးရွာရှိ KNU စခန်းမှ အဖွဲ့ဝင်များ ဖမ်းဆီးခံရ

ပေါင်မြို့နယ် သဲအိမ်ကျေးရွာရှိ KNU စခန်းမှ အဖွဲ့ဝင်များ ဖမ်းဆီးခံရ

Share this post

ပေါင်၊ သြဂုတ် ၁၄ (People Media)

 

မွန်ုပြည်နယ်၊ ပေါင်မြို့နယ်၊ သဲအိမ်ကျေးရွာရှိ KNU စခန်းငယ်တစ်ခုအား သြဂုတ်လ ၁၁ ရက် ညနေပိုင်းက တပ်မတော်က ဝင်ရောက်ဖမ်းဆီးခဲ့ပြီး ဖမ်းဆီးရမိသည့် လူတစ်ချို့ကို အမှုဖွင့် အရေးယူထားကြောင်း သိရ သည်။

 

အဆိုပါ စခန်းအတွင်းမှ လက်နက်ခဲယမ်း ဆက်စပ်ပစ္စည်းမျိုးစုံကိုလည်း သိမ်းဆည်းရမိခဲ့ပြီး၊ ဖမ်းဆီးရမိသူ ၁၅ ဦး ဝန်ကျင်ရှိနိုင်ကြောင်း သိရသည်။

 

ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့သူများကို အကြမ်းဖက်မှု ကာကွယ်တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀(က) ဖြင့် တရားလို ပြုလုပ်ပြီး ပေါင်မြို့နယ် တရားရုံးတွင် တရားစွဲဆိုထားခြင်းဖြစ်ကြောင်း သိရသည်။

 

Photo – Credit

 

#PeopleMedia #ပေါင်မြို့ #KNU #တပ်မတော်

 

(unicode)


………………………………………………………

 


 


 


 


 

Photo – Credit

 



Share this post